ဇန်နဝါရီ ၁၃-၂၀၂၁ ကောင်းလက်ျာ(VOM) NLDပါတီ ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအဖွဲ့လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အဂတိမှုနဲ့အရေးယူဆောင်ရွက်ခဲ့သော နိုင်ငံရေးရာထူးအမှု ၂ မှုသာရှိတယ်လို့ ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပြပါတယ်။ ” တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်ပါ။ ရန်ကုန်က အောင်ရဲထွေးအမှုက ဦးဟန်ထူးနဲ့ တနင်္သာရီက ဒေါက်တာဒေါ်လဲ့လဲ့မော်တို့ပါ။ အဆင့်မြင့်အရာရှိတွေလည်း ပါတယ်ဆိုပေမယ့် နိုင်ငံရေးရာထူးနဲ့ကတော့ နှစ်ဦးပဲ ရှိခဲ့ပါတယ်”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးအောင်ကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုမှု (၁၅၇) မှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က နောက်ဆုံးအမှုဖွင့်အရေးယူခံရသူဟာ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအထွေထွေမန်နေဂျာ ဦးစိုးပိုင်ဖြစ်တယ်လို့ သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သက်တမ်းသုံးနှစ်အတွင်း အမှုဖွင့်ခံရသူတွေဟာ၂၀၁၈ခုနှစ်မှာ ၄၆…
Read MoreMonth: January 2021
တရုတ်သတ္တုတွင်းမှာ ပိတ်မိနေတဲ့အလုပ်သမား ၂၂ ဦးကို နှစ်ရက်ကြာချိန်ထိ မကယ်တင်နိုင်သေး
ပေကျင်း၊ ဇန်နဝါရီ ၁၃-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဆောက်လုပ်ဆဲရွှေတွင်းတစ်ခု ပေါက်ပွဲမှုဖြစ်ပွားပြီးနောက် နှစ်ရက်ကြာချိန်ထိ ပိတ်မိနေတဲ့ အလုပ်သားမား ၂၂ ဦးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရုန်းကန်နေရပြီး မတော်ဆမှုဖြစ်ပွားပြီးနောက် နာရီ ၃၀ ကြာမြင့်ချိန်မှ သိရှိရတဲ့အပေါ် နိုင်ငံပိုင် သတင်းဌာနက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပေါက်ကွဲမှုကြောင့် သတ္တုတွင်းရဲ့ ဆက်သွယ်ရေးစနစ်ပျက်စီးသွားတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဆက်သွယ်လို့မရသေးဘူးလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ အဲ့ဒီပေါက်ကွဲမှုဟာ ဇန်နဝါရီ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ရှန်ဒေါင်းပြည်နယ်၊ ယန်တိုင်မြို့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကီဇီယာရှိ ဟူရှန်သတ္တုတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ ၈ နာရီ နာရီ ၃၀ အကြာမှ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကျောက်မီးသွေး…
Read Moreကိုဗစ်ကာလ ထိုင်းရောက် မြန်မာအချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ
ဇန်နဝါရီ ၁၃-၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ဟာ ကိုဗစ်ကာလ Passport( နိုင်ငံကူးလက်မှတ်) သက်တမ်းတိုးဖို့ နဲ့ CI (လုပ်ငန်းခွင်ကျွမ်းကျင်မှုလက်မှတ်)သက်တမ်းတိုးရမယ့် လုပ်သားအချို့ အခက်အခဲကြုံနေရတယ်လို့မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေပြောပြချက်အရ သိရပါတယ်။ ” ဗီဇာသက်တမ်းနှစ်နှစ်ကလည်း ပြည့်ခါနီးတဲ့အပြင် CI သက်တမ်းက ခြောက်လလောက်ကျန်ပေမယ့် တစ်ပြိုင်နက် တိုးရမယ့်အနေအထားဆို နည်းနည်းခက်သွားတယ်။ ဆခုန်ပကန် မလုပ်ထားသူဆို ကိုဗစ်စစ်ဆေးခ ထပ်ပေးရမယ်ဆိုတဲ့အခါ ဘက်ကိုးထောင်ကျော်ကုန်ပြီ။ ကျွန်တော်တို့က တာဝန်ရှိသူတွေကို ညှိနိုင်းဖြေရှင်းပေးဖို့ အော်ရုံပဲ တတ်နိုင်တယ်”လို့ အလုပ်သမားအခွင့်ရေးကွန်ရက် MWRN ဒါရိုက်တာဦးစိန်ဌေးက ပြောပြပါတယ်။ ဗီဇာသက်တမ်းရှိတဲ့ အလုပ်သမားတစ်ဦးဟာ အရင်က CI သက်တမ်း တိုးမယ်ဆိုရင် ကိုဗစ်စစ်ဆေးခ မပါတဲ့အတွက် ဘက်သုံးထောင်လောက် သက်သာပြီး လက်ရှိအနေထားကတော့ အထောက်အထားမဲ့သူတွေအတွက် အဆင်ပြေနေတယ်လို့ဆိုရမှာဖြစ်ပေမယ့် ကုန်ကျငွေဟာ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၃၅၀၀၀၀ နီးပါးရှိနေတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့က ပြောပါတယ်။ ”…
Read Moreရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ
ဇန်နဝါရီ ၁၃ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်က နောက်ဆုံးခေါ်ရမယ့် လွှတ်တော်အစည်းအဝေးကို ခေါ်ယူမှုမရှိသလို မွေးခွန်းတွေကိုလည်း စာရွက်နဲ့ပြန်လည်ဖြေကြားတာတွေမရှိတဲ့အတွက် ပြည်သူအတွက် ဘာအကြောင်းမှမထူးဘဲ နစ်နာချက်သက်သက်ဖြစ်သွားရတယ်လို့ မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက VOM ကိုပြောပါတယ် ။ “ ကျွန်တော်တို့တင်ထားတဲ့မေးခွန်းတွေကို ပြန်ဖြေပေးတာမရှိဘူး။ အားလုံးက ကိုဗစ်စဖြစ်ကတည်းက လွှတ်တော်ရပ်နေတာဆိုတော့ ရပ်သွားပြီ ။ မေးခွန်းတွေ အဆိုတွေ တင်ထားတာတွေက ရှိသေးတယ် ။ လွှတ်တော်ခေါ်ရင်တောင် ခေါ်တဲ့တစ်ချိန်က ပြီးသွားမှာမဟုတ်ဘူး ရှိနေအုံးမယ်။ အဓိက မေးခွန်းကတော့ တကယ်လို့ ဖြေမယ်ဆိုရင် စာနဲ့ ပြန်ပြီး ဖြေလို့ရမယ်၊ ဒါပေမယ့် မဖြေဘူး။ ဒီမတိုင်ခင်က စာနဲ့ ဖြေပေးတယ်။ နောက်ပိုင်းကျတော့ လုံးဝမဖြေပေးတော့ဘူး။ မေးခွန်းမေးတယ် အဆိုတင်တယ်ဆိုတာက ပြည်သူအတွက်မေးတာ၊ အခုက ဒါတွေ ကို ဆွေးနွေးခွင့်မရတော့ဘူးဆိုတော့ ပြည်သူလူထုအတွက်…
Read Moreအလောင်းတော်ကဿပ ဘုရားဖူးကာ တောင်အဆင်းမှာ တိမ်းမှောက်လို့ လူ ၂ ဦးသေ ၁၅ ယောက် ဒဏ်ရာရ
ဇန်နဝါရီ ၁၃ – ၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ကပိုင်ကျေးရွာရဲ့အနောက်ဘက် ထိုးတောင်ကွေ့အနီးမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီက အလောင်းတော်ကဿပ ဘုရားဖူး အဆင်းကားတစ်စီး ဘရိတ်ပေါက်ပြီး ကွန်ကရက်လမ်းပေါ် တိမ်းမှောက်ခဲ့ပါတယ်။ တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေဆုံးပြီး ၁၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ” ဘုရားဖူးရာသီရောက်တာတော့ ဟုတ်တယ် ၊ ကိုဗစ်ကြောင့် ဖွင့်ခွင့်မပြုသေးဘူး ၊ အခုမှောက်တဲ့ ဘုရားဖူးကားက ဘုတလင်မြို့နယ် နတ်ရွာကလို့ သိရတယ်၊ Skat အမျိုးအစား အပြာရောင် ၆ ဘီး ယာဉ်ဖြစ်တယ်၊ ယာဉ်မောင်းသူက နေရာမှာတင်သေဆုံးပြီး ၃ ယောက်ကတော့ အထူးစိုးရိမ်ရတယ် ၊ စိုးရိမ်ရ…
Read Moreလှိုင်းဘွဲမြို့နယ်က အရွယ်မရောက်သူ အဓမ္မပြုကျင့်တဲ့အမှု အထက်ဌာနကို တိုင်ကြားမယ်
ဇန်နဝါရီ ၁၃-၂၀၂၁ ခွန်ခန့်သူ(VOM) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ အရွယ်မရောက်သူ အဓမ္မပြုကျင့်တဲ့အမှုကို အထက်ဌာနထိ ဆက်လက်တင်ပြတိုင်ကြားသွားမယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံနယ်မြေရဲစခန်းက အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့သူ မောင်ဝင်း (အသက် ၁၈ နှစ် ၁ လ)ကို အရွယ်ရောက်ပြီးသူအဖြစ် အမှုဖွင့်လှစ်ခဲ့ရာက အသက်မပြည့်တဲ့ လူငယ်အနေနဲ့ အမှုပြောင်းလဲဖွင့်လှစ်ခဲ့တဲ့အပေါ် မိခင်ဖြစ်သူက မနေ့ ဇန်နဝါရီ ၁၂ရက်နေ့ တရားရုံးချိန်းအပြီးမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ထီလုံကျေးရွာမှာ ၂၀၂၀ခုနှစ်၊ ဧပြီ ၁၄ ရက် မနက်ပိုင်းက အသက် ၈ နှစ်အရွယ် ၃ တန်းကျောင်းသူဟာ ကျေးရွာအနီး လယ်ကွင်းမှာ ဆိတ်ကျောင်းနေရင်း ထန်းပင်အောက်နားနေချိန် တစ်ရွာတည်းနေ အိမ်နီးချင်းဖြစ်သူ မောင်းဝင် (ခ) စတီးရား(အသက် ၁၈ နှစ် ၁ လ)က နွားကျောင်းနေရာကို ရောက်ရှိလာပြီး…
Read Moreတောင်ကြီးမြို့မှာ လူအားလုံး ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ်
ဇန်နဝါရီ ၁၃-၂၀၂၁ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ လူတစ်ဦးကို ငွေကျပ် ၁၅၀၀၀နူန်းနဲ့ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ တောင်ကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ “အခုလက်ရှိ အစိုးရအဖွဲ့က လမ်းညွှန်ပြီးတော့ ကျွန်တော်တို့ အကြမ်းဖျင်းစီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေဖြစ်ပါတယ်၊ ကျွန်တော်တို့က အများစစ်မယ့် နေရာကတော့ အစိုးရအဖွဲ့ရုံးအဟောင်း ၊ ယခင်တုန်းကတော့ ခရိုင်ကော်မရှင် ရုံးသုံးခဲ့တဲ့နေရာပေါ့၊ အဲ့ဒီနေရာကို စစ်ဆေးရေးဌာနအဖြစ်သတ်မှတ်ပြီး ပြင်ဆင်မှုတွေလုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ထားပါတယ်၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စနိုင်အောင်လို့ ရည်မှန်းပြီး ပြင်ဆင်နေပါတယ်၊ ကျွန်တော်တို့ကတော့ အလွန်ဆုံး တစ်ရက်ကို အယောက် ၁၅၀ စစ်ပေးနိုင်ဖို့ လက်ရှိမှာ ချိန်ထားပါတယ်၊ လူ ၁၅၀ ကို လူစူလူဝေးမဖြစ်ပဲ စစ်ပေးနိုင်အောင် စီစဉ်နေပါတယ်၊ အထဲမှာ လူ အယောက် ၁၅၀ ပြည့်ပြီဆိုရင်တော့ ကျွန်တော်တို့ တံခါးပိတ်ထားလိုက်မှာပေါ့၊ နောက်နေ့ကျမှပဲ ကျန်တဲ့အဖွဲ့ကို ဆက်စစ်ပေးမှာပေါ့၊ အထဲကို…
Read Moreခြံစည်းရိုးခတ်ရာကနေ ခိုက်ရန်ဖြစ်ပွားလို့ လူ ၂ ယောက်သေဆုံး ၅ ယောက် ဒဏ်ရာရ
မုံရွာ-ဇန်နဝါရီ ၁၂ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊ နယ်မြေ ၆ ၊ မြို့ပတ်လမ်း ဆွမ်းအုပ်အဝိုင်း မြောက်ဘက်အနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ခင်း ၂ နာရီက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားလို့ လူသေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ မုံရွာနယ်မြေရဲစခန်းက သိရပါတယ်။ ” ခြံစည်းရိုးခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၂ ဖက်စကားများ ရန်ဖြစ်တာကနေ အပြန်အလှန် လေးခွနဲ့ပစ် ဓားနဲ့ခုတ်ကြတာဖြစ်တယ်၊ ဓားခုတ်ခံရတဲ့ လူနာ ၂ ယောက်က သတိမရသေးဘူး “လို့ မုံရွာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ ဒါပေမယ့်အဲ့ဒီ လူနာ ၇ ယောက်အနက်က သတိမရသူ အသက် ၁၇ နှစ်အရွယ် ကျော်ဇင်ဝင်းနဲ့ အသက်ကို ၃၃နှစ်အရွယ်မိုးဆွေဆိုသူဟာ မုံရွာဆေးရုံကြီးပေါ်မှာ ဆေးကုသနေစဥ်…
Read Moreစစ်ကိုင်းတိုင်းမှာ ၂၀၂၀အတွင်း ကျပ်သိန်း ၇ ထောင်ကျော်ဖိုး မီးလောင်ဆုံးရှုံး
ဇန်နဝါရီ ၁၂ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ တစ်နှစ်တာကာလအတွင်း မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၇ ထောင်ကျော်အထိ ဆုံးရှုံးမှုရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ပြီးခဲ့တဲ့ ၂၀၂၀ မှာ မီးလောင်တဲ့ဖြစ်စဉ်အကြီမ်ရေပေါင်း (၂၂၆) ကြိမ်ရှိတယ် ၊ တစ်နှစ်တာကာလရဲ့ မီးလောင်ဆုံးရှုံးတဲ့ တန်ဖိုးက ငွေကျပ် သိန်းပေါင်း (၇၅၅.၅၀) ဖြစ်တယ်”လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။ ၂၀၂၀ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း မီးလောင်မှု (၂၂၆) ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၃၃၅ လုံး ၊ မီးဘေးသင့် လူဦးရေ ၈၁၈ ဦး ၊ ထိခိုက်ဒဏ်ရာရ ၃၈ ဦးနဲ့ သေဆုံးသူ ၈ ဦး ရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်စဉ်တွေ…
Read Moreဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ သံဃာတော်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေတောင်းဆို
ဇန်နဝါရီ ၁၂-၂၀၂၀ အေးချမ်းသူ(VOM) နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဒီကနေ့မနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးမှာ ဗီဒီယိုကွန်းဖရန့်(စ်)နဲ့ ရုံးထုတ်စစ်ဆေးခဲ့ရာ သံဃာတော်အပါး ၃၀နီးပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ ၅၀ခန့်ဟာ ရုံးထုတ်စစ်ဆေးပေးဖို့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။ ရုံးထုတ်စစ်ဆေးပေးဖို့တောင်းဆိုရာမှာ ဦးဆောင်တဲ့ ဆရာတော်ဦးတေဇဝံသက “ပြည်သူလူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ တရားစီရင်ခြင်းမခံရပါဘူး။ ဗီဒီယိုကွန်းဖရန်း(စ်)နဲ့ ရုံးထုတ်နေတယ်။ တရားသူကြီးက သူပြောချင်တာပြောသွားတယ်။ ဆရာတော်က ချေပခွင့်မရှိဘူး။ပြောချင်တာပြောပြီး နောက်တစ်ပတ်ရုံးချိန်းပေးတယ်။ ဒါကြောင့် ရုံးထုတ်စေချင်တယ်”လို့ မိန့်ကြားပါတယ်။ ဆရာတော်ဦးဝီရသူအမှုမှာ နိုင်ငံသားအခွင့်အရေး လူအခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံးနေတာကြောင့် လွတ်လပ်စွာတရားစီရင်ရေးဆုံးရှုံးနေတဲ့အတွက် ရုံးထုတ်စစ်ဆေးပေးစေချင်တယ်လို့ ဆရာတော်ဦးတေဇဝံသက မိန့်ပါတယ်။ ဆရာတော်ဦးဝီရသူဟာပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၂ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ ၂နှစ်နီးပါး ပုန်းအောင်းနေရာကနေ ဒဂုံမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။ အနောက်ပိုင်းခရိုင်ရဲစခန်းမှာ လာရောက်အဖမ်းခံတဲ့ ဆရာတော်ဦးဝီရသူကို နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုကွန်းဖရန့် (စ်)…
Read More