ပြည်မြို့ဆန္ဒပြလူထုထဲမှာ လက်နက်တွေနဲ့ အရပ်ဝတ်ရဲတစ်ဦးကို လူထုက ဖမ်းဆီးရမိ

မတ် ၄-၂၀၂၁ VOM ပြည်မြို့၊ ခေတ္တရာရပ်ကွက်မှာ ဒီနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေတဲ့ ပြည်သူတွေအကြား အရပ်ဝတ်လူတစ်ဦးကိုဖမ်းဆီးပြီး စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့လူ လွယ်ထားတဲ့အိတ်ထဲမှာ စမတ်ဖုန်း ၃ လုံး၊ ဒါးမြှောင်တချောင်း၊ လောက်လေးခွတစ်လက်၊ အဆစ်ပါသံတုတ်တစ်ချောင်း၊ ရဲကော်လံတံဆိပ်တစ်စုံ၊ ရဲဝန်ထမ်းကဒ်၊ မှတ်ပုံတင်တခုနဲ့ ATM ကဒ်တခု တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ “သူ့ကိုသပိတ်စစ်ကြောင်း နောက်လိုက်လာတာတွေ့လို့ မေးကြည့်တာ ဒီနားကအသိအိမ်ကိုလာတယ်ပြောတယ်။ နောက်ကထပ်လိုက်လာပြီး ဖုန်ဆက်နေတာတွေ့လို့ ကျနော်တို့စစ်ဆေးကြည့်တော့ သူ့လွယ်ထားတဲ့အိတ်ထဲကနေ ရဲကဒ်နဲ့ လက်နက်တွေတွေ့တာပါ” လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပြပါတယ်။ ရပ်ကွက်နေပြည်သူတွေရဲ့ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်းဟာ ပြည်မြို့ အမှတ် ၃ နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရဲဝန်ထမ်းက “ကျနော်ကအခုကိစ္စနဲ့ ပတ်သက်ပြီးတော့ လာတာမဟုတ်ဘူး။…

Read More

သတင်းမီဒီယာကောင်စီ ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်မယ့်သူတချို့ရှိလာ

မန္တလေး-မတ်-၄-၂၀၂၁ Voice Of Myanmar   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာ ကောင်စီဝင်အတော်များများ နုတ်ထွက်သွားလို့ ၂ ဦးတည်းကျန်တာမို့ ကောင်စီဝင်အဆိုပြုလွှာတွေ လျှောက်ထားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးတဲ့အပတ်က ကြေငြာခဲ့ပါတယ်။   လက်ရှိအနေအထားမှာ နစအကောင်စီက လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားလို့ လက်ခံထားသူ ၄ယောက်ထွက်ပေါ်လာတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ သူတို့ ၄ယောက်ကတော့ ဦးခင်မောင်အေး( မြန်မာတိုင်းမ်၊ထရိတ်တိုင်းမ် အယ်ဒီတာဟောင်း)  ဒေါက်ထွေး(ဆေးမန်း)ခေါ်  ဒေါက်တာတင်မောင်ထွေး၊ မြင်းမူ မောင်နိုင်မိုး၊ မောင်စိမ်းနော်(လယ်ဝေး) တို့ဖြစ်ပါတယ်။   ဒီထဲက ဦးခင်မောင်အေးကို VOM က ဆက်သွယ်မေးကြည့်ထားတာကို တင်ပြပေးလိုက်ပါတယ်။   VOM: နောက်ဖွဲ့မယ့် MPC မှာ ဆရာစာရင်းတင်သွင်းထားတယ် ဆိုတာမျိုးကြားလို့ ဟုတ်လားဆရာ။ UKMA: ကျနော်က စာရင်းတင်သွင်းတာတော့ မဟုတ်ပါဘူး။ ကျနော့်ကို သူတို့က မေတ္တာရပ်ခံတာပေါ့။ မေတ္တာရပ်ခံတာတော့ အမှန်အတိုင်းလုပ်ရမှာပဲတဲ့ အစိုးရဘက်ကလည်း…

