မန္တလေး ၃၅အေလမ်းပေါ်က မြတောင်ကျောင်းတိုက်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေတာမှာ တွေ့ရှိခဲ့တာတွေနဲ့ပတ်သက်ပြီး န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့က ခုလို ထုတ်ပြန်တာတွေ့ရပါတယ်။

မန္တလေးမြို့၊ မြတောင်ဘုန်းကြီးကျောင်းအတွင်း ဖောက်ခွဲဖျက်ဆီးရေးတာဝန်ခံနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့်သတင်း ၂ဝ၂၁ ဇူလိုင် ၂၉ ရက် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးအတွက် ရပ်ရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် လျှပ်စစ် ဝန်ထမ်းများအား နည်းမျိုးစုံ အသုံးပြု၍ တရားဥပဒေမဲ့ သတ်ဖြတ်နေသည့်အပြင် အစိုးရရုံးဌာနများ/ အများပြည်သူ အသုံးပြုသော လမ်းမကြီးများ/ ပြည်သူပိုင်ဈေးများ/ ဆေးရုံများ/ ကျောင်းများတွင် လက်ပစ်ဗုံး/ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ယနေ့တွင်လည်း မန္တလေးမြို့ အတွင်း ကြီးမားသောဖောက်ခွဲမှုအား ဆောင်ရွက်ရန် ကြံရွယ်ချက်ဖြင့် လက်ပစ်ဗုံးများ၊ လက်လုပ် မိုင်းများနှင့် TNT ယမ်းများအား ဖြန့်ဝေမည်ဖြစ်ကြောင်း နယ်မြေအတွင်း သတင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါသတင်းအပေါ် အခြေခံ၍…

Read More

ခင်ဦးနယ်မှာ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးခေါင်းဖြတ်ပြီး အသတ်ခံရ

ဇူလိုင် ၊ ၂၉ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ စိုင်ကောင်းရွာနဲ့ မောင်းကျောက်တောရွာ အကြားလမ်းပေါ်မှာ ဇူလိုင် ၂၉ ဒီကနေ့ နေ့လယ်ပိုင်းက ဦးခေါင်းပြတ် ရုပ်အလောင်း ၁ လောင်း တွေ့ခဲ့ရတယ်လို့ ခင်ဦးဒေသခံတွေဆီက သိရပါတယ် ။ ” နေ့ခင်း ၁ နာရီဝန်းကျင်က တွေ့ရတယ်လို့ သိရတယ် ၊ သေဆုံးနေသူဟာ ရွာစဥ်ရွာက ကိုဗိုလ်နိုင်ဖြစ်တယ်လို့ ကြားရတယ် ၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်ခိုင်ဖြိုး ရပ်ကျေးစည်းရုံးရေးမှူး လုပ်ခဲ့တာတော့ ရှိတယ် ” လို့ သေဆုံးသူရဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးအဖွဲ့တွေ သွားရောက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး…

Read More
VOM News

FREE
VIEW