ကျောက်မြောင်း ရပ်ကွက်လမ်းမတွေပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ပြုလုပ်

မတ် ၂၁ -၂၀၂၁
MWT

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းပြည်သူတွေဟာ အရင်နေ့တွေကပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသူရှိခဲ့ပေမယ့် အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ရာမှာ သပိတ်အရှိန်လျော့မသွားရေးအတွက် လူငယ်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ကပြည်သူတွေပူးပေါင်းခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ကျားကွက်သစ် လမ်းမကြီး၊ ကျောက်မြောင်းလမ်းမကြီးကို ဗဟိုပြုပြီး တစ်လမ်းဝင်တစ်လမ်းထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကိုရှောင်ရှားကာ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ကျောက်မြောင်းရပ်ကွက်အတွင်း မတ်လ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတစ်ဦးရဲ့ ခေါင်းကိုကျည်ဆန်ထိမှန်တာကြောင့် ကျဆုံးခဲ့ပါတယ်။ဒီနေ့မှာတော့ ဆန္ဒပြသူတွေဟာ ကျဆုံးသူနေရာနားကိုသွားရောက်အလေးပြုခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW