ပုသိမ်ဆန္ဒပြလူအုပ်အတွင်း စစ်သားတစ်ဦးဖမ်းမိပြီး အရပ်သားနှစ်ဦးဆီကလည်း လက်နက်တွေမိ

မတ် ၆-၂၀၂၁
KA

ဒီနေ့ မတ်လ ၆ရက်နေ့ ပုသိမ်မြို့ စကားဝါလမ်းမှာဆန္ဒပြနေတဲ့ ဧရာဝတီကရင်လူငယ် အထွေထွေသပိတ်စစ်ကြောင်းအတွင်းကို လိုက်ပါသတင်းယူနေတဲ့ သူတဦးကို ဆန္ဒပြလူငယ်ခေါင်းဆောင်တွေ စစ်ဆေးခဲ့ရာမှာ စစ်သားတစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်သားရဲ့ဖုန်းထဲမှာ ဆန္ဒပြသူတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေနဲ့ လမ်းကြောင်းတွေသတင်းပေးပို့ထားတာ တွေ့တာကြောင့် ပုံတွေကိုဖျက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြစစ်ကြောင်းရပ်တန့်နေတဲ့အချိန်မှာ တောရကျောင်းလမ်းပတ်ဝန်းကျင်က လူနှစ်ဦးရဲ့ လွယ်အိတ်ထဲမှာသံချွန်၊ လေးဂွ၊ ဓါးမြှောင်နဲ့ ဘောစိတွေကို ပြည်သူတွေကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီသူတွေကိုလည်း ဆန္ဒပြသူတွေက လက်နက်ကိုင်ဆောင်တဲ့ သူတွေ ပတ်ဝန်းကျင်မှာ မပါရှိဖို့နဲ့ ရောနှောပြီး မလိုက်ပါဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေက အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ဘယ်လက်နက်မှကိုင်ဆောင်ခြင်းမပြုဘဲ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖြိုခွဲတာကို ရှောင်ကွင်းကာကွယ်ပြီး ဆန္ဒပြဖို့အစည်းဝေးဆုံးဖြတ်ချက်ရယူကာ ဆန္ဒပြနေတာဖြစ်တယ်လို့ ဦးဆောင်သူတွေကပြောပါတယ်။

ဒီနေ့ ပုသိမ်မြို့မှာ မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး၊ နွေဦးတော်လှန်ရေး၊ ဧရာဝတီကရင်လူငယ်အထွေထွေသပိတ်စစ်ကြောင်း ၃ခုနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရပ်ကွက်တွေအတွင်းမှာလှည့်လည်ဆန္ဒပြခဲ့ရပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်ဆန္ဒပြ #စစ်သားတစ်ဦးဖမ်းမိ #လက်နက်တွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW