ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို ကြံတောင်သူတွေကတရားစွဲဆိုထား

သြဂုတ် ၁၇-၂၀၂၁ ရွှေမန်း(VOM)   စစ်ကိုင်းတိုင်း၊ မောင်းကုန်းဒေသက ကြံစိုက်တောင်သူတွေဟာ ကြံရာသီကုန်ဆုံးသော်လည်း သုံးလကျော်နောက်ကျတဲ့ ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို တရားစွဲဆိုထားတယ်လို့ ​တောင်သူတွေပြောပြချက်အရ သိရပါတယ်။   လက်ရှိမှာ တာဝန်ရှိသူတွေက စက်ရုံပိတ်​ပြီး ထွက်ပြေးနေတယ်လို့ သိရပါတယ်။   ၂၀၂၀ခုနှစ်က ကြံဖိုးငွေတွေကို စင်္ကာပူနိုင်ငံအခြေစိုက် ဝေမာကုမ္ပဏီက ၂၀၂၁ခုနှစ် ကြံစိုက်ရာသီဖြစ်တဲ့ သြဂုတ်လအထိ ငွေပေးချေခြင်းမရှိတဲ့အတွက် ကြံစိုက်တောင်သူ ငါးထောင်ကျော်ဟာ လာမည့်ကြံရာသီအတွက် ကြံစိုက်ခင်းအသစ်တွေ ထပ်မံမစိုက်ပျိုးနိုင်ခြင်း၊ လမိုင်းကွင်းတွေကို မြေဆီထည့်ခြင်း၊ ပေါင်းရှင်းလင်းခြင်းများကို မလုပ်ဆောင်နိုင်တာကြောင့် နစ်နာမှုများဖြင့်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။   ဇူလိုင်လအတွင်း ကြံဖိုးငွေအချို့ ရှင်းပေးပေမယ်လည်း ထပ်မံကျန်ရှိနေသေးကြောင်း တကောင်းမြို့နယ် ကြံစိုက်တောင်သူတွေရဲ့ကိုယ်စားလှယ် ဦးဖြူတင်ပြောပြချက်အရ သိရပါတယ်။   ” သကြားစျေးကို စျေးမြင့်တက်တာနဲ့အတူ ကြံစျေးနှုန်းတိုးပေးဖို့တောင်းဆိုခဲ့တယ်၊ မပေးဘူး။ စက်ရုံရပ်ပြီးကာလ ဘဏ်ထုတ်ဖို့အခက်အခဲရှိတယ်ဆိုပြီးတော့ ကြံဖိုး၊…

Read More

မင်းကင်းရပ်ကွက်ရုံးရှေ့မှာ ရဲက ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

သြဂုတ် ၊ ၁၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့ ၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရဲကပစ်ခတ်လို့ အရပ်သား(၂)ဦးသေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ပစ်ခတ်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ မင်းကင်းမြို့ခံ တစ်ယောက်က ” အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ယောကျ်ား ၁ ယောက်နဲ့ မိန်းမ ၁ ယောက်ရောက်လာတယ် ၊ အဲ့ဒီ ယောကျ်ား ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကင်းစောင့်နေတဲ့ ရဲနဲ့စကားများတယ် အဲ့အချိန်မှာ စဖြစ်တာ ” လို့ ပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲအရာရှိဝန်ထမ်းတစ်ယောက်က ”…

Read More

စမ်းချောင်းတရားရုံးဗုံးပေါက်ပြီးနောက်ပိုင်း လူငယ်(၄)ဦး ဖမ်းခံရ

ရန်ကုန်၊သြဂုတ် ၁၇၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တရားရုံးမှာ မနေ့ ဩဂုတ်လ ၁၆ရင်နေ့ ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီးနောက် ညပိုင်းမှာ စစ်တပ်နဲ့ရဲတွေက လူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါ တယ်။   စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဝါးခယ်မလမ်းမှာ မနေ့ညက သတင်းပေးသူတစ်ဦးကြောင့် လူငယ်(၄)ဦးကို စစ်တပ်နဲ့ရဲတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဝါးခယ်မလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   “ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ဖမ်းတာ၊ ပြောရရင် ဒလန်ကိုယ်တိုင် အိမ်တွေကိုလိုက်ပြတာ၊ ကျနော်သိသလောက် သုံးယောက်ပါတယ် မိန်းခလေးတစ်ယောက်လည်း အဖမ်းခံရတယ်လို့တော့ ကြားတယ်”လို့ သူ ပြောပါတယ်။   လင်းလွန်းတောင်ရပ်ကွက်က ဖမ်းဆီးခံရသူတွေဟာ ကိုမင်း၊ကိုကျော်ဇင်ထက်၊ကိုအောင်ပြည်ဖြိုးနဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။   စမ်းချောင်းမြို့နယ်မှာ ၂ရက်အတွင်း သီရီခေမာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်တရားရုံးမှာ ဗုံးပေါက်ခဲ့ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးလာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေး ပြောပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လ…

Read More

အမ်းမှာ ကျောင်းထိုင်ဘုန်းကြီးက ဆိတ်ပိုင်ရှင်နဲ့ဆိတ်ကို ဓါးနဲ့ခုတ်သတ်လို့ ရဲကဖမ်းဆီးထား

အမ်း၊ ဩဂုတ် ၁၇- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့က လူငယ်တစ်ဦးဓားခုတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတာကြောင့် အဲဒီလူငယ်ကို ဓားနဲ့ခုတ်သတ်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို အမ်းရဲတပ်ဖွဲ့က မနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။   သေဆုံးသွားတဲ့လူငယ်ဟာ အမ်းမြို့နယ်၊ လိပ်ကုန်းကျေးရွာက အသက် (၂၀) အရွယ်၊ မောင်ခင်မောင်လေးဖြစ်ကြောင်းသိရပြီး ဓားဒဏ်ရာ (၃) ချက်နဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသွားသူရဲ့အစ်ကိုဖြစ်သူက ပြောပါတယ်။   ဖြစ်စဉ်မှာ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ပျဉ်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကို ဝင်ရောက်လာတဲ့ မောင်ခင်မောင်လေးရဲ့ ဆိတ်ကို ကျောင်းထိုင်ဘုန်းကြီးက ဓားနဲ့ ခုတ်သတ်ခဲ့တာကြောင့် အကျိုးအကြောင်းပြောဖို့ ဘုန်းကြီးကျောင်းကို ဝင်လာရာမှာ ဆိတ်ကိုခုတ်ထားတဲ့ဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်ကြောင်း မောင်ခင်မောင်လေးရဲ့…

Read More

ကမာရွတ် ၃ရပ်ကွက်က သတင်းပေးဒလန်လို့ နာမည်ကြီးသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ဩဂုတ် ၁၇ ၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်လမ်းနဲ့ စေတနာသုလမ်းထောင့်အနီးမှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ နာမည်ကြီးသူ ဦးတင်လှဟာ ဒီကနေ့မနက်၅နာရီခန့်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ထန်းတပင်လမ်းတွင် နေထိုင်သူတစ်ဦးက “အိမ်မှာကို လာပစ်သွားတာ မနက်အစောကြီး၊ နဖူးတည့်တည့်ကို ပစ်သွားတာ ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။   သေဆုံးသူဦးတင်လှရဲ့ အလောင်းကို လူနာတင်ယာဥ်နဲ့လာသယ်သွားပြီး စစ်တပ်နဲ့ရဲတွေပါ ရောက်ရှိစစ်ဆေးနေပြီလို့သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ထန်းထပင်လမ်းထဲကို အင်အားအများအပြားနဲ့ ရောက်ရှိနေပြီး အခင်းဖြစ်ပွားရာနေရာနဲ့ အနီးအနားတဝိုက်ကို စစ်ဆေးမှုတွေပြုလုပ်ကာ လမ်းပိတ်ထာူတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   ကမာရွတ်မြို့နယ်အတွင်း ဒလန်တွေရဲ့သတင်းပေးမှုကြောင့် လူငယ်အများစု ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

အစင်ကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံး

သြဂုတ် ၁၇-၂၀၂၁ KK(VOM)   ရေးမြို့နယ်၊ အစင်ကျေးရွာ၊ ဓမင်းဆိပ်ရေတံခွန်သွားလမ်း၊ ဖယ်ဝီး ဘုန်းကြီးကျောင်းနားမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကို ဆိုသူကို မနေ့ဩဂုတ်လ ၁၆ရက် ည ၆နာရီက အမည်မသိလူနှစ်ဦး အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။   ဘုန်းကြီးကျောင်းအနီး နေထိုင်သူတစ်ဦးက “အိမ်ပေါ်တက်ပြီး ဓားနဲ့ထိုးတယ် သေနတ်နဲ့ပါ ပစ်သွားတယ် ပွဲချင်းပြီးပဲ၊ သေတဲ့သူက ရာအိမ်မှူး၊ ပြီးတော့ ကြံ့ခိုင်ရေးပါတီက၊ သူ့ကြောင့် ရွာကလူတွေ အဖမ်းခံရတာ ရှိတယ် “လို့ ပြောပါတယ်။   သေဆုံးသူဟာ အစင်စံပြကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးကိုကိုဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ​ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။   အစင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက် ညပိုင်းက ကြံခိုင်ရေးပါတီဥက္ကဌ ဦးအုန်းမောင်ရဲ့နေအိမ်မှာ ဗုံးပေါက်ခဲ့လို့…

Read More

သူဌေးကုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းဖြတ် အသတ်ခံရ

သြဂုတ် ၊ ၁၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ မနေ့ သြဂုတ် ၁၆ ည ၈ နာရီ ဝန်းကျင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းဖြတ် အသတ်ခံရတယ်လို့ မြောင်မြို့နယ် ကျောက်ရစ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒေသအခေါ်ကတော့ သူဌေးကုန်းရွာ ၊ မြို့နယ်အမည်ပေါက်က သုခဒီပ ရွာလို့ခေါ်တယ် ၊ အဲ့ဒီရွာက အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန် ရဲ့အိမ်ကို မနေ့ညက ၈ နာရီ မထိုခင် လူတစုရောက်လာပြီး အုပ်/မှူး ဦးအောင်မြင့်စိန် ကို ဦးခေါင်းဖြတ် သတ်တယ် ၊ အဲ့ဒီအချိန်မှာ ဘေးအိမ်က အော်လို့ဆိုပြီး ဘေးအိမ်ကို သေနတ်နဲ့ ပစ်တယ် ၊ ကျည်ဆံမှန် ဒဏ်ရာရသူ တချို့ရှိထားတယ်လို့ သိရတယ် ၊…

Read More

တကောင်းနီကယ်စက်ရုံက အလုပ်သမား(၂)ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၁၇-၂၀၂၁ KK(VOM)   စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် Myanmar CNICO တကောင်းနီကယ်သတ္တုတူးဖော်ရေးစက်ရုံက အလုပ်သမားနှစ်ဦးဟာ မနေ့ဩဂုတ်လ ၁၆ရက် ည၆နာရီခန့်က သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ မောင်းကုန်းကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။   စက်ရုံကအပြန် မောင်းကုန်းရွာနဲ့မြတောင်ရွာကြား ကန်သာယာရွာလမ်းမ​ပေါ်မှာ ဆိုင်ကယ်နဲ့ပြန်လာချိန် အမည်မသိအဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတာ ရှစ်ချက်လောက်ရှိမယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးကိုအတူစီးကာ ပြန်လာလေ့ရှိပြီး မြတောင်ကျေးရွာနဲ့သပြေလှကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ မောင်းကုန်းကျေးရွာနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   သေဆုံးသူလူငယ်နှစ်ဦးဟာ န.စ.ကနဲ့ပတ်သက် ဆက်နွယ်သူတွေဖြစ်လို့ အသတ်ခံရတာဖြစ်ကြောင်း ထင်ကြေးပေးသူတွေလည်း ရှိနေပါတယ်။   ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာ ၂၀၁၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ MYANMAR CNICO တကောင်းနီကယ်ဓာတ်သတ္တုတူးဖော်ရေးကုမ္မဏီကို တရုတ်လူမျိုး Mr Luo Hongwei ပိုင်ဆိုင်တာ…

Read More

မြောက်ကိုရီးယားက သတိပေးပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

ဆိုးလ်၊ သြဂုတ်-၁၆-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားက ကန့်ကွက်သတိပေးမှုတွေရှိနေပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်မှာစတင်လိုက်ပါတယ်။   အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက် ကနေ သြဂုတ် ၂၆ ရက်ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာ၀န်ရှိသူတွေက ပြောပါတယ်။   ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နိုင်ခြေရှိတ့ဲ့ပဋိပက္ခတစ်ခုအဖြစ် အသွင်ယူလေ့ကျင့်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ကွန်ပြူတာစနစ်အပါအ၀င် ပုံစံတူလေ့ကျင့်မှုတွေ ပါ၀င်ဖွယ်ရှိပြီး အမှန်တကယ်ပစ်ခတ်လေ့ကျင့်မှုတွေတော့ မပါ၀င်ဘူးလို့ဆိုပါတယ်။   ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လိုအပ်တဲ့တပ်ဖွဲ့၀င်တွေကိုသာ လိုအပ်သောနေရာတွေမှာ ဖြန့်ကြက်လေ့ကျင့်စေမှာဖြစ်ကြောင်းတောင်ကိုရီးယား စစ်ဘက်က အစောပိုင်းမှာ ကြေညာထားပါတယ်။   အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဘယ်လိုရှိပါစေ ဖျက်သိမ်းဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ယခုလအစောပိုင်းမှာ သတိပေးပြောကြားထားပါတယ်။   Ref : NHK…

Read More

မတ္တရာ NLD လူငယ် အမာခံ ၁ ယောက် သတ်ခံရပြီး အလောင်းဖျောက်ခံရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ NLD လူငယ် အမာခံ အဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီး မြေမြုတ်ထားတဲ့ မြေပုံတခုကို မနေ့ သြဂုတ် ၁၅ ညက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ္တရာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မတ္တရာနယ် ဆိတ်သာရွာရဲ့ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ လမ်းဘေးတောစပ် တနေရာမှာ လူမြုတ်ထားတဲ့ မြေပုံတခုတွေ့ရတယ်လို့ သတင်းရတာကြောင့် မြို့နယ်လူကြီးတွေက အဲ့ဒီမြေပုံကို တူးဖော်စစ်ဆေးကြတာဖြစ်တယ် ” လို့ ဆိတ်သာရွာခံ တစ်ယောက်က ပြောပါတယ်။   ” မနေ့ကည ၈ နာရီဝန်းကျင်မှာ မြို့နယ်ဆရာဝန်ကြီး ၊ မြို့နယ်တရားသူကြီး ၊ မြို့နယ်ထွေအုပ်…

Read More
VOM News

FREE
VIEW