ဧရာဝတီမြစ်ထဲကနေ ဗုံးအလုံး ၃၀ တွေ့

ဇန်နဝါရီ ၂၇ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီမြစ်ကူး အင်းဝတံတားအောက်ဘက်မှာ ငါးဖမ်းနေတဲ့ ရေလုပ်သားတစ်ယောက်ဟာ မနေ့ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ရေထဲကနေ ဗုံးအလုံး ၃၀ ကို ငါးဖမ်းပိုက်နဲ့ ငြိပြီးပါလာတဲ့အတွက် သက်ဆိုင်ရာကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

” ရေလုပ်သား ကိုကံဦး ဆိုသူက သူ့ရဲ့ ငါးဖမ်းပိုက် ရေအောက်မှာ ငြိနေတာကြောင့် ဆင်းပြီး ဖယ်ရှားတဲ့အခါ ဗုံးအလုံး ၃၀ တွေ့ရတာဖြစ်တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အဲ့ဒီတွေ့ရှိရတဲ့ဗုံးတွေဟာ လုံးပတ် ၉ လက်မ အရှည် ၁၂ လက်မ အရွယ်အစား ဗုံးသီးတွေဖြစ်ပါတယ်။

” ဗုံးသီးတွေက အသက်ရှိတယ် မရှိဘူးဆိုတာ သက်ဆိုင်ရာ စစ်လက်နက်တပ်ရင်းကပဲ အဖြေသိတယ် ၊ စစ်ကျန် ဗုံးသီးတွေဖြစ်မယ်”လို့ စစ်ကိုင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဗိုလ်ကြီး အငြိမ်းစားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် တွေ့ရှိရတဲ့ ဗုံးသီးတွေကို စစ်ကိုင်းမြို့မရဲစခန်းက အမှတ် ၃၃ တပ်မကို လွဲပြောင်ပေးအပ်ဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

Photo – စစ်ကိုင်းမြို့မရဲစခန်း
#voiceofmyanmar #VOM #စစ်ကိုင်း #ဗုံးအလုံး၃၀တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW