ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံးကြဲလေယာဉ်နဲ့ တိုက်လေယာဉ်အများအပြား ကျူးကျော်ဝင်ရောက်

တိုင်ပေ၊ ဇန်နဝါရီ-၂၄-၂၀၂၁
မျိုးဆက် (VOM)

တရုတ်ဗုံးကြဲလေယာဉ် ရှစ်စင်းနဲ့ တိုက်လေယာဉ်လေးစင်းတို့ဟာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်ရဲ့ အနောက်တောင်ဘက်ထောင့်သို့ ဇန်နဝါရီ ၂၃ ရက်မှာ ဝင်ရောက်ခဲ့ပြီး ကျူးကျော်လာမှုကို စောင့်ကြည့်ဖို့ ဒုံးပျံတွေဖြန့်ကြက်ခဲ့ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံဟာ မကြာသေးမီကလည်း ထိုင်ဝမ်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ပရာတက်ကျွန်းစုအကြားမှာ လေယာဉ်ပျံသန်းမှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ပြီး ကင်းထောက်လေယာဉ် တစ်စင်းသို့မဟုတ် နှစ်စင်းသာ ပါဝင်လေ့ရှိပါတယ်။

ဒါပေမယ့် ယခုတစ်ကြိမ်မှာတော့ တရုတ်တိုက်လေယာဉ်အများအပြား ထိုင်ဝမ်လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး နျူကလီးယားဗုံးတင်ဆောင်နိုင်တဲ့ အိပ်ချ်-၆ကေ ဗုံးကြဲလေယာဉ်ရှစ်စင်းနဲ့ ဂျေ-၁၆ တိုက်လေယာဉ်လေးစင်း စုဖွဲ့ပျံသန်းမှုဟာ ပုံမှန်မဟုတ်ဘူးလို့ ထိုင်ဝမ်စစ်ဘက်ကပြောပါတယ်။

ထိုင်ဝမ်စစ်ဘက်ဟာ တရုတ်လေယာဉ်တွေ ထွက်ခွာသွားဖို့ သတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးသူ တို့ကိုစောင့်ကြည့်ရန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ခဲ့ရကာ ဒီလိုလှုပ်ရှားမှုတွေအတွက် ဘယ်လိုတုံ့ပြန်သွားမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေကို သတိပေးပြောဆိုခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်အပေါ် ဒီလိုဖိအားပေးတာတွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပြီး အမေရိကန်အနေနဲ့ထိုင်ဝမ်ကျွန်းနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးထားရှိဖို့ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

Ref: CNA
Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW