ထိုင်း၀န်ကြီးချုပ်ကိုဖြုတ်ချဖို့ ပါလီမန်မှာကြိုးစားမှု မအောင်မြင်

ဘန်ကောက်၊ စက်တင်ဘာ-၄-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ၀န်ကြီး(၅)ဦးတို့ဟာ ပါလီမန်မှာတင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲမှုကနေ စက်တင်ဘာ ၄ ရက်မှာ လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။
 
၀န်ကြီးချုပ်ပရာယွတ်အတွက် ထောက်ခံမဲ ၂၆၄ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၂၀၈ မဲသာရှိခဲ့ပါတယ်။
 
ထိုင်းကျန်းမာရေး၀န်ကြီးအပါအ၀င် အခြား၀န်ကြီးလေးဦးဟာလည်း အယုံအကြည်မရှိအဆိုကနေ လွတ်မြောက်ခဲ့ပါတယ်။
 
၀န်ကြီးချုပ်ကိုဖြုတ်ချနိုင်ဖို့အတွက် အတိုက်အခံတွေအနေနဲ့ ပါလီမန်မဲ ၄၈၂ မဲအနက် ၂၄၂ မဲလိုအပ်ပါတယ်။ အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ပြီးနောက် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ ထိုင်း၀န်ကြီးချုပ်ကပြောပါတယ်။
 
ပရာယွတ်ရဲ့ ထိုင်းအစိုးရဟာ ကပ်ရောဂါအပေါ် ကိုင်တွယ်မှုမှားယွင်းခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ ကာကွယ်ဆေးကြိုတင်မှာယူခြင်းမရှိတာကြောင့် ကာကွယ်ဆေးထိုးအစီအစဉ်များနှေးကွေးခြင်းနဲ့ ကာကွယ်ဆေးဖြန့်ဖြူးတဲ့ နိုင်ငံတကာအဖွဲ့ COVAX မှာမပါ၀င်တဲ့အပေါ် အတိုက်အခံလွှတ်တော်အမတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
 
ထိုင်းအစိုးရဆန့်ကျင်သူတွေကတော့ စက်တင်ဘာ ၄ ရက်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
 
မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွ၊ မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်တွေအသုံးပြုဖြိုခွဲခဲ့ပါတယ်။
 
ထိုင်းနိုင်ငံမှာ လက်ရှိချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသန ၂ သန်းကျော်ရှိနေပြီး ၁၂၀၀၀ ကျော်သေဆုံးခဲ့ကာ အများစုကတော့ ဧပြီလမှာ စတင်ခဲ့တဲ့ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။
 
Ref : CNA
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW