လတ်တလောမြန်မာ့အရေးကို ကုလအကြီးအကဲ စိုးရိမ်၊ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့တိုက်တွန်း

နယူးယောက်၊ ဇန်နဝါရီ ၂၉-၂၀၂၁
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူတွေအနေနဲ့ သွေးထိုးလှုံ့ဆော်ဖို့စတဲ့ အပြုအမူတွေကို မလုပ်ကြဖို့နဲ့ ခေါင်းဆောင်မှုကို ပြသဖို့ ၊ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့နဲ့ နိုဝင်ဘာ ၈ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလက်ခံဖို့ ကုသလမဂ္ဂအကြီးအကဲ ဂူတာရက်စ်က တိုက်တွန်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တရားဝင်သတ်မှတ်ထားတဲ့ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကိုလည်း ကုလအကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်မှန်းလုပ်ဆောင်ချက်တွေကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံသွားမယ်လို့ ဂူတာရက်စ်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

Ref: UN Press Release
Photo: AFP
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW