ရန်ကုန်၊ဧပြီ ၂-၂၀၂၁
အေးချမ်းသူ(VOM)
ပစ်ခတ်မှုတွေရှိနေပေမယ့် အာဏာရှင်ဆန့်ကျင်ရေးအတွက် သာကေတမှာ ဒီနေ့ ဧပြီ ၂ ရက် မနက်ပိုင်းမှာ ဆက်လက်ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း သာကေတမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။
#VoiceOfMyanmar #VOM #သာကေတ