နှစ်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ် ၃ခုက ရပ်ကွက်အုပ်ချုပ်ရေးရုံး ၆ခု မီးလောင်

ရန်ကုန်၊ ဧပြီ ၈-၂၀၂၁
MHS(VOM)

ဧပြီ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်၃ခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၆ရုံးမီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ ၂၈ရပ်ကွက် ၃၀ရပ်ကွက် ၄၅ရပ်ကွက် ၊ အရှေ့ဒဂုံမြို့နယ်မှာ ၅ရပ်ကွက် ၂ရပ်ကွက် နဲ့ တောင်ဒဂုံမြို့နယ်မှာ ၅၃ရပ်ကွက်တို့မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်မှူးရုံးတွေ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့ဒဂုံမြို့နယ် ၅ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ “မနက်၂နာရီခွဲလောက်မှာ လောင်တာ။ဘေးကစာကြည့်တိုက်ပါ လောင်သွားတယ်”လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းတွေကို မသိရသေးဘဲ တောင်ဒဂုံမြို့နယ် ၅၃ရပ်ကွက်ရုံးဟာ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲခံရပြီး မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် အတည်ပြုလို့မရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ကလည်း တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။

ဒီတစ်ပတ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၁၅ရုံးခန့်ဆက်တိုက်ဆိုသလို မီးလောင်မှုဖြစ်ခဲ့ပြီးတော့ လူထိခိုက်သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

ဓါတ်ပုံ – CJ

#voiceofmyanmar #vom #ရပ်ကွက်ရုံး #မီးလောင် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW