မုံရွာ၊ မုံရွေးရွာသား ၁၁ ​ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ( VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ မန္တလေး ကားလမ်းဘေးက မုံရွေးရွာထဲကို စက်တင်ဘာ ၁၀ရက်ညက စစ်သားနဲ့ ရဲတွေက နေအိမ်တချို့ ဝင်ရောက်ရှာဖွေတာတွေလုပ်ပြီး ဖမ်းဆီးသွားတယ်လို့ မုံရွေးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မနေ့ည ၁၀ နောက်ပိုင်းမှာ ရွာထဲကို ဝင်လာပြီး အိမ်တွေကိုရှာတယ် ၊ နောက်ပြီး ရွာက ကိုမျိုးသက် အပါအဝင် လူ ၁၁ ယောက်ကို ဖမ်းသွားတယ် ၊ အဖမ်းခံရတဲ့ လူတွေနဲ့ပတ်သက်ပြီး အခုမှ ဘယ်သူတွေပါတယ်ဆိုတာ လုပ်နေကြတုန်း ” လို့ မုံရွေးရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ မုံရွေးရွာဟာ မုံရွာမြို့နယ်ထဲက ကျေးရွာတွေအနက် ညသပိတ် ဆန္ဒပြ လှုပ်ရှားမှု ရက်ပေါင်းအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ရွာဖြစ်ပါတယ်။
 
ဒါ့အပြင် မုံရွေးရွာက လူ ၁၁ ယောက် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ ကောင်စီအဖွဲ့ဝင် တာဝန်ရှိသူ တစ်ဦး ဖြေကြားပြောဆိုတာက
 
” မုံရွေးရွာက လူ ၁၁ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ လက်လုပ်မိုင်းတွေနဲ့အတူ ဖမ်းဆီးရမိတာ ရှိတယ် ၊ ကျန်တဲ့ အခြေအနေကို ပြောဖို့ အချိန်စောပါသေးတယ် ” လို့ ဖြေပါတယ်။
 
မုံရွာမြို့နယ်ရဲ့ တောင်ဘက်နယ်မှာ ပါဝင်တဲ့ မုံရွေးရွာနဲ့ ကြေးမုံရွာဟာ ပန်းပဲပညာနဲ့ စာပေအနုပညာထွန်းကားပြီး အသေးစား အိမ်တွင်းမှု လက်မှုထုတ်ကုန် အများအပြားထုတ်လုပ်ပေးတဲ့ ရွာတွေဖြစ်ပါတယ်။
 
#voiceofmyanmar #vom #မုံရွာ #မုံရွေး
 
ပုံစာ-မုံရွေးစည်းခုံကြီးစေတီတော် (wikipedia )

Related posts

Leave a Comment

VOM News

FREE
VIEW