မြင်သာ က.ည.နရုံးနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်တဲ့ကလေးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၂-၂၀၂၁
CKC (VOM)
 
ရန်ကုတ်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ မြင်သာ က.ည.န ရုံးနားက အမှိုက်ကန်မှာ ဒီကနေ့ မနက် ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှိုက်ကောက်တဲ့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ဥက္ကလာဒေသခံတစ်ဦးက ပြောပါတယ်။
 
” ပေါက်ကွဲသံကြားလိုက်တယ် ။ အဲ့ဒီနောက် ဘယ်ကလဲဆိုပြီးလိုက်စုံစမ်းတော့ လိုင်စင်ရုံးနားကအမှိုက်ပုံကပေါက်တာလို့သိရတယ်။ အဲ့ဒီမှာ ကလေးတစ်ယောက် အမှိုက်ကောက်တာကို ထိသွားတယ်။နောက်ပြီး Deli ပို့တဲ့ ကောင်လေးတစ်ယောက်လည်း ထိတယ်ကြားတယ်။ အဲ့ဒီနားကသူငယ်ချင်းကို လှမ်းမေးကြည့်ထားတာ သိရသလောက်ပေါ့ ” လို့ တောင်ဥက္ကလာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
 
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးဟာ မျက်လုံးထိခိုက်သွားပြီး ထိခိုက်မှုဖြစ်ပြီးနောက်ပိုင်း ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးခန်းက ဆေးကုသမှုပေးခဲ့တယ်လို့လည်း တောင်ဥက္ကလာမှာနေထိုင်သူကပြောပါတယ်။
 
အဲ့ဒီနောက်မှာတော့ ပေါက်ကွဲမှုဖြစ်ရာနေရာကို စစ်တပ်ကရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ် ။
 
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာက က.ည.နရုံးကတော့ပိတ်ထားတာကြာပြီဖြစ်ပါတယ်။
 
“ရုံးရဲ့ထွက်ပေါက်ဘက်မှာပေါ့အမှိုက်ကန်က ၊လိုင်စင်ရုံးမီးပွီုင့်နဲ့နိးတာပေါ့။ ရုံးကတော့ပိတ်ထားတယ်။ မနက်ဖန်ရုံးပြန်ဖွင့်မယ်ကြားတယ်။ “လို့ ယာဉ်လိုင်စင်လျှောက်တာနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောပါတယ်။
 
မနက်ဖန် စက်တင်ဘာ ၁၂ ရက်ကစပြီး က.ည.န ရုံးတွေပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာချက်ထုတ်ထားတာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနီး ဗုံးပေါက်ကွဲမှုမှာလည်း အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ဦး ထိခိုက်မိပြီး လက်ဖြတ်လိုက်ရတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။
 
Photo-CJ
#voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက် #ကလေးငယ#အမျိုးသား #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW