မတ် ၅-၂၀၂၁ YAT မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနေအိမ်နဲ့ န.စ.အကောင်စီက ကချင်ပြည်နယ်အတွက် ဥက္ကဌနေရာ ခန့်အပ်ခံထားရတဲ့ ဦးခက်ထိန်နန်ရဲ့ နေအိမ်ရှေ့မှာ ဒီနေ့ မတ်လ ၅ ရက်နေ့ မနက်က အမှိုက်နဲ့ အနံ့ဆိုးပစ္စည်းတွေ လာရောက်စွန့်ပစ်သွားပြီး အမှိုက်အိမ်ဆိုတဲ့စာသား ရေးသွားကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး #ဦးသန်းဝင်း #ဦးခက်ထိန်နန် #အမှိုက်အိမ်
Read MoreMonth: March 2021
မူဆယ်မှာ CDM ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြန်လှန်ဆန္ဒပြနေ
မူဆယ်-မတ် ၅၊ ၂၀၂၁ Violin Shayi မြန်မာ – တရုတ် နယ်စပ်မြို့တော်ဖြစ်တဲ့ မူဆယ်မြို့မှာ CDM လှုပ်ရှားမှုကို ကန့်ကွက်တဲ့ လူ ၂၀ ခန့်ဟာ မူဆယ်ဆေးရုံရှေ့ မှာ မတ်လ ၄ ရက်ညနေ ၅နာရီဝန်းကျင်က ဆန္ဒပြခဲ့ပါတယ်။ မူဆယ် ဆေးရုံ အမြန်ပြန်ဖွင့်ပေးရန်၊ ပြည်သူ လူထု မျက်နှာထောက်ပါရန်၊ CDM လှုပ်ရှားမှု ချက်ချင်းရပ်ရန်” စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်နေချိန် CDM လှုပ်ရှားသူပြည်သူတွေက သံပုံးတီး တန်ပြန် ဆန္ဒပြ ထုတ်ခဲ့ကြရာမှာ ရဲတွေရောက်လာလို့ ၂ဘက်လုံး လူစု ခွဲခဲ့ကြပါတယ်။ အာဏာသိမ်းပြီးနောက် မူဆယ်မြို့က ကျန်းမာရေး ဝန်ထမ်းတွေ က CDM မှာပါဝင်နေတာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လူနာတွေကို ကျန်းအာရေးဝန်ထမ်းတွေရဲ့ နေအိမ်နဲ့ ဆေးခန်းတွေမှာ…
Read Moreအမေရိကန်ဘဏ်မှ ဒေါ်လာတစ်ဘီလီယံထုတ်ယူဖို့ မြန်မာစစ်တပ်ကြိုးစားမှု အမေရိကန်အစိုးရတားဆီး
ဝါရှင်တန်၊ မတ်-၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံ နယူးယောက်မှာရှိတဲ့ Federal Reserve ဘဏ်မှာ မြန်မာနိုင်ငံက အပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို မြန်မာစစ်တပ်တာဝန်ရှိသူတွေက ထုတ်ယူဖို့ ကြိုးစားတာကို အမေရိကန်အစိုးရက တားဆီးနိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးအပါအဝင် ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ် သုံးဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူ အမည်သုံးပြီး ဒီလိုငွေထုတ်ယူဖို့ကြိုးစားမှုဟာ ဖေဖော်ဝါရီ ၄ ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကိစ္စကို အမေရိကန်ဘက်က တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ငွေထုတ်ယူဖို့ကြိုးစားတဲ့ အကောင့်အမည်တွေကိုတော့ အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနကလည်း မှတ်ချက်တာမျိုးမရှိသေးပါဘူး။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ဥက္ကဌသစ်ကို ခန့်အပ်လိုက်ပြီး ယခင်ကဗဟိုဘဏ်ကို တာဝန်ယူခဲ့တဲ့ထိပ်တန်းအရာရှိတွေကို ဖမ်းဆီးထိမ်းလိုက်ပြီးနောက် အမေရိကန်က ငွေတွေကို ထုတ်ယူဖို့ ကြိုးစားမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။…
Read Moreပင်လည်ဘူးမြို့နယ်က ထွေအုပ်ဝန်ထမ်း ၁၄ ဦး CDM လုပ်ပြီး သပိတ်စစ်ကြောင်းမှာပူးပေါင်း
