ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင်ရှန်းထန်ကွယ်လွန်

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင်ရှန်းထန်ဟာ ဒီနေ့ ဇူလိုင် ၃၁ရက် ညနေ ၅:၃၅ မိနစ်က သူရဲ့ နေရပ် ကလေးမြို့မှာ ကွယ်လွန်သွားကြောင်း ဇိုမီးနိုင်ငံရေးအသိုင်းအဝိုင်းက သိရပါတယ်။
 
ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။
 
ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
 
သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့် လက်မခံတော့သည့်အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
 
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။
 
crd -ဝီကီမြန်မာ

Related posts

Leave a Comment

VOM News

FREE
VIEW