ကမာရွတ် ၃ရပ်ကွက်က သတင်းပေးဒလန်လို့ နာမည်ကြီးသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ဩဂုတ် ၁၇ ၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်လမ်းနဲ့ စေတနာသုလမ်းထောင့်အနီးမှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ နာမည်ကြီးသူ ဦးတင်လှဟာ ဒီကနေ့မနက်၅နာရီခန့်က သေနတ်နဲ့ပစ်ခံရပြီး
သေဆုံးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ထန်းတပင်လမ်းတွင် နေထိုင်သူတစ်ဦးက “အိမ်မှာကို လာပစ်သွားတာ မနက်အစောကြီး၊ နဖူးတည့်တည့်ကို ပစ်သွားတာ ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။
 
သေဆုံးသူဦးတင်လှရဲ့ အလောင်းကို လူနာတင်ယာဥ်နဲ့လာသယ်သွားပြီး စစ်တပ်နဲ့ရဲတွေပါ ရောက်ရှိစစ်ဆေးနေပြီလို့သိရပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ထန်းထပင်လမ်းထဲကို အင်အားအများအပြားနဲ့ ရောက်ရှိနေပြီး အခင်းဖြစ်ပွားရာနေရာနဲ့ အနီးအနားတဝိုက်ကို စစ်ဆေးမှုတွေပြုလုပ်ကာ လမ်းပိတ်ထာူတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
ကမာရွတ်မြို့နယ်အတွင်း ဒလန်တွေရဲ့သတင်းပေးမှုကြောင့် လူငယ်အများစု ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW