လူ ၅ဦးထက်ပိုတင်လာတဲ့ကားတွေကို ပြည်မြို့အဝင်မှာ စစ်တပ်နဲ့ရဲက ပြန်လှည့်ခိုင်း

ဖေဖော်ဝါရီ ၁၈-၂၀၂၁
သိင်္ဂီထွန်း(VOM)

ဆန္ဒပြလာတဲ့ကားတွေအပါအဝင် ပြည်မြို့ထဲကိုဝင်မယ့် လူ ၅ ဦးထက်ပိုပြီး တင်လာတဲ့ကားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေက မြို့တွင်းပေးမဝင်ဘဲ နောက်ပြန်လှည့်ခိုင်းနေတယ်လို့သိရပါတယ်။

ဒါကြောင့် ပြည်မြို့တွင်း ဝင်ရောက်မယ့်ကားတွေဟာ တခြားဝင်ပေါက်တစ်ခုကနေ ဝင်ရောက်နေရပါတယ်။

ပြည်ခရိုင်ဝက်ထီးကန်မြို့နယ်ကနေ ဆန္ဒပြလာရောက်တဲ့ တောင်သူလယ်သမားတစ်ဥိးက “ဦးတို့ကားဆို လူ ၁၈ ယောက်ပါတယ်။ ဦးတို့က သူတို့မရှိတဲ့ နေရာကဝင်တာ။ အာဏာရှင်ကိုအလိုမရှိလို့ တကူးတကလာပြီး ဆန္ဒပြတာ”လို့ ပြောပါတယ်။

နစအကောင်စီဟာ အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လူ ၅ ဦးထက်ပိုမစုရ၊ ည ၈ နာရီကနေ မနက် ၄နာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့အဝင် #လူ၅ဦးထက်ပိုတင်တဲ့ကား #ပြန်လှည့်ခိုင်း

Related posts

VOM News

FREE
VIEW