နေပြည်တော်မှာစိုက်မယ်ဆိုတဲ့ မော်ကွန်းကျောက်တိုင်ကိစ္စ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တာမဟုတ်ကြောင်း ငြင်းဆို

ဇန်နဝါရီ၊၂၄၊၂၀၂၁
အေးချမ်းသူ(VOM)

နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေမှာ စိုက်ထူမယ့် တိုင်းပြုပြည်ပြုကျော က်တိုင်စိုက်ထူမယ့် ကိစွဟာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တာမဟုတ်ဘူးလို့ ပါတီဘက်က ငြင်းဆိုလိုက်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိဦးသိန်းထွန်းဦးက
“နေပြည်တော်မှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်တိုင်စိုက်ထူမဲ့ကိစွ သတင်းစကားတွေ
ကြားရတယ် ဒါနဲ့ပါတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တယ်ဆိုပြီး စွပ်စွဲလာတာရှိတယ် ကျနော်တို့ ပါတီအနေနဲ့ ဦးဆောင်တာမရှိပါဘူး” လို့ ပြောပါတယ်။

တိုင်းပြုပြည်ပြု မော်ကွန်းကျောက်စာတိုင်ကို ဇန်နဝါရီ ၂၈ရက်နေ့မှာ  အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ စိုက်ထူသွားဖို့ရှိတယ်လို့ YDPပါတီ တွဲဘက်အတွင်းရေးမှုး ဒေါ်မိုးမိုးခိုင်ကပြောပါတယ်။

“အစ်မတို့က ၂၈ရက်နေ့မှ Zerroမိုင်က စထွက်မှာ နေပြည်တော်မှာ အားလုံးပေါ့ လာပြီးဝန်းရံပေးကြမှာပါ” လို့ ဆိုထားပါတယ်။

YDPပါတီမ အတွင်းရေးမှုးမိုက်ကယ်ကျော်မြင့်ကတော့ တရားခံပြေးအမှုနဲ့ ရဲတပ်ဖွဲ့က လိုက်ဖမ်းနေပေမယ့် နေပြည်တော်က တိုင်းပြုပြည်ပြုမော်ကွန်း ကျောက်တိုင်စိုက်ထူပြီးမှသာ အဖမ်းခံမှာဖြစ်တယ်လို့ ပြောထားပါတယ်။

မိုက်ကယ်ကျော်မြင့်ကို ပြည်ခိုင်ဖြိုးပါတီကို ဝှက်ထားပေးတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကိုမေးကြည့်တော့

“ပြည်ခိုင်ဖြိုးပါတီက ဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှ ဆောင်ရွက်ခြင်းမရှိပါဘူး၊ ဒီလိုဘဲကျွန်တော်တို့ကို နိုင်ငံရေးအရ ဥပဒေလက်လွတ်စပယ်စွပ်စွဲနေတဲ့သူတွေကိုလည်းဘဲ မရမက ဖေါ်ထုတ်သွားပါ့မယ် ၊ ဖေါ်ထုတ်ပြီးတဲ့အခါမှာ ပြင်းထန်တဲ့ဥပဒေများနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်”လို့ ပြောပါတယ်။

တိုင်းပြုပြည်ပြုမော်ကွန်းကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေမှာ စိုက်ထူမယ့်သတင်းတွေပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ရက်ကတည်းက နေပြည်တော်ကောင်စီဟာ ပြည်ထောင်စုနယ်မြေဖြစ်တဲ့အတွက် နေပြည်တော်မှာ လူ ၃၀ ထက်ပိုပြီး စုဝေးရင် တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမည်လို့ ကြေညာခဲ့ပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။

#voiceofmyanmar #VOM #တိုင်းပြုပြည်ပြုမော်ကွန်းကျောက်တိုင်

Related posts

Leave a Comment

VOM News

FREE
VIEW