မန္တလေး ကျန်းမာရေးသပိတ် ဖြိုခွင်းခံရ

ဧပြီ-၆-၂၀၂၁

ဒီကနေ့ ဧပြီ၆ရက် မနက် အစော ၅နာရီခွဲဝန်းကျင်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၃-၇၄ ကြား ၃၁ လမ်းမှာ သပိတ်စစ်ကြောင်းထွက်မယ့် ဆရာဝန်တွေ ၊ဆေးကျောင်းသားတွေနဲ့ ကျန်းမာရေးမိသားစုသပိတ်ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ တယောက်လက်မောင်းကျည်ဆံထိမှန်ပြီး ကလေးအထူးကုဆရာဝန်၂ ယောက်နဲ့ တခြားဆရာဝန် ၂ ယောက် စုစုပေါင်း ၄ ယောက်အဖမ်းခံရတာအပြင် ၊ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေ သိမ်းဆည်းခံရတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေလွတ်မြောက်ဖို့ ဆက်ကြိုးစားနေကြတယ်လို့လည်း ဆန္ဒပြရာမှာပါသူတွေကပြောပါတယ်။

#voiceofmyanmar #vom #ကျန်းမာရေးမိသားစု

Related posts

Leave a Comment

VOM News

FREE
VIEW