သြဂုတ် ၊ ၁၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်တည်မြို့နယ် မြောက်ပိုင်း ၊ တန့်ဆည် ဒေါင့်ကြီး သွားကားလမ်းမှာ ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ကားတန်းဖြတ်သန်းလာတဲ့အချိန် လမ်းဘေးထောင်ထားတဲ့ မိုင်း ၄ လုံး ပေါက်ကွဲခဲ့တဲ့အတွက် ကား ၁ စီးပျက်စီးပြီး လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” တန့်ဆည်-ဒေါင့်ကြီးကားလမ်း အက်ုက္ကားရွာနဲ့ ဒေါင့်ကြီးရွာအကြား ၊ ဒေါင့်ကြီး တံတားအနောက်ဘက်နားမှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲသံပြင်းပြီး ၄ ကြိမ်ဆက်တိုက် အသံကြားရလိုက်တယ် ၊ ရဲကားတန်းထဲက ဒါဘရယ်ကပ် ကား ၁ စီး ပျက်စီးလို့ ထွန်စက်နဲ့ ကားပျက်ကိုဆွဲသွားတယ် ၊…
Read MoreMonth: August 2021
မုံရွာမြို့နယ်ရဲ့ မြောက်ဘက် မြို့ဝင်စစ်ဆေးရေးဂိတ်အနီး အဝေးထိန်း မိုင်း ၁ လုံးပေါက်ကွဲ
သြဂုတ် ၊ ၁၆ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-ဘုတလင်-ရေဦးသွားကားလမ်းနဲ့ မုံရွာ-ယာကြီး-ကလေးဝ သွားကားလမ်း ဒေသအခေါ် သုံးထောင့်ချွန်းလမ်းဆုံနေရာအနီးမှာ ဒီကနေ့ မနက် ၁၀ နာရီက အဝေးထိန်းမိုင်း ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ” မြေမြုတ်ထားတဲ့ အဝေးထိန်း မိုင်းအမျိုးအစား ဖြစ်နိုင်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊ အဲ့ဒီအနီးက မြို့ပြ လမ်းညွှန်မြေပုံတော့ ထိခိုက်ပျက်စီးသွားတယ် ” လို့ သွားရောက်စစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ မနေ့ သြဂုတ် ၁၅ရက် မနက်ပိုင်းကလည်း မုံရွာမြို့လယ် နာရီစင်အနီးဝန်းကျင်မှာ ပေါက်ကွဲမှု တစ်ကြိမ် ၊ ည ၈ နာရီဝန်းကျင်မှာ…
Read Moreသတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆေးဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
သြဂုတ် ၊ ၁၆ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက် ၊ လမ်းဆုံအဝိုင်းပတ်အနီးကဆေးနဲ့ ဆေးပစ္စည်း အရောင်ဆိုင်တခုမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဆေးလာဝယ်သူ ၃ ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဆေးဆိုင်ပိုင်ရှင် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” လမ်းဆုံးနားက ဇီဝက ဆေးဆိုင်မှာ ဖြစ်တာပါ ၊ ဆိုင်ကယ်နဲ့ ဆေးလာဝယ်တဲ့ လူ ၃ ယောက်က အနီးကပ် သေနတ်နဲ့ ပစ်လို့ ဆိုင်ရှင် ကိုမျိုး ကျည်ဆံမှန်ပြီး နေရာမှာတင် သေဆုံးသွားတာပါ ” လို့ တန့်ဆည်လမ်းဆုံမှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ် ။ သေဆုံးသူ ဆေးဆိုင်ပိုင်ရှင် ကိုမျိုးဆိုသူဟာ တန့်ဆည်မြို့နယ်…
Read Moreမူဆယ်နန်းတော်ပေါက် ဒီကနေ့တစ်ရက် ပြန်ဖွင့်ပေး
ဩဂုတ် ၁၆-၂၀၂၁ Shy V (VOM) တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်းတော်ပေါက်ကို ဩဂုတ်လ ၁၆ ရက်နေ့ ဒီကနေတစ်ရက်တည်း ပြန်လည်ဖွင့်ပေးပြီး ပြည်တော်ပြန်တချို့ကို ပြန်ပို့ပေးနေတယ်လို့ ရွှေလီရှိ ရွှေမြန်မာအွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “တစ်သုတ် ပို့ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေလီ က ကိုဗစ် အဝါရောင်အဆင့် သတ်မှတ်ထားလို့၊ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီ၊ ကျယ်ဂေါင်တို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် တရုတ်နိုင်ငံသားတွေအားလုံးကို တစ်ရက်ခြား တစ်ကြိမ် ပိုးရှိ၊မရှိ စစ်ဆေးပေးနေတယ်၊ လောလောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိတဲ့ မြန်မာနိုင်ငံသားတွေမှသာ မြန်မာဘက်ကို ပြန်ပို့ပေးတယ်။” လို့ ရွှေမြန်မာအွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှု အသင်းဥက္ကဌ ကိုချမ်းမြေ့က ပြောပါတယ်။ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာ…
Read Moreမုံရွာ – ဂန့်ဂေါ ကားလမ်းအနီးမှာ ဦးခေါင်းပြတ် ရုပ်အလောင်း ၁ လောင်းတွေ့
သြဂုတ် ၊ ၁၆-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မုံရွာ-ဂန့်ဂေါ ကားလမ်း ၅၂ မိုင်ကျေးရွာအနီး ပျဥ်းပင်ကွေ့ နဲ့ ကျောက်စလင်းတောင်ကြားနေရာမှာ မနေ့ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ဦးခေါင်းပြတ် အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ လဲကန်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ကျောက်စလင်းတောင်ကြားက သျှိုထဲမှာတွေ့ရတာဖြစ်တယ် ၊ ဦးခေါင်းပြတ်ဒဏ်ရာအပြင် ကျည်ဆံဖောက်ဝင်ဒဏ်ရာတချို့လည်းတွေ့ရတယ် ၊ သေဆုံးသူက ၅၅ မိုင်ရွာမှာနေတဲ့ ကိုအောင်မျိုးသက် ဆိုသူဖြစ်တယ်၊ သူက မြိုင်နယ်ဘက်သူနဲ့ အိမ်ထောင်ကျပြီး သာမန် အလုပ်တွေ လုပ်ကိုင်နေတဲ့ အရပ်သား တစ်ယောက်ဖြစ်တယ်” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်းတွေ့ရတဲ့ ကိစ္စနဲ့…
Read Moreဖမ်းဆီးခံသွားရတဲ့ ဝေဘာဂီရပ်ကွက်က လူငယ်(၁၆)ယောက် ပြန်လွတ်လာ
ရန်ကုန်၊သြဂုတ် ၁၆-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာ မနေ့ညပိုင်းက ဖမ်းဆီးခံသွားရတဲ့ လူငယ် ၁၆ ယောက်ကို ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာနေထိုင်နေပြီး မနေ့ညက ပရဟိတလူမှုရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး ပြန်လာချိန်မှာ ဖုန်းဆက်တိုင်ကြားမှုတစ်ခုကြောင့် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ နှင်းဆီနီလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ “လူငယ်တွေချည်းပဲ ၁၆ယောက်ဆိုတော့ ဒလန်က စစ်တပ်ကို သတင်းလှမ်းပေးမှာပေါ့၊ ဒါကြောင့်စစ်တပ်က ချက်ချင်းရောက်လာတာ ဗုံးပေါက်ထားတာလည်းရှိတယ်လေ၊ အခုတော့ ၁၆ယောက်လုံးပြန်လွှတ်ပါပြီ”ဟု ရှင်းပြပါတယ်။ ပြန်လည်လွှတ်မြောက်လာသူ လူငယ်တွေဟာ မနေ့က မှော်ဘီမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းပြီး ပြန်လာချိန်မှာ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ အလားတူ သြဂုတ် ၁၄ရက် ည၁၂နာရီကျော်က (င)ရပ်ကွက်၊ နွယ်နီ ၈လမ်းမှာ လူငယ်တစ်ဦးကို ဖမ်းဆီးသွာပြီး…
Read Moreယင်းမာပင်မှာ မိုင်းပေါက်ကွဲလို့ နွားကျောင်းနေတဲ့ မောင်နှမ၂ ယောက် ဒဏ်ရာရ
သြဂုတ် ၊ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်က နွားကျောင်းနေတဲ့ မောင်နှမ ၂ ယောက်ဟာ ထောင်မိုင်းနင်မိပြီး ပေါက်ကွဲခဲ့တဲ့အတွက် ဒဏ်ရာတွေရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာကို မနေ့ သြဂုတ် ၁၅ ညပိုင်းက ရောက်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မိုင်းစထိမှန် အရေးပေါ် လူနာ ၂ ယောက် ရောက်လာတယ် ၊ အမျိုးသား အသက် ၁၉ နှစ် ဝဲဘက်ခါးဘေး ဒဏ်ရာ ၁ ချက် ၊ ဝဲဘက် ခြေမျက်စိအောက် ဒဏ်ရာ ၁ ချက် နဲ့ အမျိုးသမီး အသက် ၁၇ နှစ် ယာလက်မောင်း ဒဏ်ရာ ၁ ချက် ၊…
Read Moreဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ ကိုဗစ်နဲ့ကွယ်လွန်
သြဂုတ် ၁၆၊၂၀၂၁ KK(VOM) ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ပြီး ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေဟာ ကိုဗစ်ရောဂါနဲ့ဒီကနေ့မနက်မှာပဲ ကွယ်လွန်သွားတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ ကမာနက်ကျေးရွာက NLDပါတီဝင်တစ်ဦးက”သူ့မှာ သွေးတိုးရော ဆီချိုရောရှိတယ်၊ ထောင်ထဲမှာ ကိုဗစ်ကူးတယ်ဆိုတော့ ဘယ်အဆင်ပြေမလဲ၊ ကလိဆေးရုံမှာတက်နေတာ နှစ်ပတ်ကျော်ပြီ ဒီနေ့မနက်က ဆုံးသွားတာ”လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေဟာ ဖေဖော်ဝါရီ ၉ရက်ကပြုလုပ်တဲ့ ပဲခူးမြို့ပေါ် ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဇူလိုင် ၂၄ ရက်က စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း နဲ့ တိုင်းလွှတ်တော် NLD အမတ် ဦးညွန့်ရွှေ တို့နှစ်ဦးဟာ ကိုဗစ်ကူးစက်ခံရပြီး ကလိဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ သေဆုံးသူဦးညွန့်ရွှေရဲ့ နာရေးကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်တပ်ကနေ ပြုလုပ်ပေးမယ်လို့ သိရပြီး မိသားစုဝင်တွေကတော့ ပဲခူးမြို့နယ်၊…
Read Moreကျောက်မဲဘက်က စစ်ရှောင်တွေ အစားအသောက်နဲ့ ဆေးဝါး ခက်ခဲနေ
ဩဂုတ် ၁၆၊ ၂၀၂၁ Shy V(VOM) ရှမ်းပြည်နယ် ၊ ကျောက်မဲမြို့နယ်ဘက်က စစ်ရှောင် ပြည်သူတွေ အစားအသောက်နဲ့ ဆေးဝါး ခက်ခဲနေတယ်လို့ ရှောင်တိမ်းလာသူတွေနဲ့ လက်ရှိအကူအညီ ပေးနေသူတွေဆီက သိရပါတယ်။ ” အများဆုံး အဓိက လိုအပ်နေတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပဲ၊ သက်ကြီးရွယ်အိုတွေ အများကြီးပါတယ်။ ဒုက္ခိတတွေလည်းပါတယ်။ ဆန်က အလှူရှင်ရှိပေမယ့် စားနပ်ရိက္ခာ မလုံလောက်ဘူး။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ ဆပ်ပြာ၊ ဟင်းတွေအကုန်ပဲခ။ အဝတ်ရောစောင်တွေရော” လို့ မိုင်းတင်းက စစ်ရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။ တစ်ချို့ စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲကြောင့် နှစ်ကြိမ်ထပ်ရှောင် လာခဲ့ရတဲ့သူဖြစ်ပြီး လက်ရှိ ရွာတွေထဲ စစ်သားတွေရှိနေတာကြောင့် ပြန်လို့မရဖြစ်နေသလို အချိန်ဘယ်လောက်ကြာကြာ ရှောင်နေရမယ်ဆိုတာကို မသိဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ ”…
Read Moreမြို့တော် ကဘူးမှလွဲပြီး အာဖဂန်ရှိမြို့ကြီးအားလုံးကို တာလီဘန်အဖွဲ့သိမ်းယူလိုက်ပြီ
ကဘူး၊ သြဂုတ်-၁၅-၂၀၂၁ မျိုးဆက် (VOM) အာဖဂန်နစ္စတန်မှာ အဓိကမြို့ကြီးတွေကို တာလီဘန်အဖွဲ့က အလျှင်အမြန်သိမ်းပိုက်မှုတွေပြုနေပြီး လက်ရှိမှာတော့ မြို့တော်ကဘူးကလွဲရင် ကျန်တဲ့မြို့ကြီးတွေအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ စစ်သွေးကြွအဖွဲ့ဟာ သြဂုတ် ၁၄ ရက်မှာ နိုင်ငံအရှေ့ပိုင်းရှိ မြို့တော် ဂျလာလာဘတ်ကို သိမ်းပိုက်ခဲ့ပြီး ကဘူးမြို့တစ်မြို့တည်းသာ အစိုးရ၏ထိန်းချုပ်မှုအောက်မှာရှိတော့ပါတယ်။ အစိုးရရဲ့မြောက်ပိုင်းအခြေစိုက်မြို့ဖြစ်တဲ့ မာဇာအိုင်ရှာရစ်ဖ်ကိုလည်း သြဂုတ် ၁၃ ရက်မှာ သိမ်းယူလိုက်ပြီးနောက် ဂျလာလာဘတ်မြို့ကို ဆက်လက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သြဂုတ် ၁၄ ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တာလီဘန်တို့ဟာ ဂျလာလာဘတ်မြို့ကို သိမ်းယူရာမှာ သေနတ်တစ်ချက်ပင် မဖောက်လိုက်ရဘူးလို့ ပြောပါတယ်။ ဂျလာလာဘတ်မှာ လက်ရှိအချိန်ထိ ပဋိပက္ခမဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးဟာ တာလီဘန်တို့ထံ လက်နက်ချလိုက်တယ်လို့ မြို့မှာနေထိုင်တဲ့ အာဖဂန်တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အစိုးရတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲဖြစ်နေမှုကြောင့် အာဖဂန်သမ္မတ ဂါနီဟာ ရာထူးမှုနှုတ်ထွက်ပေးဖို့ ဖိအားတွေလည်း ကြီးထွားလာနေပါတယ်။ သူဟာ လက်နက်ချဖို့…
Read More