မဲစာရင်းအငြင်းပွားမှု ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ယူဖို့ KPPပါတီနဲ့ SNDPပါတီတို့က အကြံပြုတောင်းဆို

ဇန်နဝါရီ ၂၆ -၂၀၂၁
အေးချမ်းသူ(VOM)

နိူင်ငံတော်အစိုးရအနေနဲ့ မဲစာရင်းကိစ္စ အငြင်းပွားနေတာတွေကို ဦးစားပေး အရေးယူဆောင်ရွက်ပြီးမှသာ လွှတ်တော်ခေါ်ယူရေးကိုဆောင်ရွက်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နဲ့ ကရင်ပြည်သူပါတီ(KPP)တို့က ဇန်နဝါရီ ၂၄ရက်မှာ သဘောထားချက်ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “ကျနော်တို့ သဘောထားက ထုတ်ပြန်ချက်ထဲကအတိုင်းပဲ အစိုးရအနေနဲ့ မဲစာရင်းအငြင်းပွားမှုကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ရမှာပါ”လို့ VOMကိုပြောပါတယ်။

ရွေးကောက်ပွဲပြီးလို့ မဲရလဒ်ကြေညာတဲ့အခါ မဲပေးနိူင်တဲ့ဦးရေထက သန်းချီပိုပြီးပေးထားတဲ့ မဲမသမာမှုတွေလို့ တိုင်ကြားထားတာတွေ များစွာရှိနေတဲ့အတွက် အဲ့ဒီကိစွရပ်တွေ ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေးကို ဆက်လက်ဆောင်ရွက်သင့်တယ်လို့ SNDPပါတီရဲ့ ဇန်နဝါရီ ၂၄ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကရင်ပြည်သူပါတီ(KPP)ကလည်း ဇန်နဝါရီ ၂၄ရက်နေ့က “တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ငြိမ်သော အနာဂတ်အတွက်လည်းကော
င်း၊ တည်ဆောက်ဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေရန်ရှေးရှုပြီး နိူင်ငံတော်အစိုးရအနေဖြင့် မဲစာရင်းအငြင်းပွားမှုတွေကိုဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူသင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြညသူ့ပါတီဥက္ကဋ္ဌ ပဒိုစောထွန်းအောင်မြင့်ကလည်း “ကျနော်တို့က အကြုံပြုတာ၊ အစိုးရကို အတိုက်အခံလုပ်တာမဟုတ်ဘူး။ ဘယ်အစိုးရတက်တက် ပူးပေါင်းသွားမှာ၊ ဒီမဲအငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းစေချင်တယ်လို့ အကြုံပြုထားတာပါ”လို့ ပြောပါတယ်။

တပ်မတော်ကထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ် မဲမသမာမှုစာရင်းတွေကို ပြည်သူတွေအနေနဲ့ သံသယရှင်းစေဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးစေလိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)ကလည်း ဇန်နဝါရီ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားတာလည်းရှိပါတယ်။

#voicofmyanmar #VOM #မဲစာရင်းပြဿနာ #ဖြေရှင်းပြီးမှ #လွှတ်တော်ခေါ်ဖို့ #KPPပါတီ #SNDPပါတီ #အကြံပြုတောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW