ရွှေဘိုနယ် လုံးတော်ရွာသား ၁ ဦး အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး

စက်တင်ဘာ ၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာက ရွာသား ၁ ဦးဟာ မနေ့ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက အဖမ်းခံရပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားတယ်လို့ ရွှေဘိုနယ်ခံတွေရဲ့ ဆက်သွယ်ပြောပြလို့ သိရပါတယ်။
 
သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတစ်ဦးက” ကိုနိုင်မျိုးကတော့ သေသွားပြီ ၊ အဖမ်းခံရပြီး နာရီပိုင်အတွင်း သေသွားတာပါ ၊ ရောဂါအခံ ရှိတယ်၊မရှိဘူးဆိုတာ ရင်ခွဲစစ်ဆေးနေတုန်းမို့ အဖြေမသိရဘူး ၊ လက်ပြင် ၊ ပေါင် နဲ့ တင်ပါးနေရာတွေမှာတော့ ရိုက်နှက်ခံထားရလို့ ဖုယောင်ညိုမဲ ဒဏ်ရာတွေရှိတယ် “လို့ ပြောပါတယ်။
 
စက်တင်ဘာ ၃ ရက် မနက်အစော ၂ နာရီဝန်းကျင်က ရွှေဘို အခြေစိုက် စစ်တပ်အနီးမှာ သေဆုံး ကိုနိုင်မျိုးကို စစ်သားတွေက တွေ့ရှိရတဲ့အတွက် ဖမ်းဆီးသွားပြီး ရဲတပ်ဖွဲ့ကို အပ်နှံပေးခဲ့ခြင်းဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
 
လုံးတော်ရွာသား ကိုနိုင်မျိုး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က” လုံးတော်ရွာက ကိုနိုင်မျိုး အသက် ၃၆နှစ်က ၃ ရက်နေ့ မနက် ၂ နာရီခွဲလောက်က အဖမ်းခံရတာဖြစ်တယ် ၊ ဖမ်းခံရပြီးနောက် သေဆုံးသွားတာပါ ၊ သူသေဆုံးရခြင်းဟာ ဖမ်းစဥ်က ရရှိဒဏ်ရာကြောင့် သေဆုံးတာလား ၊ အခြား ၉၆ ပါး ရောဂါခံ တခုခုကြောင့် သေဆုံးတာလားဆိုတာ ဆေးပညာရှင်တွေ စစ်ဆေးပြီးမှ အဖြေသိရမှာပါ ၊ ရွှေဘိုမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဥ် ၂၀ / ၂၀၂၁ အရ ဆောင်ရွက်ထားပါတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် လုံးတော်ရွားသား ကိုနိုင်မျိုးသေဆုံးရတာဟာ ဖမ်းဆီးသူတွေရိုက်နှက်လို့ လက်လွန်ပြီး သေရတာဖြစ်တယ်လို့ ရွှေဘိုဒေသခံတွေက ပြောဆိုနေကြပေမယ့်
ရဲဌာနကတော့ သေဆုံးသူကို ရင်ခွဲစစ်ဆေးပြီးမှ အဖြေသိရမှာလို့ ဖြေကြားထားပါတယ်။
 
VOMအနေနဲ့လည်း သေဆုံးဖြစ်စဉ်ကို ထပ်မံအတည်ပြုချက်ရရှိဖို့ ဆက်လက်စုံစမ်းနေစဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW