မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ရေကြီးနေ

ဩဂုတ် ၂၅၊ ၂၀၂၁ Shy V(VOM)   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့က ရေကြီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “ဒီမနက် ၁၀ ကနေ ၁၁ နာရီလောက်အထိ။ တောင်ပေါ်ကရေတွေ ဒီမနနက် အစောကတည်းက အရှိန်နဲ့ စီးလာတာ။ ရေတွေစုလာပြီး မနက် ၉:၄၅ နာရီ ခန့်ကတည်းက တောင်ရေက ကြီးလာနေပြီ။ အိမ်ထဲတွေမှာ ရေတွေ ရွှံ့တွေနဲ့ပြည့်ကုန်ပြီ။ ” လို့ ‌လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်   လိုင်ဇာမြို့တွင်း အချို့နေရာတွေမှာ တောင်ကျရေကြီးလာပြီး မြို့လမ်းမထိရောက်လာတယ်လို့လည်း သိရပါတယ်။   ယခင်က မုန်လိုင်ခက်ချောင်း ရေကြီးတတ်ပေမယ့် အခုလိုမျိုး အခြေအနေထိ ကြီးလာတာမရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။   Photo -Simsa…

Read More

သင်္ကန်းကျွန်းမြို့နယ်က လူငယ်(၅)ဦး ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုမှာ မနေ့ည ၈နာရီက လူငယ်(၅)ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးချိန်မှာ လူငယ်တစ်ဦး တိုက်ပေါ်ကနေ ခုန်ချလို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   ရပ်ကွက်နေပြည်သူတစ်ဦးက “စစ်တပ်က ဝင်လာတာအများကြီးပဲ၊ ကောင်လေးတစ်ယောက်အဖမ်းမခံဘဲ တိုက်ပေါ်က ခုန်ချလို့ ဒဏ်ရာရသွားတယ်လို့ကြားတယ် ၊ လူနာတင်ယာဥ်လည်း ဝင်သွားတယ်”လို့ သူကရှင်းပြပါတယ်။   မနေ့ညနေပိုင်းကလည်း သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ နဝရတ်(၁၀)လမ်းက တိုက်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်(၄)ဦး ဖမ်းဆီးခံခဲ့ရသေးတယ်လို့ ၈ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   အခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ မြို့နယ်အသီးသီးက တက်ကြွလှု​ပ်ရှားသူတွေကို လိုက်လံဖမ်းဆီးချိန်မှာ ထိခိုက်ဒဏ်ရာရနဲ့ သေဆုံးသူအချို့လည်း ရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

မုံရွာမြို့မှာ ပင်စင်လစာ လာထုတ်သူတွေကို အာဟာရနဲ့စားသောက်ကုန်တချို့ မျှဝေပေး

သြဂုတ် ၊ ၂၅ -၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစား လစာ လာရောက်ထုတ်ယူတဲ့ ပင်စင်စားသက်ကြီးတွေကို မုံရွာမြို့ကစေတနာရှင်တွေစုပေါင်းပြီးတော့ အာဟာရနဲ့ စားသောက်ကုန်တချို့ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။   ” ဘဏ်မှာ ပင်စင်လစာထုတ်ဖို့ မနက်၅ နာရီကနေ တန်းစီစောင့်နေရတဲ့ သက်ကြီးတွေအပေါ် စာနာမိတာရယ် မနက်စာ အဟာရဖြည့်ဖို့ သူတို့ အခက်အခဲရှိနေတာဆိုတော့ အခုလို လူအယောက် ၄ ရာစာအတွက် မျှဝေပေးဖြစ်တာ ” လို့ စေတနာရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် (မုံရွာ အိမ်ငှား အကျိုးဆောင်)က ပြောပါတယ်။   လစဥ် ၂၀ ရက်နောက်ပိုင်းတွေမှာ မုံရွာစီးပွားရေး ဘဏ်ကို ပင်စင်လစာ လာရောက်ထုတ်ယူဖို့ လာရောက်တန်းစီတဲ့ သက်ကြီးရွယ်အိုတွေ ရာနဲ့ချီပြီးရှိတဲ့အတွက် မနက်စာ အာဟာရစားသောက်ဖို့…

Read More

လာအိုနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ​ကျော် တာချီလိတ်မြို့ကို ပြန်လည်လွှဲ​​ပြောင်းပေး

ဩဂုတ် ၂၅-၂၀၂၁ Shy V (VOM)   လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံမှာ အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြပြီး ​ကပ်​ရောဂါ အ​ခြေအ​နေနဲ့ အခက်အခဲအမျိုးမျိုး​ကြောင့် ​နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့​ပြောင်းအလုပ်သမား ၄၉၄ ဦးကို မနေ့ သြဂုတ်လ ၂၄ ရက်​နေ့ မနက်ပိုင်းက လာအိုနိုင်ငံတာဝန်ရှိသူတွေက လာအိုနိုင်ငံ၊ မိုင်းမော့ဆိပ်ကမ်ကနေ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာ အုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့​ဆောင်​ပေးခဲ့​တယ်လို့ တာချီလိတ်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။   နေရပ်ကိုပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစု​ပေါင်း ၄၉၄ ဦး တို့ကို ၈ ကြိမ်​မြှောက် လွှဲပြောင်း လက်ခံခဲ့​တာဖြစ်လို့ သိရပါတယ်။   မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ စနစ်တကျစိစစ်လက်ခံပြီး အဲ့ဒီ…

Read More

မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျလို့ လူ ၈ ဦး သေဆုံးပြီး ကျန်ရုပ်အလောင်းတွေ ဆက်ရှာနေရ

သြဂုတ် ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ကြပ်ပြင်၊ အောင်သစ်လွင်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတဲ့အတွက် သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။   ရှာဖွေကယ်ဆယ်ရေးတွေ လုပ်တဲ့အခါ ဒီနေ့ ညနေ ၅ နာရီအထိ သေဆုံးသူ ရုပ်အလောင်း ၈ လောင်းကိုသာ ရှာဖွေထားနိုင်ပြီး ကျန်ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဖြစ်တာက ဒီမနက် ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မြေပြိုကျလို့ လူနေအိမ် ၃ လုံးအပေါ် မြေစာပိပြီး စာရင်းအရ လူ ၁၁ ယောက် မြေစာပိ ပျောက်ဆုံးနေတာပါ ၊ ဒီညနေအထိတော့ ၈ လောင်းကို ရှာဖွေနိုင်ခဲ့ပြီးဖြစ်လို့…

Read More

မြန်မာ့အရေး အင်ဒို-ပစိဖိတ်နိုင်ငံတွေ ပူးပေါင်းကြဖို့ အမေရိကန်ဒုသမ္မတ တိုက်တွန်း

စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ ပူးပေါင်းပါ၀င်ကြဖို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က သြဂုတ် ၂၄ ရက်မှာတိုက်တွန်းလိုက်ပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်က ပြစ်တင်ရှုတ်ချတယ်လို့လည်း အမေရိကန်ဒုသမ္မတက စင်ကာပူမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။   အကြမ်းဖက်မှုလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မိမိတို့ပြစ်တင်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးမှာ မြန်မာပြည်သူတွေကို ထောက်ခံတယ်လို့ မိမိတို့ကတိပြုကြောင်း သူမကဆိုပါတယ်။   မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် မိမိတို့ရဲ့အားထုတ်မှုတွေမှာ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေက ပူးပေါင်းပါ၀င်ဖို့ မျှော်လင့်တယ်လို့ ကမလာဟားရစ်က ပြောပါတယ်။ သူမဟာ စင်ကာပူကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ လက်ရှိအချိန်ထိ အောင်မြင်ခြင်းမရှိသေးပါဘူး။   အမေရိကန်၊ အီးယူ၊ ကနေဒါနဲ့ ဗြိတိန်တို့လို အင်အားကြီး အနောက်နိုင်ငံတွေကတော့ အရေးယူပိတ်ဆို့မှုတွေချမှတ်ပြီး…

Read More

သင်္ဃန်းကျွန်းမှာ Zello အသုံးပြုသူကိုဖမ်းမိပြီး ခြေရာခံကာ မြို့နယ်အချို့က လူငယ်တွေကို ဖမ်းဆီး

သြဂုတ် ၂၄-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇဗ္ဗူမေတ္တာလမ်းမှာ မနေ့ ဩဂုတ်လ ၂၃ရက် ညနေ ၆နာရီခွဲက တက်ကြွလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ” ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက သင်္ဃန်းကျွန်းမြို့နယ်က Zello Apk ကွန်ယက်အသုံးပြုတဲ့ လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးမိပြီးနောက်ပိုင်းမှာ ခြေရာခံပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်၊ ဝေါ်ကီတော်ကီလိုမျိုး အဖွဲ့လိုက်စုပြောလို့ရတဲ့ဆော့ဖ်ဝဲမျိုး၊ ကျနော်တို့လူငယ်တွေ ဆက်သွယ်လို့ရအောင် Channel တစ်ခုလုပ်ထားတာ Zelloဆိုပြီး အဲ့စကားပြောစက်က တစ်ဆင့်လူငယ်တွေကိုလိုက်ဖမ်းတာ”လို့ သင်္ဃန်းကျွန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   မနေ့က သင်္ဃန်းကျွန်းမြို့နယ်က လူငယ်တွေကို ဖမ်းဆီးပြီးနောက် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အိမ်အမှတ် ၅၄က မိတ်ဆက် ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင်လင်မယားနဲ့ လူ၅ဦးပါ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။   တောင်ဥက္ကလာမြို့နယ်၊…

Read More

ရှမ်းပြည်နယ်တောင်ပိုင်းက မီးရထားဝန်ထမ်း ၂ ဦးကို လမ်းဘေးမှာ သေဆုံးလျက်တွေ့

သြဂုတ် ၊ ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းရထားလမ်းပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးရထားဝန်ထမ်း ၂ ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက တွေ့ခဲ့ရတဲ့အတွက် အောင်ပန်းရဲဌာနကို အကြောင်းကြားထားတယ်လို့ ကုန်းလွင်ရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ကုန်းလွင် ရွာခံတစ်ယောက်က “ရထားလမ်းဘေးက ရွာရဲ့ ပြောင်းစိုက်ခင်းထဲမှာ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်ကြားလို့ သွားကြည့်တဲ့သူတွေကပြောတယ်၊ လုပ်ကြံခံရလို့ သေနေတဲ့ လူ ၂ ယောက်က ရထားဝန်ထမ်းတွေဖြစ်နေတာ ” လို့ ပြောပါတယ် ။   သေဆုံးသူ ၂ ဦး နဲ့ ပတ်သက်လို့ ” ကိုဝေမင်းထွန်း အသက် ၃၀ နှစ်နဲ့ ကိုဝေယံစိုး အသက် ၃၃…

Read More

အမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေး အချိန်ထပ်တိုးရင် ဆိုးကျိုးရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့သတိပေး

ကဘူး၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်မှ အမေရိကန်တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမယ့် နေ့ရက်ကို သက်တမ်းထပ်မတိုးဖို့ အမေရိကန်ကို တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။   တာလီဘန်အဖွဲ့နဲ့ သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့၀င်တွေကို သြဂုတ် ၃၀ နောက်ဆုံးထားပြီး နိုင်ငံအတွင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။   ဒါပေမယ့် သြဂုတ် ၂၄ ရက်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်တပ်ဖွဲ့၀င်များ ရုပ်သိမ်းမည့်နောက်ဆုံးနေ့ရက်ကို တိုးမြှင့်ရေးကို ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ကလိုလားနေကြပါတယ်။   အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေးအတွက် အချိန်ထပ်တိုးခြင်းပြု၊မပြုနဲ့ပတ်သက်ပြီး ၂၄ နာရီအတွင်းဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အမေရိကန်တာ၀န်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။   ဒါပေမယ့် သဘောတူညီချက်ကိုချိုးဖောက်ပြီး အမေရိကန်တပ်ဖွဲ့၀င်တွေ ဆက်ရှိနေဦးမယ်ဆိုရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။   လက်ရှိမှာတော့ အာဖဂန်မြို့တော် ကဘူးလေဆိပ်မှ လူထောင်ပေါင်းများစွာကို…

Read More

ပုလောမြို့နယ် ကော့ဒွေးမှာ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သောင်တင်သေဆုံး

သြဂုတ် ၊ ၂၄ -၂၀၂၁ ကိုတိုးကြီး (VOM)   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကော့ဒွေးကျေးရွာအရှေ့ဘက်က သဲသောင်ပြင်ပေါ်မှာ မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” တွေ့ရတဲ့ ငါးမန်းဟာ Whale Shark ဝေလ ငါးမန်း အမျိုးအစားဖြစ်တယ် ၊ ခန္ဓာကိုယ် ပေအရှည်က ၂၄ ပေ ၊ ကိုယ်ထည် လုံးပတ်က ၁၀ ပေ ၊ ပါးစပ်က ၃ ပေ ၆ လက္မ ၊ အမြီးက ၅ ပေ ၆ လက္မ ၊…

Read More
VOM News

FREE
VIEW