မမြသွဲ့သွဲ့ခိုင်နဲ့တကွ ကျဆုံးသွားသူတွေရဲ့ဈာပနအခမ်းအနား ပြည်မြို့မှာပြုလုပ်

ဖေဖော်ဝါရီ ၂၁-၂၀၂၁
သိင်္ဂီထွန်း(VOM)

နေပြည်တော် ဆန္ဒပြပွဲမှာ သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့မမြသွဲ့သွဲ့ခိုင်နဲ့တကွ ကျဆုံးသွားသူတွေရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက ပြည်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဈာပနအခမ်းအနားကို ကျောင်းသားသမဂ္ဂက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေက ဝန်းရံ ပါဝင်ခဲ့ကြပါတယ်။ဈာပနအခမ်းအနားမှာ ကမ္ဘာမကြေသီချင်းကိုပါသီဆိုခဲ့ကြပါတယ်။

“ကျဆုံးခဲ့ရတဲ့ တခြားသွေးမြေကျ သူတွေ၊မနေ့ကလည်းမန္တလေးနဲ့ရန်ကုန်မှာသွေးစွန်းခဲ့ရတယ်။ဒီကောင်တွေလူသားစိတ်မရှိ တိရိစ္ဆာန်လိုကောင်တွေရဲ့လူသတ်ပွဲကြီးကျင်းပတာကို ကျနော်တို့ခံစားခဲ့ရတယ်။ ဖောထွက်သွားတဲ့ကျည်ဆံတွေ၊ခန္ဓာကိုယ်ကိုဖောက်ထွက်သွားတဲ့ ကျည်ဆံတွေက သူတို့တွေကိုပဲမဟုတ်ဘူး။ ကျနော်တို့ကိုပါဖောက်ထွက်သွားတယ်။အာဏာကိုသေနတ်ပြောင်းဝကထွက်တယ်ဆိုတာဒီနေ့ ကျနော်တို့လက်ထက်မှာဘယ်တော့ မှမဖြစ်စေရဘူး”လို့ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

တနိုင်ငံလုံးမှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #ကျဆုံးသူတွေအတွက်အခမ်းအနား

မမြသွဲ့သွဲ့ခိုင်နဲ့တကွ ကျဆုံးသွားသူတွေရဲ့ဈာပနအခမ်းအနား ပြည်မြို့မှာပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW