တယ်လီနောကို၀ယ်ယူခဲ့တဲ့ M1 Group က သုံးနှစ်အတွင်း ဒေါ်လာသန်း ၃၃၀ ရင်းနှီးမြုပ်နှံမယ်

ဘေရွတ်၊ စက်တင်ဘာ-၄-၂၀၂၁
မျိုးဆက် (VOM)
 
တယ်လီနောရဲ့ မြန်မာနိုင်ငံကလုပ်ငန်းစုကို ၀ယ်ယူခဲ့တဲ့ လက်ဘနွန်အခြေစိုက် M1 Group ဟာ ဆက်သွယ်ရေးလုပ်ငန်းတွေတိုးချဲ့ဖို့အတွက် လာမယ့်သုံးနှစ်အတွင်း ဒေါ်လာသန်း ၃၃၀ ရင်းနှီးမြုပ်နှံ သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
အဲဒီရင်းနှီးမြုပ်နှံမှု ရန်ပုံငွေတွေကို ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့ခြင်း ၊ ဘရော့ဘန်းအခြေခံအဆောက်အအုံတွေနဲ့ ၀န်ဆောင်မှုတွေအတွက် အသုံးပြုသွားမယ်လို့ M1 Group ရဲ့အမှုဆောင်အရာရှိချုပ် Azmi T. Mikati က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောပါတယ်။
 
တယ်လီနောဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကို M1 Group ထံ ဒေါ်လာ ၁၀၅ သန်းနဲ့ရောင်းချဖို့ ဇူလိုင်လအတွင်းမှာ သဘောတူခဲ့ပါတယ်။
 
စိန်ခေါ်မှုတွေရှိနေတဲ့ ပတ်၀န်းကျင်ကို ရှောင်ဖယ်နေမယ့်အစား နိုင်ငံရေးခြေအနေတွေနဲ့မဆိုင်ဘဲ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး၀န်ဆောင်မှုတွေပေးဖို့ မိမိတို့ ကတိပြုကြောင်း ၊ ဆက်သွယ်ရေးသည် အထူးသဖြင့် စိန်ခေါ်မှုရှိသည့် အခြေအနေမျိုးတွင် မရှိမဖြစ်၀န်ဆောင်မှုဖြစ်ကြောင်း Azmi T. Mikati က ပြောပါတယ်။
 
M1 Group ဟာ တောင်အာဖရိကဆက်သွယ်ရေးကုမ္ပဏီ MTN Group ၊ Pepe Jeans ဖက်ရှင်လုပ်ငန်း၊ နယူးယောက်၊ လန်ဒန်၊ ဒူဘိုင်းနဲ့ ဘေရွတ်ရှိ အိမ်ခြံမြေလုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
 
Ref : Bloomberg
Photo: Bloomberg
#voiceofmyanmar #VOM #ဘေရွတ်

Related posts

Leave a Comment

VOM News

FREE
VIEW