“ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ ဘာကြောင့် အ‌ရေးကြီးလဲ”

သွေး (စစ်ကိုင်း) မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့တာဟာ ၂၀၂၀ ပြည်နှစ် မတ်လကဖြစ်လို့ အခုဆိုရင် ၁ နှစ်ခွဲနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုတွေက ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုဗစ် တတိယလှိုင်း ကူးစက်မှုဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ပိုမိုများပြားနေတာကြောင့် ကိုဗစ်နဲ့ ဆက်စပ်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို အသိရှိရှိ သတိကြီးကြီးနဲ့ ဆက်လက်လိုက်နာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ နေ့စဉ်လိုလို အနည်းဆုံး ၃,၀၀၀ ကျော်ရှိနေပြီး သေဆုံးရသူ အရေအတွက်ဟာလည်း သိသိသာသာ ကျဆင်းခြင်း မရှိသေးပါ။ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့ စာရင်းတွေအရ ဩဂုတ် ၁၂ ရက်နေ့ ၁ ရက်တည်းမှာပဲ ရောဂါပိုးတွေ့ရှိရသူ ၃,၄၃၀ ဦး၊ သေဆုံးသူ…

Read More

မုံရွာမြို့မှာ ကိုဗစ် ကူးစက်မှုကို ဖြတ်တောက်ဖို့ နေ့မထွက်ရ အမိန့်ထုတ်ပြီးနောက် လူသွားလူလာ လုံးဝမရှိ

သြဂုတ် ၊ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ရောဂါ ကူးစက်တာကို ထိန်းချုပ်တဲ့အနေနဲ့ ဒီကနေ့စတင်ပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်။   ” မုံရွာမှာက ညမထွက်ရ အမိန့်လည်း တည်နေတုန်းပဲ၊ ည ၈ နာရီကနေ မနက် ၄ နာရီအထိက ညမထွက်ရ အမိန့် ဖြစ်တယ် ၊ မနက် ၄ နာရီကနေ နေ့ခင်း ၁၁ နာရီအထိ ကြား ကြာမြင့်ချိန် ၈ နာရီက မဖြစ်မနေမှ ခွင့်ပြုချက် ကဒ်နဲ့မှ ထွက်ရတယ် ၊ နေ့ခင်း ၁၁ နာရီကနေ ညနေ ၄ နာရီအထိက လုံးဝ…

Read More

ဟုမ္မလင်းမြို့နယ်မှာ ရွှေမျှောလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ၊နောင်ဖာမူကျေးရွာအုပ်စု ၊တောင်ခြေရင်းကျေးရွာက ရွှေမျှောလုပ်ငန်း ပိုင်ရှင် ၁ ဦး ဟာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မနေ့ သြဂုတ် ၁၃ ရက် ညပိုင်းက mask တပ်ထားတဲ့ အမည်မသိ လူ ၂ ယောက် ဆိုင်ကယ်နဲ့ အိမ်ကိုရောက်လာပြီး ဖမ်းခေါ်သွားတယ် ၊ တစ်ညလုံး ပြန်မလာလို့ ဒီမနက် လိုက်ရှာတဲ့အခါ ရွာမြောက်ဘက် မိုင်ဝက်လောက်က တောစပ်နေရာမှာ ယာဘက်နားထင် ကျည်ဆံဖောက်ဝင်ပြီး ဘယ်ဘက်နားထင်ကနေ ကျည်ဆံဖောက်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ် ၊ သေဆုံးသူ နာမည်က ကိုညွှန့်မောင်…

Read More

စစ်ကိုင်းတိုင်းအတွင်းမှာ အမှုဖွင့်ထားတာတွေ ရုတ်သိမ်းပေးဖို့ လျှောက်ထားသူ ၃ ရာကျော်ရှိ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေမှာ ဒီနှစ် ဖေဖော်ဝါရီ ကစလို့ ဖွင့်ခံထားရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်နေသူတွေက သူတို့ရဲ့အမှုတွေကို ကြေအေးရုတ်သိမ်းပေဖို့ ဒါမှမဟုတ် အမှုကနေ သက်သာခွင့်ပေးဖို့ တရားစွဲ အဖွဲ့အစည်းတွေထံ တင်ပြဆက်သွယ်လာခဲ့တာဆိုရင် သြဂုတ် ၁၃ ရက် မနေ့က အထိ တင်ပြဆက်သွယ်လာသူ ၃ ရာကျော် ရှိတယ်လို့ တရားစွဲ အဖွဲ့အစည်း အမှုစစ် အရာရှိတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   .” အလတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ထိတွေ့ခဲ့ရသူတွေ ဟာ ဘာကြောင့် ပါဝင်ထိတွေ့ခဲ့ရတယ် ၊ သူတို့ ဘာကြောင့် ပါဝင်လုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်…

Read More

ချင်းတွင်းအထက်ပိုင်း ၄ မြို့နယ်မှာ MPT တာဝါတိုင် မိုးကြိုးထိမှန်ပြီးနောက် ဆက်သွယ်ရေးပြတ်တောက်

သြဂုတ် ၊ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက MPT မိုက်ကရိုဝေဗ့် တာဝါတိုင် ဆက်ကြောင်းတစ်ခု မိုးကြိုထိမှန်ပြီးနောက်ပိုင်း ချင်းတွင်းအထက်ပိုင်းက မြို့နယ် ၄ ခုမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရပါတယ်။   ” ၁၂ ရက်နေ့ ညနေပိုင်းကစလို့ ဟုမ္မလင်း ၊ ခန္တီး ၊ လေရှီး ၊ လဟယ် အဲ့ဒီ ၄ မြို့နယ်က MPT ဖုန်းလိုင်းတွေ ဆက်သွယ်မရတော့ဘူး ၊ ပြတ်တောက်နေတာ နာရီ ၄၀ ကျော် ကြာသွားပြီ ” လို့ ဟုမ္မလင်းမြို့ခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီလို MPT ဖုန်းလိုင်းတွေ ပြတ်တောက်ရတာဟာ နောင်လွန် နားနောက်ကျေးရွာအနီးက MPT Operator…

Read More

ကြူကုတ်(ပန်ဆိုင်း)ဘက်က စစ်ရှောင်တဲတွေ အမိုးအကာ မလုံတဲ့အပြင် ရေဘေး စိုးရိမ်နေရ

ဩဂုတ် ၁၄-၂၀၂၁ Shy V(VOM)   မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)ဘက်က စစ်ရှောင်တဲတွေ အမိုးအကာ မလုံတဲ့အပြင် ရေဘေး စိုးရိမ်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။   “ကျန်းမာရေး ဆေးပစ္စည်းထက် အမိုးလုံတဲ့ ခိုလှုံဖို့နေရာ အရမ်းလိုအပ်နေပြီး အစားအသောက်တွေလည်း လိုအပ်နေတယ်”လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။   အရင်က စစ်ရှောင်စခန်းအဟောင်းမှာ နာမည်စာရင်းမပါသူ‌ တဲထိုးရှောင်တိမ်းကာ နေထိုင်ရတဲ့ အိမ်ခြေ ၂၀ နီးပါးနဲ့ လူဦးရေ ၅၀ အထက်ရှိပြီး အခုအခါ မိုးမလုံတဲ့အပြင် ရေကြီးလာနေတာကြောင့် ရေဘေးကိုလည်း စိုးရိမ်နေကြရတယ် လို့ စစ်ရှောင်နေသူတွေက ပြောဆိုနေကြပါတယ်။   စစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက” ယာယီတိမ်းရှောင်နေရတဲ့ ပြည်သူတွေက ကောင်စထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်း စတဲ့ရွာတွေ…

Read More
VOM News

FREE
VIEW