သမ္မတ၊ အတိုင်ပင်ခံ၊ ကာချုပ်နဲ့ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ တို့ကို တရားစွဲတဲ့ ဦးဇော်ဝိတ်ရဲ့ ဒီကနေ့ ကြားနာပွဲအပေါ်အမြင်

မန္တလေး-ဇန်နဝါရီ ၂၉-၂၀၂၁
နေလင်း( VOM)

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာချွန်တော်တက်ပြီး တရားစွဲဆိုတဲ့ ကိစ္စ လက်ခံမခံကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်က Video conferencing စနစ်နဲ့ ကြားနာခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အခြေအနေကို သိနိုင်ဖို့ တိုင်ကြားထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

VOM: ရှေ့နေကြီးဦးဇော်ဝိတ်ခင်မျာ ဒီကနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဆရာစွဲဆိုထားတဲ့ စာချွန်တော်အမှုကိစ္စ ကြားနာတော့ Video Conferencing လုပ်တယ်လို့သိရပါတယ် ဆရာတက်ရောက်ကြားနာခဲ့တဲ့ အကြောင်းအရင်ပြောပြပါ့လားဗျာ

ဦးဇော်ဝိတ်: Video Conferencing က ကျနော်ကိုယ်တိုင်ကြားနာတာ။ ကျနော်ပဲ လျှောက်လဲချက်ပေးရတာလေ။

VOM:ဟုတ်ကဲ့ခင်ဗျ။ အဲ့အကြောင်းအရာကို ပြောပေးလို့ရမလားခင်ဗျ။

ဦးဇော်ဝိတ်:အဲ့ဒီအကြောင်းအရာက ကျနော်ပြောလို့မရဘူး။ စစ်ဆေးနေဆဲဟာမလို့ ပြောလို့မရဘူး။ အမှုဖြစ်အကြောင်းအရာ Giz လေးပဲ ကျနော်ပေးနိုင်ပါတယ်။

VOM:ဆရာ တရားစဆွဲတဲ့အကြောင်းလေး အရင် ရှင်းပြပေးပါခင်ဗျ။

ဦးဇော်ဝိတ်: ဘာလဲဆိုတော့ သူတို့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အုပ်ချုပ်နေတဲ့ အတောအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ချိုးဖောက်နေတယ်လို့ ကျနော်ထင်တဲ့ အကြောင်းအရာတွေ။ အဲ့ဒါတွေကို ကျနော်က အာဏာပိုင်မေးစာချွန်တော် တက်ပြီးတော့ အခုတင်ပြတဲ့အချက်အလက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီ၊ ကိုက်ညီခြင်းရှိမရှိ၊ ကျော်လွန်ခြင်းရှိမရှိ ဒါကို စိစစ်ပေးပါလို့ ကျနော်တင်လိုက်တာ။

VOM:ဟုတ်ကဲ့။ အဲ့တော့ဒီကြားနာရတဲ့အပေါ် တကယ်ကို open court ဖြစ်ရဲ့လား။ ဘယ်လိုအတွေ့အကြုံရှိလား ပြောပြပေးပါ့လား

ဦးဇော်ဝိတ်:အဲ့ဒါကကျ Video Conferencing ဖြစ်တဲ့အပေါ်မှာ ကျနော်တို့က ပြောဖို့ခက်တယ်ဗျ။

VOM: ကြားနာရတာ ကျေနပ်အားရမှုရှိလားဗျ

ဦးဇော်ဝိတ်:ပြောရရင်တော့ ကျနော်က နေရာတောင် ရွှေ့ပေးလိုက်ရသေးတယ်။ ကျနော့်နေရာက ကားဂိုဒေါင်ထဲဖြစ်လို့ပါဆိုပြီး ကျနော် အခန်းရွှေ့ပေးရတာပေါ့နော်။ အဲ့ဒါတော့ သူတို့ပြောတာ လုပ်ပေးလိုက်ပါတယ်။ နောက်တခုက ကျနော်တို့က ကြားနာနေတဲ့အချိန်မှာ မီးပြတ်သွားသေးတယ်။ မီးပြတ်သွားတော့ကျ ကျနော် မနည်းပြန်ပြီးတော့မှ wifi မရတော့လို့ ကျနော်ဖုန်းနဲ့ ပြန်ပြီး ဆက်လုပ်ယူရတယ်။ အဲ့လိုလေးတော့ ကျနော်တို့ အခက်အခဲရှိခဲ့တာပေါ့။