မတ် ၊ ၅ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်း ၁၄ ယောက်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီးနောက် ဒီကနေ့ ဆန္ဓပြ စစ်ကြောင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဆန္ဒပြ သပိတ်မှောက် ကြွေးကြော်ရာမှာ ပါဝင်တဲ့ ထွေအုပ် ဝန်ထမ်းတစ်ယောက်က ” မြို့နယ်ရုံးက အငယ်တန်းစာရေး ၆ ယောက်၊ ယာဥ်မောင်း ၁ ယောက်နဲ့ ရပ်ကျေး အငယ်တန်း စာရေး ၇ ယောက် အားလုံး ၁၄ ယောက် CDM လုပ်ထားတယ် “လို့ ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ မြို့ပေါ် လူနေရပ်ကွက် ၂ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စု ရှိတဲ့…
Read Moreရသေ့တောင်မှာ ပေါက်ကွဲမှုကြောင့် စစ်ရှောင် ကလေးနှစ်ဦး ဒဏ်ရာပြင်းထန်လို့ စစ်တွေပို့
စစ်တွေ-မတ် -၅-၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လက်ပံပွင့် ကောက်နေတဲ့ အသက် (၁၀) နှစ်နဲ့ (၈) နှစ်အရွယ် စစ်ရှောင် ကလေး(၂) ဦး မိုင်းထိပြီး (၈) နှစ်အရွယ်ကလေးမှာ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံသို့ ရောက်လာပါတယ်။ မိုင်းထိဒဏ်ရာရတဲ့ ကလေးတွေဟာ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်း က အသက် (၈) နှစ်အရွယ် မောင်ရဲထွန်းနဲ့ (၁၀) နှစ်အရွယ် မောင်လှထွန်းတို့ဖြစ်ကာ သူတို့ဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စု၊ မြိုလူမျိုး တွေဖြစ်ကြောင်း သိရပါတယ်။ မိုင်းပေါက်ကွဲမှုဖြစ်စဥ်ဟာ ရွာနဲ့ ၁ မိုင်အကွာရှိ တောစပ်နားမှာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်အနံ့မှာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိပြီး ဒဏ်ရာရရှိတဲ့ကလေးတွေဟာ ဗောထီးကိုင်း…
Read Moreမူဆယ်မှာ CDM ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြန်လှန်ဆန္ဒပြနေ
မူဆယ်-မတ် ၅၊ ၂၀၂၁ Violin Shayi မြန်မာ – တရုတ် နယ်စပ်မြို့တော်ဖြစ်တဲ့ မူဆယ်မြို့မှာ CDM လှုပ်ရှားမှုကို ကန့်ကွက်တဲ့ လူတစ်စုက မူဆယ်ဆေးရုံရှေ့ မှာ မတ်လ ၄ ရက်ညနေ ၅နာရီဝန်းကျင်က မူဆယ် ဆေးရုံ အမြန်ပြန်ဖွင့်ပေးရန်၊ ပြည်သူ လူထု မျက်နှာထောက်ပါရန်၊ CDM လှုပ်ရှားမှုချက်ချင်းရပ်ရန်” စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်နေချိန် CDM လှုပ်ရှားသူပြည်သူတွေက သံပုံးတီး တန်ပြန် ဆန္ဒပြ ထုတ်ခဲ့ကြရာမှာ ရဲတွေရောက်လာလို့ ၂ဘက်လုံး လူစု ခွဲခဲ့ကြပါတယ်။ အာဏာသိမ်းပြီးနောက် မူဆယ်မြို့က ကျန်းမာရေး ဝန်ထမ်းတွေ က CDM မှာပါဝင်နေတာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီးလူနာတွေကို ကျန်းအာရေးဝန်ထမ်းတွေရဲ့ နေအိမ်နဲ့ ဆေးခန်းတွေမှာ လာရောက်ကုသမှုခံယူနိုင်ကြောင်း အသိပေး…
Read Moreမြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ ပြင်သစ်သမ္မတ မာခရို ထုတ်ဖော်ပြောဆို
ပါရီ၊ မတ်-၄-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်သစ်သမ္မတ မာခရိုက ဒီနေ့ မတ်လ ၄ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုပြီးနောက် မနေ့ကဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုမှာ အသေအပျောက်အများဆုံးအဖြစ် ဆန္ဒပြသူ ၃၈ ဦးထိသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြီး တစ်ရက်အကြာမှာ ပြင်သစ်သမ္မတက အခုလိုက်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်မှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖြိုးခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေ လွှတ်ပေးဖို့နဲ့ မကြားသေးမီက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုက ထွက်ပေါ်လာတဲ့ ရလဒ်ကိုလေးစားဖို့ ပြင်သစ်နိုင်ငံက တောင်းဆိုကြောင်း၊ ပြင်သစ်ဟာ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ သမ္မတမာခရိုက သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ ဒီနေ့ မတ် ၄ ရက်မှာလည်း မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ နေရာအနှံအပြားမှာ မျက်ရည်ယိုဗုံတွေ၊ သေနတ်တွေအသုံးပြုပြီး…
Read Moreဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ပြည်ကအိမ်တလုံးကို ရဲဝင်ဖျက်
မတ် ၄-၂၀၂၁ VOM ပြည်မြို့၊ မြို့သစ် ၂ လမ်းက နေအိမ်တစ်အိမ်ကို ဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ဒီနေ့ မတ်လ ၄ရက်နေ့မှာ ရဲတွေက ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။ ဒီနေ့မနက်ပိုင်းက ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေအသုံးပြုပြီး လူစုခွဲပြီးနောက် ကျောင်းသားတွေလက်ခံထားတယ်ဆိုပြီး အဲ့ဒီအိမ်ကို ဝင်ရှာခဲ့တာဖြစ်ပါတယ်။ တစ်အိမ်လုံး အိမ်အပေါ်ထပ်၊ အောက်ထပ်ကိုပါ ဖျက်ဆီးခဲ့ကာ ဘုရားတည်ဖို့ထားတဲ့ အလှူခံပုံးကိုဖျက်စီးပြီး ပိုက်ဆံတွေယူသွားသလို CCTV ၃လုံးနဲ့ ဆိုင်ကယ်တစီးလည်း ဖျက်စီးခံရတယ်လို့ သိရပါတယ်။ ဆန္ဒပြကျောင်းသားတွေကိုတော့ အဲ့ဒီအိမ်ထဲမှာ ရှာမတွေ့သွားဘူးလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #အိမ်ကိုဝင်ဖျက် #ဆန္ဒပြကျောင်းသားဝင်ရှာ
Read Moreမန္တလေးက သံဃသမဂ္ဂ သပိတ်စစ်ကြောင်းအဖွဲ့ မစိုးရိမ်ကျောင်းတိုက်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့
မန္တလေး၊ မတ် – ၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းအဖွဲ့က မစိုးရိမ်ကျောင်းတိုက်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး “စစ်အာဏာရှင် အလိုမရှိ”ကြောင်းကို လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #သံဃသမဂ္ဂ
Read Moreဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေ တောင်းဆို
ပါရီ၊ မတ်-၄-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက ဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ သတင်းသမားတွေ ခြိမ်ခြောက်ခံနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့နဲ့ သတင်းသမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ပါ အဲဒီအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂ ရက်နေ့မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အာဏာရှင်အစိုးရက သတင်းသမားတွေအပေါ် ဖြိုခွင်းနေတာတွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့လကစပြီး မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအတွင်း လက်ရှိအချိ်န်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၂၈ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့လက်နက်တွေကို ရုတ်တရက်အသုံးပြုလာတဲ့နည်းတူ သတင်းသမားတွေအပေါ်ကို တုန့်ပြန်မှုကလည်း ပြောင်းလဲလာနေပြီး…
Read More