Read More

ပြည်မြို့က ဆန္ဒပြ သပိတ်ပစ်ခတ်ဖြိုခွဲခံရပေမယ့် လူထုက ထပ်မံဆန္ဒပြဖို့ လုပ်နေ

မတ် ၄-၂၀၂၁ VOM ဒီနေ့ မတ်လ ၄ ရက်နေ့ ပြည်မြို့ကဆန္ဒပြမယ့် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က လာရောက် ဖြိုခွဲခဲ့မှုမှာ ဖမ်းဆီးခံလိုက်ရသူတွေ ရှိခဲ့ပေမယ့် ကျောင်းသားနဲ့ ပြည်သူတွေက ဆန္ဒထပ်ပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ဆန္ဒပြမှုကို ပြည်မြို့၊ မြို့သစ်ထဲမှာစုရပ်လုပ်ကာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီစုရပ်ကိုပဲ စစ်တပ်နဲ့ရဲက ရောက်လာပြီး ဖြိုခွဲကာ လိုက်လံဖမ်းဆီးမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်သူတွေ ဖမ်းခံရလဲဆိုတာတော့ မသိရသေးပါဘူး။ ဆန္ဒပြလူထုကို ဖြိုခွဲမှုမှာ စစ်တပ်နဲ့ရဲက ရာဘာကျည်နဲ့ လိုက်လံပစ်ခတ်မှုရှိခဲ့ပေမယ့် ဒဏ်ရာရသူ မရှိဘူးလို့သိရပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြသပိတ် #ဖြိုခွဲခံရ #ပြည်

Read More

မကြယ်စင် သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်

မန္တလေး၊ မတ် ၄ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ မတ်လ ၃ ရက်နေ့က ထိုင်သပိတ်ပြုလုပ်သူတွေကို စစ်တပ်နဲ့ ရဲတွေကအကြမ်းဖက်ဖြိုခွင်းတဲ့အ ချိန် အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ရုပ်အ လောင်းကိုတော့ ဒီကနေ့ နေ့လယ်ပိုင်း အေးရိပ်ငြိမ်သု ဿာန်မှာ မီးသဂြိုဟ်မယ်လို့ သိရပါတယ်။ မန္တလေးက ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်း ဖက် ဖြိုခွင်းခဲ့တာကြောင့် မတ် လ ၃ ရက်နေ့မှာ လူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #သေဆုံး #မကြယ်စင်

Read More

ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတွေ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက မုံရွာ ဆန္ဒပြ သပိတ်စစ်ကြောင်း ချီတက်

မတ် ၄ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူစု လူဝေးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတပ်တွေ မြို့နေရာအနှံ့ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက ဆန္ဒပြ သပိတ် စစ်ကြောင်းဟာ ဒီမနက် ၉ နာရီမှာ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြတာတွေကို လမ်းမကြီးတွေပေါ်မှာ လုပ်ဆောင်နေတာ မြင်တွေ့ရပါတယ်။ မနေ့ မတ် ၃ ရက် မနက်ပိုင်းက မုံရွာမြို့ ထန်းတောရပ်ကွက် ပြည်ထောင်စုလမ်းနဲ့ ဘုရားနီ လမ်းဆုံနေရာမှာ လုံခြုံရေးတပ်ဖွဲ့က လူစု လူဝေးဖြိုခွင်းတဲ့အခါ သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရလို့ ဆန္ဒပြသူ လူ ၉ ယောက်သေဆုံးခဲ့တယ်လို့ သတင်းရပြီးVOM က အတည်ပြုနိုင်တာ ၇ယောက်ပဲရှိပါသေးတယ်။ လက်ရှိအနေအထားမှာတော့ ထိပ်တိုက်မဖြစ်အောင်ရှောင်ကွင်းပြီး မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့နာရေးကို ဝိုင်းကူဖို့ ဆန္ဒပြသူတွေက လူစုခွဲလိုက်ပြီလို့သိရပါတယ်။…