VOM:လက်ခံမခံကို သူတို့ဘယ်တော့ ဆုံးဖြတ်မယ်လို့ ပြောလဲဗျ။

ဦးဇော်ဝိတ်:အဲ့ဒါလည်း သူတို့ ပြောလို့မရသေးဘူး။ ခု သူတို့ court list ထွက်လာပြီ။ ဆုံးဖြတ်ဖို့ သီးသန့်ထားတယ်ဆိုတာ။ ဒါကတော့ ကျနော်တို့ ဒါက procedure အရ၊ လုပ်ထုံးလုပ်နည်းအရ အမှန်ပဲ။ ကျနော်အရင် စာချွန်တော်တွေတက်တဲ့ အမှုတိုင်း အမှုတိုင်း မှာလည်း ဒီပြင့် တရားမပြင်ဆင်တို့၊ တရားမအယူခံတို့နဲ့တော့ မတူဘူး။ အဲ့ဒီဟာတွေကတော့ တချို့က နေ့ချင်းဆုံးဖြတ်တာတွေရှိတယ်။ လက်ခံမယ် လက်မခံဘူးဆိုပြီးတော့။ လက်ခံရင် လက်ခံတယ်၊ ပယ်ရင်ပယ်တယ်ဆိုပြီးတော့ပေါ့နော်။ ကျနော်တို့ စာချွန်တော်မှာတော့ မဟုတ်ဘူး။ သူက ဒါကို ပြန်ပြီးတော့ သေချာစဉ်းစားရတယ်။ ဥပဒေအချက်အလက်တွေ ညီတာတွေမညီတာတွေ အဲ့ဒါတွေ စဉ်းစားပြီးတော့မှ သူတို့ သုံးပါးညှိပြီးတော့မှာ ဒါ သေချာဆုံးဖြတ်ရမယ့်ကိစ္စ။

VOM: ဆရာစွဲဆိုတာ အဓိကဘယ်သူတွေကို စွဲဆိုချင်တာလဲဗျ

ဦးဇော်ဝိတ်:သမ္မတရယ်၊ နိုင်ငံတော်အတိုင်ပင်ခံရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ခြေဥခုံရုံးရယ်ပါ။

VOM:ဒီလိုအဆင့်မြင့်သူတွေကိုစွဲတဲ့ တရားစီရင်ရေးက ကျနော်တို့ ဒီမိုကရေစီနိုင်ငံအတွက် ဇာတ်လမ်းအစလို့ ပြောလို့ရလား၊ အရင်တုန်းက သာဓကတွေရော ဒါမျိုး ရှိခဲ့လားဗျ။

ဦးဇော်ဝိတ်:အရင်ကတော့ မရှိခဲ့ဘူး။ ဒါပေမယ့် ကျနော့်အမြင် ကျနော်က ဥပဒေသမားလေ။ အဲ့တော့ ကျနော့်အကြောင်းလည်း ခင်ဗျားတို့သိတာပဲ။ ကျနော်တို့က ဥပဒေချိုးဖောက်လာတာမြင်ရင် တားဆီးရမယ့်တာဝန်က ဥပဒေသမားတိုင်းမှာ တာဝန်ရှိတယ်လေ။ ဒါက နိုင်ငံအတွက် ကျနော်တို့ လုပ်တာလေ။ ဘယ်သူ့အတွက်မှ ကျ‌နော်မလုပ်ဘူး။ တိုင်းပြည်နဲ့လူမျိုး။ ဒီအထက်ပိုင်း နိုင်ငံအကြီးအကဲတွေ ကိုယ်တိုင်က ဥပဒေချိုးဖောက်မှုတွေ ရှိလာမယ်လို့ မြင်လာရင် ပြည်သူတယောက်အနေနဲ့ ဒီမိုကရေစီအရ ကျနော်တို့က တင်ပြရမှာပဲလေ။ ဒါမှ တိုင်းပြည်အတွက်ကို ဥပဒေလေးစားလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုဆိုတာ ပေါ်လာမှာ။

VOM:ဆရာ ဒါပုဂ္ဂိလ်ရေးအရလား၊ ပါတီတို့ အဖွဲ့အစည်းတို့ နောက်ခံနဲ့များလုပ်တာလား။
ဦးဇော်ဝိတ်:ဘာမှမပတ်သက်ဘူး။ ကျနော်က ဥပဒေသမားတယောက်၊ ဥပဒေအမြင်ရှုထောင့်ကနေ တရားစွဲတာပဲ။ ဘယ်ဘက်ဂယောင်းမှမပါပါဘူး

VOM: ခုလို ပြည်ထောင်စုတရားလွှတ်တော်က ကြားနာပေးတဲ့ကိစ္စတွေ အကုန်လုံးခြုံလိုက်ရင် မျှတမယ်လို့ ထင်လား။ ဆရာဘယ်လို ယုံကြည်ထားလဲ

ဦးဇော်ဝိတ်:ဒါကတော့ သူတို့ ဆုံးဖြတ်ပြီးမှပဲ ကျနော်တို့က ပြောလို့ရမယ်လေဗျာ။ မျှတခြင်း မမျှတခြင်းဆိုတာလေ။ သူတို့အပေါ်မှာပဲ မူတည်တယ်လေ နော်။

#VOICEOFMYANMAR #VOM #ဦးဇော်ဝိတ် #ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး #စာချွန်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW