အိန္ဒိယနယ်စပ်ကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသား ၂၉၇ ဦးကို ခိုလှုံဖို့ အတည်ပြု

မတ် ၊ ၁၆ ၊ ၂၀၂၁
ကိုတိုးကြီး(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈၃ ယောက်အနက် ၂၉၇ ဦးကို လူသားချင်းစာနာစွာ ခိုလှုံနေထိုင်ခွင့်ရရှိဖို့ ပြည်နယ်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က အတည်ပြုခဲ့ပြီး ကျန် ၈၆ ဦးမှာ အတည်ပြုမှု မရရှိသေးဘူးလို့ Lalramnghaka ကျေးရွာကောင်စီ ဉက္ကဌကနေ သိရပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှု ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ရဲနဲ့ စစ်တပ်ပါဝင်တဲ့ လုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းပြီးနောက် အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ မြန်မာနိုင်ငံသား ၃၈၃ ယောက်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈၃ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ပါဝင်မှုဟာ ၉၈ ရာခိုင်နူန်းအထိရှိတယ်ဆိုပေမယ့် ခိုင်လှုံတဲ့ အထောက်အထား တင်ပြနိုင်တဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

မီဇိုရမ်း ပြည်နယ်ဝန်ကြီးချုပ် Zoramthanga နဲ့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး Lalchamliana တို့ဟာ မီဇိုရမ်း ပြည်နယ်အစိုးရအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြောင့် ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မီဇိုရမ်းပြည်နယ် ခရိုင် ၆ ခုဖြစ်တဲ့ ချန်ဖိုင်း ၊
လောဂ်ထလိုင် ၊ဆာရီဟာ ၊ ဆိုင်ရာ ၊ ဟနသီယယ်နဲ့ ဆာချီဟတ် ခရိုင်တို့ဟာ အလျား ၅၁၀ ကီလိုမီတာ ရှည်လျားပြီး အပြည်ပြည်ဆိုင်ရာနယ်စပ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်တို့ဖြစ်ပြီး အဲ့ဒီကနေတဆင့် မြန်မာနိုင်ငံသားတွေ ခိုလှုံဖို့ ဝင်ရောက်လာတာဖြစ်ပါတယ်။

အဲ့ဒီလို မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတာနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံတော်အစိုးရနဲ့ အာသံရိုင်ဖယ်များက တရားမဝင် လွှမ်းမိုးမှုကို ကာကွယ်ရန်အကောင်းဆုံး ကြိုးစားနေပေမယ့် မီဇိုတိုင်းရင်းသားတွေရဲ့ သူစိမ်းတွေအပေါ် ဧည့်ဝတ်ကျေပွန်တဲ့ အမှတ်လက္ခဏာအဖြစ် လူသားချင်းစာနာမှုအရ ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဒေသအများစုက စာနာလျက်ရှိနေပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရကလည်း လူသားချင်းစာနာထောက်ထားမှုအရ နေရပ်ရင်း မြေပြင်ပေါ်ကို ပြန်တွန်းပို့မရနိုင် လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

PHOTO – Sajjad HUSSAIN / AFP
#voiceofmyanmar #VOM #အိန္ဒိယနယ်စပ် #မြန်မာနိုင်ငံသား #ခိုလှုံခွင့်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW