‌ညောင်နှစ်ပင် မွေးမြူရေးခြံမှာ ပိတ်လှောင်ခံခဲ့ရတဲ့ ရခိုင်စစ်ရှောင် အလုပ်သမား ၄ ဦးကို ပြန်ထုတ်နိုင်ပေမယ့် အမှုကိုရုပ်သိမ်းပေးဖို့မရှိ

ဇန်နဝါရီလ ၂၄-၂၀၂၁
သိင်္ဂီထွန်း(VOM)

လှည်းကူးက ညောင်နှစ်ပင် ဘဲမွေးမြူရေးခြံထဲမှာ အလုပ်လုပ်ရင်း ပိတ်ထားခံရတဲ့ ရခိုင်စစ်ရှောင် အလုပ်သမား ၄ ဦးကို ပြန်လည်ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အကူညီပေးသူတွေဆီကသိရပါတယ်။

မနေ့က ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းမှာ ပြန်လည်ခေါ်ဆောင်လာခဲ့တာဖြစ်ကြောင်း၊ အလုပ်သမားတွေဟာ မွေးမြူရေးခြံမှာ ညအချိန်ထိ အချိန်ပိုခိုင်းစေခြင်းခံရမှုကြောင့် ကျန်းမာရေးပိုင်းလည်း ထိခိုက်တာမျိုးရှိတယ်လို့ ဆိုပါတယ်။

“ကျနော့်ကိုမြို့နယ်မှူးကဖုန်းဆက်လာတယ်။အဲ့မှာဘာပြောလဲဆိုတော့ အဲ့မှာရှိတဲ့ အလုပ်သမား ၄ ယောက်ကိုငါလူမှုရေးအတိုင်းအတာနဲ့ ပြောလိုက်တယ်။ သွားခေါ်ပါတဲ့ပြောတယ်။ အဲ့ဒီတော့ညနေလောက်မှာ သွားခေါ်ကြတယ်။ ခု စစ်ရှောင်စခန်းကိုရောက်ပါပြီ။ သူတို့ကပင်ပန်းတယ်၊ မတရား ဖိအားပေးခိုင်းတော့ ၁၉ ရက်နေ့က ဆေးရုံတက်ပြီး ဆေးကုရတယ်ကြားတယ်၊ ကျန်းမာရေးသိပ်မကောင်းဘူး”လို့ ဦးအေးလိူင်က ပြောပြပါတယ်။

အဲ့ဒီ ဘဲမွေးမြူရေးခြံကနေ အလုပ်သမား ၄ ဦးလုံးကို ခေါ်ထုတ်နိုင်ခဲ့ပေမယ့် ၊ အလုပ်ရှင်ကို အမှုဖွင့်ထားမှုကိုတော့ ရုပ်သိမ်းပေးမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဥပဒေအထောက်အကူပြုဌာန)မှ ကိုအောင်သူ က””မနေ့ကအလုပ်ရှင်ပြောပြချက်တွေအရဆိုရင် အချိန်ပိုတွေခိုင်းထားတာတွေလည်းတွေ့ရပါတယ်၊နောက်ပြီးလုပ်ခလစာကလည်း အနည်းဆုံးလုပ်ခလစာအောက် လျော့နည်းတာတွေလည်းတွေ့ရတယ်၊ အလုပ်သမားတွေကို လုပ်ခလစာတော့ရှင်းပေးတယ် ဒါပေမယ့် ရသင့်ရထိုက်တာအပြည့်အဝရမရကိုတော့ကျွန်တော်တို့သေချာမပြောနိုင်သေးဘူး အလုပ်သမားတွေကို သေချာပြန်မေးကြည့်ရအုံးမယ်။”လို့ ပြောပြပါ တယ်။

ဒါကြောင့်အလုပ်သမားတွေအတွက် နစ်နာမှုကိုလည်း အလုပ်သမားဥပဒေအရဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ မှာ အဲ့ဒီ ဘဲမွေးမြူရေးခြံ အလုပ်ရှင်ကို သက်ဆိုင်ရာ ညောင်နှစ်ပင်(ဂ) နယ်မြေရဲစခန်းမှာ ပနံပါတ်(၂) ပုဒ်မ ၃၄၁၊ ၅၀၆ တို့နဲ့ အမှု ဖွင့် ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ညောင်နှစ်ပင် #VOM #ရခိုင်စစ်ရှောင်အလုပ်သမား

Related posts

Leave a Comment

VOM News

FREE
VIEW