နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ အာဏာပြ

ဖေဖေါ်ဝါရီ ၁၇ -၂၀၂၁
Voice Of Myanmar

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံအုပ်ကြီးက ဖေဖေါ်ဝါရီ ၁၆ ရက် မနက်ခင်းက ဆေးရုံမှာတာဝန်ကျတဲ့ ဌာနမှူးတွေကို အစည်းအဝေးခေါပြီး ကိုယ်တာဝန်ယူတဲ့ ဌာနတွေကိုပြန်ဖွင့်ပါလို့ ပြောတဲ့အချိန်မှာ တချို့က လက်မခံဘဲ အစည်းအဝးကနေထွက်ခွာသွားခဲ့တယ်လို့ ဆရာဝန်တဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော အစာအိမ်နဲ့အူလမ်းကြောင်းဌာနနဲ့ ကင်ဆာဌာနက ပြန်ဖွင့်ပေမယ့် ဆရာဝန်ကြီးတွေပဲရှိပြီး ဝန်ထမ်းအင်အားကတော့ အတော်ကိုနည်းနေတယ်လို့လည်း ပြောပါတယ်။

မနက်မှာစည်းဝေးခေါ်ပြောပြီး ည ၈နာရီ သံပုံးတီးချိန်မှာတော့ ခုတင် ၁၀၀၀ ဆေးရုံထဲကို ရဲကားတစီးဦးဆောင်ပြီး စစ်ကား ၊ ရေကား တွေနဲ့ အင်အားလာပြခဲ့သေးတယ်လို့ သိရပါတယ်၊ လတ်တလော အခြေအနေမှာတော့ တာဝန်ကျဝန်ထမ်းအတော်များများဟာ CDM ကို ဆက်လက်ဆောင်ရွက်နေဆဲလို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်ခုတင်၁၀၀၀

Related posts

✕
VOM News

FREE
VIEW