သမ္မတ၊ အတိုင်ပင်ခံ၊ ကာချုပ်နဲ့ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ တို့ကို တရားစွဲတဲ့ ဦးဇော်ဝိတ်ရဲ့ ဒီကနေ့ ကြားနာပွဲအပေါ်အမြင်

မန္တလေး-ဇန်နဝါရီ ၂၉-၂၀၂၁ နေလင်း( VOM) မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာချွန်တော်တက်ပြီး တရားစွဲဆိုတဲ့ ကိစ္စ လက်ခံမခံကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်က Video conferencing စနစ်နဲ့ ကြားနာခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အခြေအနေကို သိနိုင်ဖို့ တိုင်ကြားထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM: ရှေ့နေကြီးဦးဇော်ဝိတ်ခင်မျာ ဒီကနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဆရာစွဲဆိုထားတဲ့ စာချွန်တော်အမှုကိစ္စ ကြားနာတော့ Video Conferencing လုပ်တယ်လို့သိရပါတယ် ဆရာတက်ရောက်ကြားနာခဲ့တဲ့ အကြောင်းအရင်ပြောပြပါ့လားဗျာ ဦးဇော်ဝိတ်: Video Conferencing က ကျနော်ကိုယ်တိုင်ကြားနာတာ။ ကျနော်ပဲ လျှောက်လဲချက်ပေးရတာလေ။ VOM:ဟုတ်ကဲ့ခင်ဗျ။ အဲ့အကြောင်းအရာကို ပြောပေးလို့ရမလားခင်ဗျ။ ဦးဇော်ဝိတ်:အဲ့ဒီအကြောင်းအရာက ကျနော်ပြောလို့မရဘူး။…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၉ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၉- ၁- ၂၀၂၁ (VOM) – နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ – အမျိုးသားလွှတ်တော် ကျင်းပမယ့်ရက်ရွှေ့ဆိုင်း – နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြခွင့်မရ -အမေရိကန်သံရုံးအပါအဝင်သံရုံး ၂၀ကျော်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက လက်ရှိအခင်းအကျင်းအပေါ်မေတ္တာရပ်ခံ – ပြည်အကျဉ်းထောင်က Negativeထွက်ထားတဲ့ အကျဉ်းသား ၁၈ ဦး ကိုဗစ်ပိုးတွေ့ – လူပေါင်း ၁ သိန်းကျော်ဆေးကုသခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲမယ် – ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၄ ဦးကို အရေးယူ – အောင်ဘာလေထီ ဈေးပိုရောင်းသူတွေကို ပါမစ်နဲ့ အာမခံငွေ သိမ်းဆည်းမယ် – မန္တလေးတိုင်း တရားလွှတ်တော်ရုံး ရှေ့မှာ လုံခြုံရေးတင်းကျပ်ထား – မှော်ဘီမြို့မဈေးက စည်ပင်ဥက္ကဋ္ဌကို ဈေးသည်တွေက ဆန္ဒပြ VOM…

Read More

တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲ လူပေါင်း ရာနဲ့ချီ ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းအနီး ၊ ကမ္ဘာအေဘုရားလမ်းပေါ်မှာ ဒီကနေ့နေ့လယ်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို လူပေါင်းရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “၂၀၁၅မှာလည်း ရွေးကောက်ပွဲလုပ်တာပဲ၊ လုပ်ခဲ့တဲ့အခြေအနေတစ်ရပ်အပေါ်မှာ စေတနာအမှား မှားတာကိုလက်ခံလို့ရတယ်၊ အခုလို ရည်ရွက်ချက်ရှိရှိနဲ့မှားတာကို လက်ခံလို့မရပါဘူး၊ ကျနော်ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒပြတာပါ”လို့ပြောပါတယ်။ ဆန္ဒပြသူတွေဟာ လူ၃၀ခန့်နဲ့ ဗဟန်းမြို့မရဲစခန်းမှာ ငြိမ်းစုစီတင်ထားပေမယ့် ဒီကနေ့ပြုလုပ်တဲ့ပွဲမှာတော့ လူပေါင်းရာနဲ့ချီပြီး ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြသူတွေဟာ “UECအလိုမရှိ၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဗဟန်းကြေးသွန်းဘုရာအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကနေ လက်ရှိအချိန်ထိ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြတာတွေ မကြာခဏပြုလုပ်လာတာကို တွေ့ရပြီး ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို ဦးဆောင်ဆန္ဒပြသူတွေကို ဖမ်းဆီးအမှုဖွင့်ထားတာတွေလည်း ရှိနေပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်…

Read More

မှော်ဘီမြို့မဈေးက စည်ပင်ဥက္ကဋ္ဌကို ဈေးသည်တွေက ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မြို့မဈေးကြီးက စည်ပင်ဥက္ကဋ္ဌဟာ ဈေးသူဈေးသားတွေအပေါ် အနိူင်ကျင့်အာဏာပြ ဒဏ်ငွေအကြိမ်ကြိမ်ရိုက်တယ်ဆိုပြီး ဒီကနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ မှော်ဘီမြို့မဈေးကြီးအတွင်းရှိ စည်ပင်ဥက္ကဌဒေါ်တင်ဌေးဝင်းဆိုသူက ဈေးသည်တွေကို အနိုင်ကျင့်ပြီး ဒဏ်ငွေရိုက်ခြင်း၊ တရားစွဲဆိုတာတွေပြုလုပ်ခဲ့တာကြောင့် စည်ပင်ဥက္ကဋ္ဌကို အသစ်ပြန်လည်ရွေးချယ်ပေးဖို့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ “ဈေးသည်တွေ ဈေးရောင်းရတာ အနိူင်ကျင့်သလိုဖြစ်နေတယ်၊ A မှာရှိတဲ့သူတွေက ၂ပေပဲရောင်းရတယ်၊ အခြားရုံတွေက ၄ပေ သို့မဟုတ် ၆ပေရောင်းရတယ်၊ မကျေနပ်လို့ပြောရင် စည်ကမ်းမလိုက်နာရင် ဒဏ်ရိုက်တယ် တရားစွဲတယ်။ ဒါကြောင့် ဥက္ကဋ္ဌကို ပြန်လည်ရွေးချယ်ပေးစေချင်တယ်”လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။ စည်ပင်ဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မေလက ဈေးသည် ၆ဦးခန့်ကို စည်းကမ်းမလိုက်နာလို့ ပုဒ်မ-၈၁၊ ပုဒ်မ-၈၆နဲ့ တရားစွဲဆိုခဲ့တာရှိတယ်လို့လည်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ မှော်ဘီမြို့မဈေးကြီးအတွင်း “စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်း အလိုမရှိ၊…

Read More

နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြခွင့်မရ

ဇန်နဝါရီ ၂၉ -၂၀၂၁ ကိုထွန်း(VOM) နေပြည်တော်မှာတော့ အင်အားပြလှည့်လည်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံသူတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို သွားရောက်ဆန္ဒပြကန့်ကွက်တာမဟုတ်ဘဲ UECဥက္ကဋ္ဌအိမ်ရှေ့ကို အဓိကသွားရောက်ကန့်ကွက်ဆန္ဒပြလိုတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို UEC အိမ်ရှေ့သွားတဲ့လမ်းကို ဝင်ခွင့်မရတဲ့အတွက် ၄၉အဝိုင်းကို ဆယ်ပတ်ခန့်ပတ်ပြီး မြို့မဈေး၊ သပြေကုန်းဈေးတွေကိုပဲ လှည့်လည်ခဲ့ကြရတယ်လို့ လှည့်လည်ရာမှာ ဝန်းရံသူလို့မိတ်ဆက်သူ မချိုကပြောပါတယ်။ နေပြည်တော်ကို သွားတဲ့ကားတွေ ပိတ်လိုက်ပါပြီ။ ရန်ကုန်အောက်က တက်တဲ့ကားတွေ ၁၁၅ မိုင်က လှည့်ပြန်ရပါတယ်။ အထက်မန္တလေးကလာတဲ့ကားတွေ တောင်ညို ၂၂၀မိုင်ကို ကျော်လို့ မရတော့ပါဘူး ပြန်ပြီး လှည့်ရပါတယ်လို့ ခရီးသွားအချို့ကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကစပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုသွားတဲ့ ရာဇဌာနီ (၂)လမ်း၊ ရုံးအမှတ် (၂၃)အဝိုင်းက စတင်ပြီး နေရာ ၃ ခုကို လုံခြုံရေးတင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲမသမာမှုဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အပေါ်ကို…

Read More

နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ

ဇန်နဝါရီ ၂၉ -၂၀၂၁ Voice of Myanmar နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီနေ့ ဇန်နဝါရီလ ၂၉ရက်နေ့အတွက် ရာဇဝတ်ဆိုင်ရာအမှုတွေ၊ တရားမဆိုင်ရာအမှုတွေနဲ့ စာချွန်တော်ဆိုင်ရာအမှုတွေ စီရင်ချမှတ်တာ မရှိဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ကြေညာထားပါတယ်။ နိုင်ငံတော်သမ္မတအပါအဝင် ၄ဦးနဲ့ UEC ဥက္ကဋ္ဌအပါအဝင် ၁၅ဦးတို့ကို Video conferencing နဲ့ အမှုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အခုလအစောပိုင်းက ကြိုတင်သတိပေး အမှုခေါ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ဦးကို မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်က စာချွန်တော်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ၁၅ဦးကိုတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က စာချွန်တော်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ သမ္မတနဲ့ UEC ဥက္ကဋ္ဌတို့ကို အမှုကြားနာမယ့် ဒီနေ့မှာပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနီးမှာ လှည့်လည်အင်အားပြနေကြတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း…

Read More

ပြည်အကျဉ်းထောင်က Negativeထွက်ထားတဲ့ အကျဉ်းသား ၁၈ ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၉ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့အကျဉ်းထောင်က Negative ထွက်ပြီးသား အကျဉ်းသားတွေထဲက ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်ပြီး၊ သူတို့ဟာ ပထမအကြိမ် ဆေးစစ်မှုမှာ Negative ထွက်ရှိထားတာဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်အကျေဉ်းထောင်က ပထမပိုးတွေ့တဲ့အသုတ်က Test Kitနဲ့စစ်တာ။ အဲ့ဒါကို ဒုတိယအသုတ် ရန်ကုန်ကိုပို့ပြီးစစ်တော့ positive ထွက်တာပါ”လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။ ဒါကြောင့် ပြည်အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အကျဉ်းသား ၃၉ ဦးရှိနေပြီး ကိုဗစ်ကူးစက်ခံရတဲ့ အကျဉ်းထောင်ဝန်ထမ်း ၄၀ ဦး ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့တဲ့…

Read More

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အမျိုးသားတွေ သုတ်ပိုးနဲ့ မျိုးဆက်ပွားကျန်းမာရေး ထိခိုက်နိုင်

လန်ဒန်၊ ဇန်နဝါရီ ၂၉-၂၀၂၁ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါဟာ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအသွေးနဲ့ မျိုးပွားမှုနှုန်းကို ပျက်စီးစေကြောင်း စမ်းသပ်မှုသက်သေအထောက်အထားတွေအပေါ်အခြေခံတဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ လူသန်းပေါင်း ၂ ဒသမ၂ သန်းနီးပါး သေဆုံးစေခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ သုတ်ပိုးဆဲလ်သေဆုံးမှုမြင့်တက်ခြင်း၊ ယောင်ယမ်းခြင်းနဲ့ အောက်စီဂျင်ဓါတ်တိုးမှုအပေါ် ဖိစီးမှုများဖြစ်ပေါ်စေနိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက် ထုတ် Journal Reproduction မှာ သုတေသီတွေက ပြောပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားတွေရဲ့ မျိုးပွားစနစ်ကိုပစ်မှတ်ထား ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ပထမဆုံး တိုက်ရိုက်စမ်းသပ်ခဲ့တဲ့ သက်သေအထောက်အထားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးပြသနာရှိသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ သန်း ၁၀၀…

Read More

လူပေါင်း ၁သိန်းကျော်ဆေးကုသခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲမယ်

ဇန်နဝါရီ ၂၉ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာလုံးကျောင်းရှိ မရှိနွမ်းပါး လူနာပေါင်း ၁ သိန်းကျော်နဲ့ ပိတ်ရက်မရှိ အခမဲ့ဆေးဝါးကုသမှုပေးနေတဲ့ အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီကုသိုလ်ဖြစ်ဆေးခန်းကို မရှိနွမ်းပါးသူတွေ အခမဲ့ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်း လောကာဓိပတိ(ကမ္ဘာလုံးကျောင်း) ဦးဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဌက “အဓိကက မရှိနွမ်းပါးတဲ့သူတွေ ကောင်းကောင်းမွန်မွန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကုသိုလ်ဖြစ်ဆေးရုံကြီးတစ်ခုဖြစ်ဖို့ စီစဉ်နေတယ်”လို့ မိန့်ကြားပါတယ်။ ဆေးရုံအဖြစ်ပြောင်းလဲဖွင့်လှစ်ဖို့ လုံလောက်တဲ့ အခန်းဖွဲ့စည်းပုံ၊ ပရိဘောဂ၊ ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုတွေ အလုံအလောက်ရှိပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာကို တင်ပြလျှောက်ဖို့ ကျန်တော့တယ်လို့ သိရပါတယ်။ ” အပြင်ဆေးခန်းမှာ ဆေးဝါးကုသစရိတ် ကြီးမားတယ်၊ ဆေးဖိုးဝါးခတွေက အပြင်ဆေးခန်းမှာ ၇…

Read More

ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို အရေးယူ

ဇန်နဝါရီ ၂၉ -၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့မှာ တပ်မတော်ထောက်ခံပွဲဦးဆောင်ပြုလုပ်ခဲ့သူ ၄ဦးကို မနေ့ ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅နဲ့ အရေးယူထားတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ “ခွင့်ပြုမိန့်တင်ထားပေမယ့် လူစုလူဝေးပုံစံမျိုးဖြစ်သွားတယ်၊ ဒါဟာ ဥပဒေနဲ့ မညီဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်မယ့်အခြေအနေ ဖြစ်နိုင်တာကို သိလျက်နဲ့ကျူးလွန်တယ်။ အဲ့ဒီအတွက် အရေးယူတာပါ”လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ၂၅ရက်နေ့ မနက်ပိုင်းက ဟစ်တိုင်ကွင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ ပြည့်သူဆန္ဒဖော်ထုတ်ပွဲကို လူ ၃၀၀နီးပါးစုဝေးခဲ့ပြီး အဲ့ဒီပွဲမှာ ပုသိမ်မြို့နဲ့ ကျောင်းကုန်း၊ ကန်ကြီးထောင့်စတဲ့မြို့နယ်တွေကအပြင် ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး ပုသိမ်မြို့က ၃ဦးနဲ့ ချောင်းသာမြို့ကတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးကပြောပါတယ်။ တပ်ထောက်ခံပွဲဟာ လူ၂၈ဦးနဲ့ခွင့်ပြုမိန့်တင်ခဲ့ပေမယ့် Stay At Home သတ်မှတ်ထားတဲ့ပုသိမ်မှာ အခုလို လူစုလူဝေးပြုလုပ်တာကြောင့် ကိုဗစ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ အရေးယူရတာဖြစ်တယ်လို့လည်း…

Read More
VOM News

FREE
VIEW