မြစ်ကြီးနား စီတာပူရပ်ကွက်က ဆန္ဒပြပွဲ

ဧပြီ ၁-၂၀၂၁ YAT(VOM) မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဒီနေ့ ဧပြီလ ၁ ရက် မနက်ပိုင်းက လူအင်အား တစ်ရာကျော်နဲ့ အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်မှုပြုလုပ်နေစဉ်မှာပဲ ရဲနဲ့စစ်ကားတွေက ရပ်ကွက်အတွင်း လိုက်လံပြီး ဖြိုခွဲဖို့ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြလူထုဟာ မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ရဲနဲ့ စစ်သားတွေကို ထိပ်တိုက်မတိုးဘဲ လူစုခွဲနိုင်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနားမြို့ #စီတာပူရပ်ကွက်

Read More

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးကင်းစ ကလေးအလောင်း ၁၂၀ကျော် မစွန့်ပစ်ဘဲ ထားတာတွေ့

ဧပြီ ၁ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ လမ်း ၃၀ ၆၈လမ်းနဲ့ လမ်း၇၀ကြားရှိ ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်အတွင်းမှာ မစွန့်ပစ်ဘဲ ထားရှိထားတဲ့ မွေးကင်းစ ကလေးအလောင်း ၁၂၆လောင်းကို မနေ့ မတ်လ ၃၁ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံ ဆရာ၀န်အသိုင်းအ၀ိုင်းကတော့ ” ဆေးရုံမှာက ပုံမှန် တစ်လကို ကလေး ၇၀၀ နဲ့ ၉၀၀ ကြား မွေးတယ်၊ သေတာလည်း ၅၀ နီးနီးရှိတယ်၊ အခုက CDM ၂ လ နီးနီးဆိုတော့ လာမွေးတာမှာ သေတဲ့ကလေးတွေ ရှိနိုင်တယ်၊ ဒါပေမယ့် အဲ့ဒီလို အကြာကြီး အမြဲ ပုံထပ်ထားလေ့တော့ မရှိဘူး၊ မိဘက သင်္ဂြိုဟ်ဖို့ လာယူကြတာများတယ်၊ အခုက တပ်ကလာတဲ့ ဆရာဝန်တချို့နဲ့ လုပ်နေတာရှိတော့…

Read More

မန္တလေးမှာ အင်ဂျင်နီယာ၊ စီးပွားရေးနဲ့ ကွန်ပြူတာ မိသားစုတို့ ဆိုင်ကယ်သပိတ်ပြုလုပ်

မန္တလေး၊ ဧပြီ ၁- ၂၀၂၁ သတင်းဓာတ်ပုံ(MEG) မန္တလေးမြို့မှာ အင်ဂျင်နီယာ၊ စီးပွားရေးနဲ့ ကွန်ပြူတာမိသားစုအဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်ကယ်တွေမောင်းနှင်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ

Read More

ရန်ကုန်မြို့က RUBY MARTကုန်တိုက် မီးလောင်

ဧပြီ ၁ -၂၀၂၁ ဓါတ်ပုံ -ရွှေအင်းသားခင်မောင်ဝင်း ဧပြီလ(၁)ရက် မနက်၂နာရီက ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်ရှိRUBY MARTကုန်တိုက်ကြီး မီးလောင်မှုဖြစ်ပွားခဲ့လို့ အားလုံးနီးပါးဆုံးရှုံးခဲ့ပါတယ်။ #voiceofmyanmar #VOM #rubymart

Read More

ပဲခူးမှာ သတင်းပေးလို့ သမုတ်ခံရသူ ဓားနဲ့ခုတ်သတ်ခံရ

ဧပြီ ၁-၂၀၂၁ KLY(VOM) ပဲခူးမြို့နယ် အလင်းရောင်ရပ်ကွက်ထဲ နေထိုင်ပြီး သတင်ပေးလို့ သမုတ်ခံထားရသူ တစ်ဦး မနေ့ မတ် ၃၁ရက် ည ၉နာရီခွဲလောက်က ဓားနဲ့ခုတ်သတ်ခံထားရတဲ့ လက္ခဏာနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။ “သူက ရပ်ကွက်ထဲမှာ လူမိုက်လို့လည်းပြောရမှာပါ။ဒေသခံတွေကတပ်နဲ့ရဲကိုသတင်းပေးနေတယ်လို့ ယူဆထားပြီး အခင်းဖြစ်ချိန် ဓါးဒဏ်ရာ‌တွေနဲ့ သေဆုံး နေတာပါ” လို့ ဒေသခံ အ မျိုးသားတစ် ဦးက ပြောပါတယ်။ မနေ့ညက ပဲခူးမြို့နယ် အလင်းရောင်ရပ်ကွက်နေ ဦးသန်းထူး(၅၈ နှစ်)ဟာ နေအိမ်ရှေ့မှာလမ်းထွက်လျှောက်နေတုန်း ဓါးနဲ့ခုတ်သတ်ခံခဲ့ရတာဖြစ်ပြီး လူအချို့က ဝင်ရောက် လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ယူဆရပေမယ့် ပြစ်မှုကျူးလွန်သူကို မျက် မြင်တွေ့ရှိသူမရှိကြောင်း သိရပါတယ်။ ဓါးခုတ်ခံရတဲ့ ဦးသန်းထူးဟာ ‌ပဲခူးဆေးရုံကြီးကို ပို့ဆောင်ကုသနေချိန် သေဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီလူသတ်မှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပဲခူး…

Read More

ဗကသများအဖွဲ့ချုပ်အပါအဝင် စစ်ကြောင်း ၃ ခုပေါင်းပြီး ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ အမှတ်(၇) ကျော င်းသူကျောင်းသားဟောင်းတွေရဲ့ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဗကသ စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီး၂ ဦးနဲ့ အမျိုး သား ၁ ဦးကို သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ မန္တလေးမြို့ရဲ့ နေရာအတော်များများမှာလည်း ရပ်ကွက်အလိုက် လမ်းအလိုက် နည်းမျိုးစုံလင်စွာ ဆန္ဒပြနေကြတာကို တွေ့ရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဗကသ #မန္တလေး

Read More

မန္တလေးကျန်းမာရေးမိသားစုနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ ချီတက်ဆန္ဒပြမှု

ဧပြီ ၁ -၂၀၂၁ ဧပြီ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ မန္တလေးကျန်းမာရေးမိသားစုနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ၂၀၀၈ အခြေခံဥပဒေအား မီးရှို့ဖျက်ဆီးပြီး အမျိုးသားညီညွတ်ရေးအစိုးရအား ကြိုဆိုချီတက်ဆန္ဒပြခဲ့ပါတယ်။ #voiceofmyanmar #vom #ကျမ္မာရေးမိသားစုသပိတ်

Read More

မန္တလေးက သပိတ်စစ်ကြောင်းပေါင်းစုံ ထိုင်သပိတ်ပြုလုပ်

မန္တလေး၊ ဧပြီ ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေ စုပေါင်းပြီးတော့ ဒီကနေ့မနက်ပိုင်းမှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ထိုင်သပိတ် #ဆန္ဒပြ

Read More
✕
VOM News

FREE
VIEW