ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ ဗြိတိန်လေယာဉ်တင်သင်္ဘော ကွင်းအဲလိဇဘတ် ဂျပန်ရောက်ရှိနေ

တိုကျို၊ စက်တင်ဘာ-၄-၂၀၂၁
မျိုးဆက် (VOM)
 
ဗြိတိန်လေယာဉ်တင်သင်္ဘော အိပ်ခ်ျအမ်အက်စ် ကွင်းအဲလိဇဘတ်ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံတိုကျိုတောင်ပိုင်း ယိုကိုဆူကာရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ စက်တင်ဘာ ၄ ရက်မှာ ရောက်ရှိနေပါတယ်။
 
အဲဒီလေယာဉ်တင်သင်္ဘောဟာ မေလမှာ ဗြိတိန်ကနေ စတင်ထွက်ခွာခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
 
အိပ်ခ်ျအမ်အက်စ် ကွင်းအဲလိဇဘတ် လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ လအတွင်းကလည်း အိုကီနာဝါတောင်ဘက် ပင်လယ်ပြင်မှာ ဂျပန်နှဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ခဲ့ပါတယ်။
 
လက်ရှိမှာလည်း ဂျပန်တပ်ဖွဲ့၀င်တွေနဲ့ အတူ လေကြောင်း၊ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သီတင်းပတ်များစွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
 
ဒီလိုလုပ်ဆောင်မှုဟာ ရေကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် အကဲခတ်တွေက ရှုမြငကြပါတယ်။
 
ဗြိတိန်ဟာ ဂျပန်နိုင်ငံကို အာရှဒေသရဲ့ လုံခြုံရေးဆိုင်ရာအနီးကပ်မဟာမိတ်အဖြစ်ရှုမြင်ထားပါတယ်။
 
လေယာဉ်တင်သင်္ဘော ဂျပန်နိုင်ငံသို့ လာရောက်ခြင်းဟာ ပူးပေါင်းဆောင်ရွက်မှုအဆင့်တွေ တိုးမြှင်ဖို့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်လို့ ဗြိတိန်က ပြောဆိုထားပါတယ်။
 
Ref : NHK
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW