မနေ့ မတ်လ ၃ရက်နေ့က ပစ်ခတ်ဖြိုခွင်းခံခဲ့ရပေမယ့် ဒီနေ့မှာလည်း မြင်းခြံမြို့က ဆန္ဒပြသပိတ်စစ်ကြောင်း ဆက်ထွက် မနေ့က ၆ယောက်အဖမ်းခံခဲ့ရပြီး အဆက်အသွယ်မရ စုံစမ်းမရဖြစ်နေ

မတ် ၄-၂၀၂၁
MPG
မနေ့က ဆန္ဒပြပွဲမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် မောင်လွင်ကိုကိုဇော် အသက်ဦီး ၂၂နှစ်ဟာ ခေါင်းထိမှန်ပြီး ဦးနှောက်အရည်ပျော်ကာ ရာမှာတင်သေဆုံးခဲ့ပြီး ၂၀ဝန်းကျင်းဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာပဲ ကိုရဲမြင့်ဝင်း၊ ကိုသန့်ဇင်ဦး၊ ကိုဖြိုးကိုကို၊ ကိုကျော်ကျော်နိုင်၊ ကိုတိုးအောင်နဲ့ ကိုဇော်ဦးတို့ ၆ ယောက်အဖမ်းခံခဲ့ရပါတယ်။

သူတို့ကိုထောင်မှာချုပ်နှောင်ဖမ်းဆီးထားတယ်ဆိုလို့ မြင်းခြံထောင်ကိုမေးတော့လည်း ထောင်မှာမရှိကြောင်းဖြေဆိုပြီး၊ ရဲတပ်ဖွဲ့ကိုမေးတော့လည်း ထောင်ကြီးချုပ်ကိုပို့ထားတယ်လို့ ဖြေဆိုကြောင်း ဖမ်းခံရသူတွေ လွှတ်မြောက်ရေးလုပ်နေသူတွေက ပြောပါတယ်။

#VoiceOfMyanmar #VOM #မြင်းခြံ #ဆန္ဒပြသပိတ်စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW