တီးတိန်မြို့မရဲစခန်းက ရဲအရာရှိ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ တီးတိန်မြို့ ၊ မြို့မရဲစခန်းက ရဲအရာရှိ ၁ ဦး သေနတ်နဲ့ပစ်ခံရတဲ့အတွက် မနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ် ။
 
” ဒုရဲအုပ် သန်းလင်းဦး အသက် ၃၇ နှစ် ဖြစ်ပြီး ကျည်ဆံထိမှန် ဒဏ်ရာ ၃ ချက်နဲ့ သေဆုံးသွားတာပါ ” လို့ တီးတိန်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ကပြောပါတယ်။
 
အခုလ ၄ ရက်နေ့က တီးတိန်မြို့မရဲစခန်းမှူး ဦးဆောင်တဲ့ လှည့်ကင်းအဖွဲ့မှာ သေဆုံးသူ ဒုရဲအုပ်သန်းလင်းဦးလိုက်ပါခဲ့ပြီး တီးတိန်မြို့အဝင် ကြိုဆိုပါ၏ဆိုတဲ့ နေရာဘက်ကို လှည့်ကင်းသွားရောက်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျည်ဆံမှန် ဒဏ်ရာ ၃ ချက်ရပြီးနောက် မနေ့က သေဆုံးသွားတာဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်မှာ ဘဏ်လုံခြုံရေးတာဝန်ကျ တီးတိန်ရဲစခန်းက ရဲဝန်ထမ်း ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။
 
ပုံစာ -သေဆုံးသူ ရဲအရာရှိလိုက်ပါခဲ့တဲ့ကား ကျည်ဆံထိမှန်ထားတာကို မြင်ရပုံ
#voiceofmyanmar #VOM #တီးတိန

Related posts

Leave a Comment

VOM News

FREE
VIEW