အစင်ကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံး

သြဂုတ် ၁၇-၂၀၂၁
KK(VOM)
 
ရေးမြို့နယ်၊ အစင်ကျေးရွာ၊ ဓမင်းဆိပ်ရေတံခွန်သွားလမ်း၊ ဖယ်ဝီး ဘုန်းကြီးကျောင်းနားမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကို ဆိုသူကို မနေ့ဩဂုတ်လ ၁၆ရက် ည ၆နာရီက အမည်မသိလူနှစ်ဦး အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။
 
ဘုန်းကြီးကျောင်းအနီး နေထိုင်သူတစ်ဦးက “အိမ်ပေါ်တက်ပြီး ဓားနဲ့ထိုးတယ် သေနတ်နဲ့ပါ
ပစ်သွားတယ် ပွဲချင်းပြီးပဲ၊ သေတဲ့သူက ရာအိမ်မှူး၊ ပြီးတော့ ကြံ့ခိုင်ရေးပါတီက၊ သူ့ကြောင့် ရွာကလူတွေ အဖမ်းခံရတာ ရှိတယ် “လို့ ပြောပါတယ်။
 
သေဆုံးသူဟာ အစင်စံပြကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးကိုကိုဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ​ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
 
အစင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက် ညပိုင်းက ကြံခိုင်ရေးပါတီဥက္ကဌ ဦးအုန်းမောင်ရဲ့နေအိမ်မှာ ဗုံးပေါက်ခဲ့လို့ လူနှစ်ဦးဒဏ်ရာရရှိတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
သြဂုတ် ၁၃ရက် ည ၈နာရီကလည်း ရေးမြို့နယ်၊ မော့ကနင်ရွာသစ်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိူင်ထိန်းကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
ရေးမြို့နယ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရတာဟာ (၅)ကြိမ်မြောက်ရှိနေပြီး ဇွန် ၂၈ရက်က နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ဇူလိုင်လ ၉ရက်က အမြောက်တပ်ရင်း စစ်သားတစ်ဦး ပစ်ခတ်ခံခဲ့ရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရေး

Related posts

Leave a Comment

VOM News

FREE
VIEW