Read More

ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ကျည်ထိမှန်ခဲ့တဲ့ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

ကလေး -မတ်-၄-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်‌တွေနဲ့ ပစ်ခတ်ဖြိုခွင်းချိန်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ မနေ့က ညနေပိုင်းမှာပဲ မန္တလေးမြို့သို့ အရေးပေါ်ခွဲစိတ်ကုသဖို့ ပို့ဆောင်နေစဉ်မှာပဲ လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက အတည်ပြုပါတယ်။ မတ်လ ၂ ရက်တုန်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကလေးမြို့ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုအား မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့တဲ့အပြင် ရာဘာကျည်၊ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် စိုးရိမ်ရသူ ၅ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပါတယ်။ ဆန္ဒပြပြည်သူလူထုထဲမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ…

Read More

ပုသိမ်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်း

မတ် ၄-၂၀၂၁ KA ဒီနေ့ မတ်လ ၄ရက်နေ့ ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပင်မစစ်ကြောင်း တဂေါင်းဘုရားလမ်းမကြီးအရောက်မှာ ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ပြီး အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူစုကွဲခဲ့ပါတယ်။ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူရှိမရှိနဲ့ ဒဏ်ရာရသူရှိမရှိဆိုတာတော့ မသိရှိရသေးပါဘူး။ ခုလက်ရှိမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်ကားတွေဟာ တဂေါင်းဘုရားလမ်းမကြီး တစ်လျှောက်ကို ပိတ်ဆို့တပ်စွဲထားပါတယ်။ ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၆ရက်မြောက်ရှိပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြသပိတ်စစ်ကြောင်း #၂၆ရက်မြောက်

Read More

ဦးကျော်သူဦးဆောင်တဲ့ နာရေးအသင်းကို ညအချိန် စစ်သားတွေက ဝင်ရောက်ရိုက်နှက် ပစ္စည်းတွေသိမ်းဆည်းသွား

ရန်ကုန်-မတ် ၄-၂၀၂၁ မတ်လ ၃ ရက် ည ၁၁နာရီခွဲအချိန်က စစ်ကား ၃စီးနဲ့ လာတဲ့စစ်သားတွေဟာ ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီလိုဝင်တဲ့အချိန်မှာ အစောင့်ဝန်ထမ်း ၂ယောက်ရဲ့ခေါင်းကိုရိုက်ပြီး တံခါးတွေကိုဖျက် စာရင်းဇယားစာအုပ်တွေကို အတင်းအဓမ္မ ယူဆောင်သွားတယ်လို့ ဖြစ်စဉ်မှာရှိနေတဲ့ နာရေးကူညီမှုအသင်းဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာရှိနေတဲ့ နာရေးကူညီမှုအသင်းရဲ့ ဝန်ထမ်းတယောက်ကို ဆက်သွယ်မေးကြည့်တော့ “ညက ၁၁နာရီခွဲမှာ အင်အားက အတိကျမရေလိုက်နိုင်ဘူး စစ်ကားသုံးစီးနဲ့လာတယ် ရဲမပါဘူး စစ်သားတွေချည်းဘဲ၊ ဘာလုပ်တယ်ဘာညာမေးတာမဟုတ်ဘူး မင်းတို့ကိုဘာမှမလုပ်ဘူး ငါတို့ရှာစရာရှာမယ်ပြောတယ်၊ စကားကိုကောင်းကောင်းမပြောဘူး သေနတ်ဒင်တွေနဲ့ အကုန်ထုဖျက်ပြီး သူတို့လိုချင်တာအကုန်ယူသွားတယ်ဆရာ၊ သေနတ်တွေက ပစ်တာအချက်ပေါင်းမနည်းဘူး ခြောက်လှန်ပစ်တာ ကူညီသူတွေမလာရဲအောင် အကုန်ခြောက်လှန့်ပစ်တာ မနေ့ညက ပတ်ဝန်းကျင် ပြည်သူလူထုကလာပြီးတော့ ရပ်ကွက်နေပြည်သူတွေလာတာကို သေနတ်တွေနဲ့ ပြန်ပစ်လွှတ်တာဆရာ၊ အမှုဆောင်ရုံးခန်းတွေကို မှန်တွေရိုက်ခွဲပြီး သူတို့လိုချင်တာအကုန်ယူသွားတာဆရာ ၊ ရုံးကစာရွက်စာတမ်းတွေ၊ CCTVမှတ်တမ်းတွေ၊…

Read More

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနက်ဖြန်ဆွေးနွေးမယ်

နယူးယောက်၊ မတ်-၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ရရှိရေးအတွက် အလွန်ပြင်းထန်တဲ့ အစီအမံတွေနဲ့ အရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener ကနိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။   ဆန္ဒပြသူတွေကို မြန်မာစစ်တပ်နဲ့ ရဲတို့က ဖြိုးခွင်းမှုတွေပြုလုပ်နေချိန်မှာဘဲ မနေ့တော့ လူ ၃၈ ဦးထိသေဆုံးခဲ့ကာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အသေအပျောက် အများဆုံးနေ့ဖြစ်ပါတယ်။   လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး Schraner Burgener က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ မနက်ဖြန်ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။   Schraner Burgener ဟာ မြန်မာစစ်တပ်ထိန်းတန်းခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုး၀င်းနဲ့ ဆက်သွယ်ဆွေးနွေးရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံအချို့ရဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ အထီးကျန်နိုင်ငံဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့ သူကဆိုပါတယ်။   ဒါပေမယ့် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုး၀င်းက မိမိတို့ဟာ အရေးယူပိတ်ဆို့တွေခံရလေ့ရှိပြီး ရှင်သန်နိုင်ခဲ့ကြောင်း၊…

Read More

မနေ့ မတ်လ ၃ရက်နေ့က ပစ်ခတ်ဖြိုခွင်းခံခဲ့ရပေမယ့် ဒီနေ့မှာလည်း မြင်းခြံမြို့က ဆန္ဒပြသပိတ်စစ်ကြောင်း ဆက်ထွက် မနေ့က ၆ယောက်အဖမ်းခံခဲ့ရပြီး အဆက်အသွယ်မရ စုံစမ်းမရဖြစ်နေ

မတ် ၄-၂၀၂၁ MPG မနေ့က ဆန္ဒပြပွဲမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် မောင်လွင်ကိုကိုဇော် အသက်ဦီး ၂၂နှစ်ဟာ ခေါင်းထိမှန်ပြီး ဦးနှောက်အရည်ပျော်ကာ ရာမှာတင်သေဆုံးခဲ့ပြီး ၂၀ဝန်းကျင်းဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာပဲ ကိုရဲမြင့်ဝင်း၊ ကိုသန့်ဇင်ဦး၊ ကိုဖြိုးကိုကို၊ ကိုကျော်ကျော်နိုင်၊ ကိုတိုးအောင်နဲ့ ကိုဇော်ဦးတို့ ၆ ယောက်အဖမ်းခံခဲ့ရပါတယ်။ သူတို့ကိုထောင်မှာချုပ်နှောင်ဖမ်းဆီးထားတယ်ဆိုလို့ မြင်းခြံထောင်ကိုမေးတော့လည်း ထောင်မှာမရှိကြောင်းဖြေဆိုပြီး၊ ရဲတပ်ဖွဲ့ကိုမေးတော့လည်း ထောင်ကြီးချုပ်ကိုပို့ထားတယ်လို့ ဖြေဆိုကြောင်း ဖမ်းခံရသူတွေ လွှတ်မြောက်ရေးလုပ်နေသူတွေက ပြောပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံ #ဆန္ဒပြသပိတ်စစ်ကြောင်း

Read More
VOM News

FREE
VIEW