ရခိုင် ပ.စ.အ ကောင်စီဝင်တွေ ကိုဗစ်ကာကွယ်ဆေးစထိုး

ဖေဖော်ဝါရီ ၂၃- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းကစပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေကြောင်း သိရပါတယ်။

ရခိုင် ပ.စ.အ ကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ အဖွဲ့ဝင်တွေ စစ်တွေဆေးရုံမှာ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကနေမှာယူတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေက ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက် က စပြီး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ပြီး လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ပုံမှန်အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေတာဖြစ်ပါတယ်။

ဒီနေ့ ကာကွယ်ဆေးထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံက တာဝန်ရှိသူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မေးမြန်းလို့ မရခဲ့ပါဘူး။

#VoiceOfMyanmar #VOM #စစ်တွေ #ရခိုင်ပစအကောင်စီအဖွဲ့ဝင် #ကိုဗစ်ကာကွယ်ဆေးထိုး

ရခိုင် ပ.စ.အ ကောင်စီဝင်တွေ ကိုဗစ်ကာကွယ်ဆေးစထိုး

Related posts

Leave a Comment

VOM News

FREE
VIEW