မူဆယ်-မတ် ၅၊ ၂၀၂၁
Violin Shayi
မြန်မာ – တရုတ် နယ်စပ်မြို့တော်ဖြစ်တဲ့ မူဆယ်မြို့မှာ CDM လှုပ်ရှားမှုကို ကန့်ကွက်တဲ့ လူ ၂၀ ခန့်ဟာ မူဆယ်ဆေးရုံရှေ့ မှာ မတ်လ ၄ ရက်ညနေ ၅နာရီဝန်းကျင်က ဆန္ဒပြခဲ့ပါတယ်။
မူဆယ် ဆေးရုံ အမြန်ပြန်ဖွင့်ပေးရန်၊ ပြည်သူ လူထု မျက်နှာထောက်ပါရန်၊ CDM လှုပ်ရှားမှု ချက်ချင်းရပ်ရန်” စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလို ဆန္ဒဖော်ထုတ်နေချိန် CDM လှုပ်ရှားသူပြည်သူတွေက သံပုံးတီး တန်ပြန် ဆန္ဒပြ ထုတ်ခဲ့ကြရာမှာ ရဲတွေရောက်လာလို့ ၂ဘက်လုံး လူစု ခွဲခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက် မူဆယ်မြို့က ကျန်းမာရေး ဝန်ထမ်းတွေ က CDM မှာပါဝင်နေတာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လူနာတွေကို ကျန်းအာရေးဝန်ထမ်းတွေရဲ့ နေအိမ်နဲ့ ဆေးခန်းတွေမှာ လာရောက်ကုသမှုခံယူနိုင်ကြောင်း အသိပေး ကြေငြာထားကြပါတယ်။
#voiceofmyanmar #VOM #မူဆယ်