ရန်ဖြစ်နေတာကို ဝင်ဖျန်ဖြေပေးတဲ့ ယာဥ်ထိန်းရဲ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စက်တင်ဘာ ၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားလို့ မနေ့ စက်တင်ဘာ ၅ ရက် ညပိုင်းက ယာဥ်ထိန်းရဲတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ လောက်ကိုင်မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” မနေ့ညက တပ်ဖွဲ့စုရုံးဝန်းထဲမှာ ယာဥ်ထိန်းရဲ အချင်းချင်း စကားများရန်ဖြစ်နေတာကို ကိုလှမင်းအောင်က ကြားဝင်ဖျန်ဖြေပေးတာ ၊ အဲ့ဒါကို ကျေနပ်မှုမရှိလို့ ယာဥ်ထိန်းရဲ ကုလားကြီး ( လောက်ကိုင် ဒေသအခေါ် နာမည်ပြောင်)က သေနတ်နဲ့ ကိုလှမင်းမောင်ကို ၁ ချက်ပစ်လိုက်တာ၊ အဲ့ဒါကြောင့် ကိုလှမင်းအောင် ကျည်ထိပြီး သေသွားတာ ” လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပါတယ် ။
 
သေဆုံးသူ ကိုလှမင်းအောင် အသက် ၄၀ နှစ်ရဲ့ ရုပ်အလောင်းကို ကရုဏာဟဒယလူမှုကူညီရေး အသင်းက နောက်ဆုံး မီးသဂြိုလ်တဲ့အထိ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အချင်းချင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ယာဥ်ထိန်းရဲကိုလည်း အမှုဖွင့်အရေးယူဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
 
သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတဲ့ ယာဥ်ထိန်းရဲ ကိုလှမင်းအောင်ဟာ ၂၀၀၈ ခုနှစ်အရှေ့ပိုင်းက လောက်ကိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရခဲ့ဖူးပေမယ့် မသေဘဲ အသက်ရှင်ခဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်း သေဆုံးသူရဲ့ မိတ်ဆွေတွေက ပြောပြပါသေးတယ်။
 
ပုံစာ -ယာဥ်ထိန်းရဲ လှမင်းအောင်ရဲ့ နာရေးမြင်ကွင်းပုံ
#voiceofmyanmar #VOM #လောက်ကိုင် #ယာဉ်ထိန်းရဲ #သေနတ်ပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW