အင်းစိန်မြို့နယ် က+ခရပ်ကွက်က ရာအိမ်မှူးတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၄-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ က+ခရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဒီကနေ့နေ့လယ်၂နာရီက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   အင်းစိန်မြို့နယ် ဘုရင်နောင်လမ်းတွင်နေထို င်သူတစ်ဦးက ” ဆိုင်ကယ်နဲ့အပြင်ထွက်လာတုန်းပစ်တာ၊ ခ /၅လမ်းထိပ်မှာပစ်တာပါ၊ ခေါင်းကို လေးချက်တိတိပစ်သွားတာ ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။   သေဆုံးသူဟာ စိုးမြင့်ထွေး(ခ)အာနိုးဖြစ်ပြီးက+ခရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှုးတစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ အခင်းဖြစ်ပွားရာနေရာနဲ့ ရပ်ကွက်အတွင်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့သြဂုတ်လအတွင်းကလည်း အင်းစိန်မြို့နယ် ထွေအုပ်စာရေးဝန်ထမ်းတစ်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

မင်္ဂလာဒုံ စစ်တပ်ပိုင်နို့ချက်စက်ရုံနဲ့ မြောက်ဒဂုံရဲစခန်းဗုံးပေါက် ရဲတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၄ -၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင်နို့ချက်စက်ရုံနဲ့ မြောက်ဒဂုံမြို့မရဲစခန်းအနီးမှာ ဒီကနေ့မနက်ပိုင်းကဗုံးပေါက်ခဲ့ပြီး ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်ကျေးရွာအနီးက စစ်တပ်ပိုင်နို့ချက်စက်ရုံအနီးမှာ ဒီကနေ့မနက်က ဗုံးပေါက်မှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။   “ဗုံးပေါက်တာ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး၊ ဒါပေမယ့် ကျေးရွာမှာတော့ စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်”လို့ သူကရှင်းပြပါတယ်။   မြောက်ဒဂုံမြို့နယ် ၄၆ရပ်ကွက်အနီးရှိ မြို့မရဲစခန်းမှာလည်း မနေ့ စက်တင်ဘာ ၃ရက် ည၁၂ နာရီက ဆိုင်ကယ်စီးနင်းလာသူ လူငယ်(၂)ဦးက ဗုံးနဲ့လာရောက်ပစ်ပေါက်ရာ ပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။   မနေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင် ငပိငံပြာရည်စက်ရုံမှာ ဗုံးပေါက်ခဲ့လို့ လူတစ်ဦးဒဏ်ရာရရှိပြီး တစ်ဦးဖမ်းဆီးခံခဲ့ရပါသေးတယ်။   ပြီးခဲ့တဲ့သြဂုတ်လ အတွင်းကလည်း ရန်ကုန်မှာရှိတဲ့ စစ်တပ်ပိုင်စက်ရုံဖြစ်တဲ့…

Read More

မင်းတုန်းမှာ လူငယ်၈ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၄-၂၀၂၁ Voice Of Myanmar   မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့မှာ PDFနဲ့ဆက်သွယ်တယ်ဆိုပြီး လူငယ်၈ဦးကို မနေ့ စက်တင်ဘာ ၃ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။   ” ကလေးတွေက လူစုပြီး ချောင်းဖျားဘက်ကို ပျော်ပွဲစားထွက်လေ့ရှိတယ်၊ အခုရာသီက ရေတံခွန်တွေပေါတယ်လေ၊ သူတို့သွားရင် ဆိုင်ကနေ စားစရာတွေပါဆယ်ဘူးနဲ့ယူသွားတတ်တယ်၊ ဒလန်ကတိုင်တာ ဒလန်ကဘုန်းကြီးလို့သိရတယ်”လို့ လူလတ်ပိုင်းအရွယ် အတွင်းသိသူတစ်ဦးကပြောပါတယ်။   ဖမ်းဆီးခံရသူတွေဟာ အမှတ်၄ရပ်ကွက်အတွင်း နေထိုင်တဲ့ လူငယ်တွေဖြစ်ပြီး အသက်မပြည့်သေးတဲ့လူငယ်အများစုပါဝင်တယ်လို့ သိရပါတယ်။   ဖမ်းဆီးခံရတဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေက ဖမ်းဆီးခံရတာကိုအတည်ပြုပေမယ့် အမည်ကို မဖော်ပြစေချင်ဘူးလို့ပြောပါတယ်။   မင်းတုန်းနဲ့ရခိုင်ရိုးမကြားမှာ PDF တွေ CDMတွေရှိတယ်လို့ ထင်ကြေးပေးပြောဆိုနေမှုတွေကြောင့် အခုလိုဖမ်းဆီးကြတာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။   လူငယ်(၈)ဦးကို ဖမ်းဆီးမှုပြုလုပ်တဲ့ နေ့လယ်ပိုင်းကလည်း မင်းတုန်းမြို့နယ်၊ လက်ပံဝရွာက လူငယ်(၁)ဦးကိုလည်း သရက်PDFနဲ့ဆက်သွယ်တယ်ဆိုပြီး…

Read More

ရွှေဘိုနယ် လုံးတော်ရွာသား ၁ ဦး အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး

စက်တင်ဘာ ၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာက ရွာသား ၁ ဦးဟာ မနေ့ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက အဖမ်းခံရပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားတယ်လို့ ရွှေဘိုနယ်ခံတွေရဲ့ ဆက်သွယ်ပြောပြလို့ သိရပါတယ်။   သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတစ်ဦးက” ကိုနိုင်မျိုးကတော့ သေသွားပြီ ၊ အဖမ်းခံရပြီး နာရီပိုင်အတွင်း သေသွားတာပါ ၊ ရောဂါအခံ ရှိတယ်၊မရှိဘူးဆိုတာ ရင်ခွဲစစ်ဆေးနေတုန်းမို့ အဖြေမသိရဘူး ၊ လက်ပြင် ၊ ပေါင် နဲ့ တင်ပါးနေရာတွေမှာတော့ ရိုက်နှက်ခံထားရလို့ ဖုယောင်ညိုမဲ ဒဏ်ရာတွေရှိတယ် “လို့ ပြောပါတယ်။   စက်တင်ဘာ ၃ ရက် မနက်အစော ၂ နာရီဝန်းကျင်က ရွှေဘို အခြေစိုက် စစ်တပ်အနီးမှာ သေဆုံး ကိုနိုင်မျိုးကို…

Read More

တယ်လီနောကို၀ယ်ယူခဲ့တဲ့ M1 Group က သုံးနှစ်အတွင်း ဒေါ်လာသန်း ၃၃၀ ရင်းနှီးမြုပ်နှံမယ်

ဘေရွတ်၊ စက်တင်ဘာ-၄-၂၀၂၁ မျိုးဆက် (VOM)   တယ်လီနောရဲ့ မြန်မာနိုင်ငံကလုပ်ငန်းစုကို ၀ယ်ယူခဲ့တဲ့ လက်ဘနွန်အခြေစိုက် M1 Group ဟာ ဆက်သွယ်ရေးလုပ်ငန်းတွေတိုးချဲ့ဖို့အတွက် လာမယ့်သုံးနှစ်အတွင်း ဒေါ်လာသန်း ၃၃၀ ရင်းနှီးမြုပ်နှံ သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အဲဒီရင်းနှီးမြုပ်နှံမှု ရန်ပုံငွေတွေကို ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့ခြင်း ၊ ဘရော့ဘန်းအခြေခံအဆောက်အအုံတွေနဲ့ ၀န်ဆောင်မှုတွေအတွက် အသုံးပြုသွားမယ်လို့ M1 Group ရဲ့အမှုဆောင်အရာရှိချုပ် Azmi T. Mikati က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောပါတယ်။   တယ်လီနောဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကို M1 Group ထံ ဒေါ်လာ ၁၀၅ သန်းနဲ့ရောင်းချဖို့ ဇူလိုင်လအတွင်းမှာ သဘောတူခဲ့ပါတယ်။   စိန်ခေါ်မှုတွေရှိနေတဲ့ ပတ်၀န်းကျင်ကို ရှောင်ဖယ်နေမယ့်အစား နိုင်ငံရေးခြေအနေတွေနဲ့မဆိုင်ဘဲ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး၀န်ဆောင်မှုတွေပေးဖို့ မိမိတို့ ကတိပြုကြောင်း ၊ ဆက်သွယ်ရေးသည်…

Read More

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ ဗြိတိန်လေယာဉ်တင်သင်္ဘော ကွင်းအဲလိဇဘတ် ဂျပန်ရောက်ရှိနေ

တိုကျို၊ စက်တင်ဘာ-၄-၂၀၂၁ မျိုးဆက် (VOM)   ဗြိတိန်လေယာဉ်တင်သင်္ဘော အိပ်ခ်ျအမ်အက်စ် ကွင်းအဲလိဇဘတ်ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံတိုကျိုတောင်ပိုင်း ယိုကိုဆူကာရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ စက်တင်ဘာ ၄ ရက်မှာ ရောက်ရှိနေပါတယ်။   အဲဒီလေယာဉ်တင်သင်္ဘောဟာ မေလမှာ ဗြိတိန်ကနေ စတင်ထွက်ခွာခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။   အိပ်ခ်ျအမ်အက်စ် ကွင်းအဲလိဇဘတ် လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ လအတွင်းကလည်း အိုကီနာဝါတောင်ဘက် ပင်လယ်ပြင်မှာ ဂျပန်နှဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ခဲ့ပါတယ်။   လက်ရှိမှာလည်း ဂျပန်တပ်ဖွဲ့၀င်တွေနဲ့ အတူ လေကြောင်း၊ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သီတင်းပတ်များစွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။   ဒီလိုလုပ်ဆောင်မှုဟာ ရေကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် အကဲခတ်တွေက ရှုမြငကြပါတယ်။   ဗြိတိန်ဟာ ဂျပန်နိုင်ငံကို အာရှဒေသရဲ့ လုံခြုံရေးဆိုင်ရာအနီးကပ်မဟာမိတ်အဖြစ်ရှုမြင်ထားပါတယ်။…

Read More

မုံးကိုးမှာ စစ်ရှောင်ဦးရေပိုများလာပြီး အစားအသောက်နဲ့ ဆေးဝါး အဓိကလိုအပ်နေ

စက်တင်ဘာ ၄-၂၀၂၁ Shy V(VOM)   မြန်မာ – တရုတ် နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့မှာ စစ်ရှောင်ပြည်သူ ၇၀၀ ကျော်ထိ ရှိလာပြီး အစားအသောက်နဲ့ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ လက်ရှိ စီမံခန့်ခွဲနေသူတွေ နဲ့ ကူညီနေသူတွေဆီက သိရပါတယ်။   “အစားအသောက်တွေ လိုနေတယ်။ ကလေးလည်း အရမ်းများတယ်။ ကလေးတွေအတွက် ဆေးတွေ အရမ်းလိုနေတယ်။ မနေ့ကတော့ ထပ်တိုးမရှိဘူး။ အခင်းတွေ၊ စောင်တွေ လှူထားတာလည်း ကုန်ပြီ။ အရင်ရောက်တဲ့သူတွေကို ‌ဝေပေးလိုက်တာ နောက်ရောက်လာသူတွေအတွက် မရှိတော့ဘူး။ မလောက်တော့ဘူး။ လိုနေတယ်။” လို့ လက်ရှိ စီမံခန့်ခွဲနေသူတစ်ဦးက ပြောပါတယ်။   ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာ‌ပေါင်း ရွာ ၉ ရွာက စစ်ဘေးရှောင် အိမ်ခြေ…

Read More

ထိုင်း၀န်ကြီးချုပ်ကိုဖြုတ်ချဖို့ ပါလီမန်မှာကြိုးစားမှု မအောင်မြင်

ဘန်ကောက်၊ စက်တင်ဘာ-၄-၂၀၂၁ မျိုးဆက် (VOM)   ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ၀န်ကြီး(၅)ဦးတို့ဟာ ပါလီမန်မှာတင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲမှုကနေ စက်တင်ဘာ ၄ ရက်မှာ လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။   ၀န်ကြီးချုပ်ပရာယွတ်အတွက် ထောက်ခံမဲ ၂၆၄ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၂၀၈ မဲသာရှိခဲ့ပါတယ်။   ထိုင်းကျန်းမာရေး၀န်ကြီးအပါအ၀င် အခြား၀န်ကြီးလေးဦးဟာလည်း အယုံအကြည်မရှိအဆိုကနေ လွတ်မြောက်ခဲ့ပါတယ်။   ၀န်ကြီးချုပ်ကိုဖြုတ်ချနိုင်ဖို့အတွက် အတိုက်အခံတွေအနေနဲ့ ပါလီမန်မဲ ၄၈၂ မဲအနက် ၂၄၂ မဲလိုအပ်ပါတယ်။ အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ပြီးနောက် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ ထိုင်း၀န်ကြီးချုပ်ကပြောပါတယ်။   ပရာယွတ်ရဲ့ ထိုင်းအစိုးရဟာ ကပ်ရောဂါအပေါ် ကိုင်တွယ်မှုမှားယွင်းခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ ကာကွယ်ဆေးကြိုတင်မှာယူခြင်းမရှိတာကြောင့် ကာကွယ်ဆေးထိုးအစီအစဉ်များနှေးကွေးခြင်းနဲ့ ကာကွယ်ဆေးဖြန့်ဖြူးတဲ့ နိုင်ငံတကာအဖွဲ့ COVAX မှာမပါ၀င်တဲ့အပေါ် အတိုက်အခံလွှတ်တော်အမတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။   ထိုင်းအစိုးရဆန့်ကျင်သူတွေကတော့ စက်တင်ဘာ ၄…

Read More

ပင်လည်ဘူးမှာ အမှုစစ်သွားတဲ့ ရဲတွေ သေနတ်နဲ့ပစ်ခံရပြီး ရဲတပ်သား(၁)ဦးသေဆုံး

စက်တင်ဘာ ၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်က ရဲတွေဟာ မနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းက အမှုကိစ္စစစ်ဆေးပြီး ရဲစခန်းကို ပြန်လာတဲ့လမ်းမှာ အမည်မသိအဖွဲ့ ၁ ဖွဲ့ရဲ့ ပစ်ခတ်မှုကိုခံခဲ့ရပြီး ရဲတပ်သား(၁)ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ပင်လည်ဘူးဒေသခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ပင်လည်ဘူးပြည်သူ့ဆေးရုံး အရေးပေါ်လူနာဌာနနဲ့ နီးစပ်သူက” ဒဏ်ရာရ ရဲ ၂ ယောက်အရေးပေါ်ရောက်လာတယ် ၊ရဲတပ်သား ပီရှင်းနဲ့ ရဲတပ်သား ရာဇာထွန်းဖြစ်တယ် ၊ ညနေ ၄ နာရီဝန်းကျင်မှာ ရဲတပ်သား ပီရှင်းက ရရှိ သေနတ်ဒဏ်ရာနဲ့ သေသွားတယ် ၊ ကျန်တဲ့ရဲတစ်ယောက်ကတော့ ဆေးကုသမှုခံနေယူဆဲ “လို့ ပြောပါတယ်။   အဲ့ဒီ ရဲတွေတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေလင်းရွာခံ…

Read More

မုံရွာကြေးရုပ်အဝိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရ

စက်တင်ဘာ ၊ ၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ စစ်သားနဲ့ ရဲတွေစုဝေးရာ မြို့တော်ခန်းမအနီးက ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်မှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ကြေးရုပ်နားက လူနေအိမ်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။   ကြေးရုပ်အနီး နေထိုင်သူ တစ်ဦးက”မနေ့ညက ၇ နာရီလောက်မှာ ကြေးရုပ်အစောင့် ရဲတွေက ပစ်တာပါ ၊ ဆိုင်ကယ်နဲ့လူတွေ လဲနေတာတော့ လှမ်းမြင်ရတယ် ၊ နောက်ဆုံးအခြေအနေက သေလား၊ရှင်လား မသိရဘူး ” လို့ ပြောပါတယ်။   မုံရွာမြို့ပေါ်က လူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်းတစ်ယောက်က ” ကြေးရုပ်မှာ သေနတ်နဲ့အပစ်ခံရတဲ့ လူ ၂ ယောက်က ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာက ရေယာဥ်လုပ်သား ၂ ယောက်ဖြစ်တယ် ၊ နာမည်တွေက ကိုသန်းနိုင်စိုးနဲ့…

Read More
VOM News

FREE
VIEW