ပုသိမ်မှာ ရဲနဲ့စစ်တပ်ကပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ဦး ဒဏ်ရာရ

မတ် ၁၀-၂၀၂၁
KA

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ စကားဝါလမ်းမကြီးမှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး ၃ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧရာ၀တီကရင်လူငယ် သပိတ်စစ်ကြောင်းနဲ့ ပုသိမ်တက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ ဆန္ဒပြဖို့လူစုနေစဥ်မှာပဲ ပစ်ခတ်ဖြိုခွဲခံခဲ့ရတာပါ။

လက်ရှိမှာ စကားဝါလမ်း၊ ဥမ္မာဒန္တီရပ်ကွက်နဲ့ ရာမညရပ်ကွက်တွေမှာ ရဲနဲ့စစ်သားအင်အားများစွာ ချထားတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ပစ်ခတ် #ဒဏ်ရာရ #မျက်ရည်ယိုဗုံး #ရာဘာကျည်

Related posts

Leave a Comment

VOM News

FREE
VIEW