ပုဂံရှိ ဆင်ကဘုရားအပေါ်က ခြင်္သေ့အပေါ်ပိုင်းပြိုကျမှုဖြစ်ပွား

စက်တင်ဘာ ၁၁-၂၀၂၁
CKC (VOM)
 
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဘုရားအမှတ် ၁၀၄၂ ၊ ဆင်ကဘုရား ရဲ့အပေါ် အနောက်တောင်ထောင့်က ခြင်္သေ့အပေါ်ပိုင်းပြိုကျမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကနေ သိရပါတယ်။
 
” ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ ရွာတဲ့မိုးကြောင့် ပြိုကျခဲ့တာ၊ အပေါ်က ခြင်္သေ့ခေါ်မှာပေါ့။ အနောက်တောင်ဒေါင့်ရဲ့ခြင်္သေ့အပေါ်ပိုင်းပေါ့။မများပါဘူး။ပြိုတာတော့မဟုတ်ဘူး နည်းနည်းပဲ့ကျတာပေါ့။ကွင်းဆင်းကြည့်ပြီး တိုင်းပြီးပြီ မှတ်ပြီးပြီ ထိန်းဖို့လုပ်နေပါပြီ။ ရေစိမ့်တာလေးတော့ရှိတယ်။ဒီမှာမိုးကများနေတာ။ ” လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောပါတယ်။
 
ဆင်ကဘုရားဟာ ပုဂံမြို့ ၊ ကျန်စစ်နယ်မြေ ၊ရွှေလောင်းရပ်ကွက်မှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ပုဂံမှာ မိုးရွာသွန်းမှုများတာကြောင့် သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်ပွားခဲ့သလို ၊ ဘုရားအမှတ် ၉၀၂ နံရံပြိုကျခဲ့တာလည်းရှိကြောင်း ၊ စက်တင်ဘာ ၆ ရက်တုန်းကလည်း အုတ်တိုက်အမှတ် ၁၃၁၅ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါပြီး အားလုံးကို အင်ဂျင်နီယာအဖွဲ့တွေနဲ့ ထိန်းသိမ်းမှုတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ထဲမှာ ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း မိုးသည်းထန်စွာရွာသွန်းပါက ဘုရားအချို့ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပုဂံ

Related posts

Leave a Comment

VOM News

FREE
VIEW