ဒီပဲယင်းနယ်မှာ ဒုရဲအုပ်ရဲ့ မိဘ ၂ယောက်လုံးဓားခုတ်ခံရလို့ သေဆုံး

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းက ဒုရဲအုပ်၁ ဦးရဲ့ မိဘ ၂ ပါးကို အမည်မသိ လူတစုက နေအိမ်ထဲဝင်ပြီး ဓားနဲ့ ဝိုင်းခုတ်တဲ့အတွက် ၂ယေညက်စလုံး သေသွားတယ်လို့ ဒီပဲယင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဗိုလ်လေး ချမ်းမြေ့သူရဲ့ အဖေနဲ့ မိထွေး ၂ ယောက်စလုံး အသတ်ခံလိုက်ရတာ ” လို့ ဒီပဲယင်း ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
ပဲခူးတိုင်း တောင်ငူမြို့ နယ်မြေရဲစခန်းမှာ အလုပ်သင် တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ် ချမ်းမြေ့သူရဲ မိဘ နှစ်ပါးဖြစ်တဲ့ ဦးခင်မောင်အေး အသက် နဲ့ ဒေါ်မူမူဝင်း တို့ ၂ ယောက်ဟာ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှာ နေထိုင်ရင်း အခုလို ဓားခုတ်ခံရတဲ့ အတွက် သေဆုံးသွားတာဖြစ်တယ်လို့ ညောင်လှဒေသခံတွေဆီက သိရပါတယ်။
 
” သေးဆုံးသူဦးခင်မောင်အေးနဲ့ ဒေါ်မူမူဝင်းတို့က ရွာမှာ စျေးရောင်းတယ်၊ အမုန်းပွား ရန်ငြိုး ရန်စ ရှိတယ်လို့တော့ မကြားမိဘူး ၊ နိုင်ငံရေး အရှုပ်အရှင်းထဲလည်း ပါတာမတွေ့ရဘူး ၊ တခုရှိတာက သူ့သားက ရဲအရာရှိဆိုတဲ့ ကိစ္စကြောင့်လို့ ဖြစ်တာထင်တယ် ” လို့ သေဆုံးသူတွေနဲ့ နီးစပ်သူ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ကွင်းဆင်းစစ်ဆေးပြီးမှ အတည်ပြုပြောကြားနိုင်မယ် ၊ လောလောဆယ်တော့ ဘာမှ ပြောလို့ မရသေးဘူးလို့ ဖြေကြားပါတယ်။
 
စက်တင်ဘာ ၄ ရက်ကလည်း ရွှေဘိုခရိုင် တန့်ဆည်မြို့ ၊ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်​နေတဲ့ ရဲဝန်ထမ်း ၂ ယောက်ဟာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် ၂ ယောက်စလုံး သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #ဒီပဲယင်း #ရဲအရာရှိမိဘ၂ယောက်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW