မူဆယ် လဝကရုံး မီးရှို့ခံရ

မူဆယ်-မတ်လ၃၀-၂၀၂၁
Shayi Violin(VOM)

ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် မတ် ၂၉ ရက်နေ့က မူဆယ် လဝက ရုံးမီးရှို့ခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။

မူဆယ်မြို့ တောင်ရပ်ကွက်က ကမ္ဘောဇဘဏ် ၁ ကုန်းဆင်း သပိတ် ခံတပ်မှာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက လူငယ် ၁၀ ယောက်ဝန်းကျင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်လို့ ဆန္ဒဖော်ထုတ်သူ တစ်ဦးက ဆိုပါတယ်။

ဆန္ဒထုတ်ဖော်သူ ပြည်သူများမှ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖမ်းခံရသူတွေကို မလွှတ်ပေးတဲဲ့အပြင် စစ်တပ်နှင့် ရဲဘက်က “မင်းတို့ လာရဲရင် လာခဲ့ကြ၊ မင်းတို့ လူတွေ အရှင်လတ်လတ် မီးရှို့ သတ်ပြမယ်ကွ” လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ် လို့ ​ရှင်းပြပါတယ်။

မူဆယ်မှာ သပိတ်ဖြိုခွင်းခံရလို့ ကျဆုံးသွားသူတွေရဲ့ အလောင်းတွေကို လည်း ပြန်မရတာလည်းရှိပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW