စစ်ကိုင်းတိုင်းမှာ ၂၀၂၀အတွင်း ကျပ်သိန်း ၇ ထောင်ကျော်ဖိုး မီးလောင်ဆုံးရှုံး

ဇန်နဝါရီ ၁၂ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ တစ်နှစ်တာကာလအတွင်း မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၇ ထောင်ကျော်အထိ ဆုံးရှုံးမှုရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၀ မှာ မီးလောင်တဲ့ဖြစ်စဉ်အကြီမ်ရေပေါင်း (၂၂၆) ကြိမ်ရှိတယ် ၊ တစ်နှစ်တာကာလရဲ့ မီးလောင်ဆုံးရှုံးတဲ့ တန်ဖိုးက ငွေကျပ် သိန်းပေါင်း (၇၅၅.၅၀) ဖြစ်တယ်”လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း မီးလောင်မှု (၂၂၆) ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၃၃၅ လုံး ၊ မီးဘေးသင့် လူဦးရေ ၈၁၈ ဦး ၊ ထိခိုက်ဒဏ်ရာရ ၃၈ ဦးနဲ့ သေဆုံးသူ ၈ ဦး ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေ စတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကလည်း ပေါ့ဆမီး ၊ လျှပ်စစ်ဝါယာရှော့ခ် ၊ သဘာဝမီးနဲ့ ရှို့မီးတွေကြောင့် လူနေအိမ်၊ အလုပ်ရုံ လုပ်ငန်းခွင် ၊ ကား ၊ ဆိုင်ကယ်နဲ့ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ရေယာဉ်တွေ မီးလောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ခရိုင် ၁၀ ခရိုင်နဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး မီးဘေးအန္တရာယ် ကျရောက်တဲ့နေရာကို မီးသတ်ယာဉ်တွေ အချိန်မီ ရောက်ရှိငြိမ်းသတ်နိုင်ဖို့အတွက် သန္ဓေ မီးသတ်စခန်းတွေကို အချက်အခြာကျတဲ့နေရာတွေမှာ တိုးချဲ့တည်ဆောက်ထားတာကြောင့် မီးလောင်းတဲ့ဖြစ်စဉ်တိုင်းမှာ ဆုံးရှုံးတဲ့တန်ဖိုး အရင်ကထက် နည်းပါးသွားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #၂၀၂၀မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW