ပေါင်းတည်က ရာအိမ်မှူးအိမ် ဗုံးပေါက်ပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၈-၂၀၂၁
CKC (VOM)
 
ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ကံငယ်အုပ်စု၊ ကံငယ်ရွာမှာ မနေ့ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက ရာအိမ်မှူးနေအိမ်ထဲကို ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကံငယ်ရွာဒေသခံတွေဆီက သိရပါတယ်။
 
” ည က ဆွေမျိုးတွေ ၊မိသားစုတွေ TV ကြည့်နေချိန် နေအိမ်ပြတင်းပေါက်ကနေ အပေါက်ခံရပြီး ပေါက်ကွဲတယ်။ တဦးက နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ ၆ ဦး ဆေးရုံရောက်တယ်။ ဆေးရုံမှာ နောက်ထပ်တစ်ဦးထပ်သေတယ်”လို့ ဒေသခံကပြောပြပါတယ်။
 
သေဆုံးသွားသူ ၂ ဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပြီး ဘယ်သူတွေလာရောက်ပစ်ခတ်သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
 
လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရာအိမ်မှူး အပါအဝင် ဒဏ်ရာရသူတွေကို ပေါင်းတည်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
 
စက်တင်ဘာ ၆ ရက်နေ့ကလည်း ပေါင်းတည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဝန်ထမ်းအိမ်ယာမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပေါင်းတည်

Related posts

Leave a Comment

VOM News

FREE
VIEW