မန္တလေးမှာ ကိုဗစ်ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ အကုန်လုံးကိုထိုးပေးနိုင်ဖို့ ရည်ရွယ်ထား

မန္တလေး၊ ဇန်နဝါရီ ၂၇- ၂၀၂၁
ညီသစ်(VOM)
ကိုဗစ်ကာကွယ်ဆေးတွေကို တခြားနိုင်ငံကနေ စာချုပ်နဲ့ ဝယ်ယူရတာကြောင့် ဆေးရတဲ့ အရေအတွက်အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ ပြည်သူအကုန်လုံး ကာကွယ်ဆေးထိုးနိုင်အောင် ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မန္တလေးမြို့က ကူးစက်မှုနီးစပ်တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးကို ပြည်ထောင်စု အဆင့် က ၅ ရက်နေ့မှ ထိုးနှံမှာဖြစ်တဲ့အပြင် တိုင်းအစိုးရအဆင်ကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ မှာ တပြိုင်တည်း ထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီကနေ့မှာ ကိုဗစ်ကာကွယ်ဆေး ၁၇၄၁ ပုလင်း ရောက်ရှိပြီး တစ်ပုလင်းကို ဆယ်ဦးနှုန်းထိုးပေးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆင့်လိုက် ကျန်တဲ့သူတွေကို ထိုးပေးသွားမှာဖြစ်ပါတယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW