စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ကားတန်း ဖြတ်သန်းချိန် လမ်းဘေးမိုင်းတွေ ပေါက်ကွဲ

စက်တင်ဘာ ၁၃ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ကျော်နဲ့အတူ အစိုးရအဖွဲ့ ဝန်ကြီးတွေ လိုက်ပါစီးနင်းလာတဲ့ ကားတန်းဟာ မုံရွာခရိုင် ဘုတလင်မြို့နယ် မုံရွာ ဘုတလင် ရေဦးသွားကားပေါ် ဖြတ်သန်းမောင်းနေတဲ့အချိန် ကားလမ်းဘေးမိုင်းတွေ ပေါက်ကွဲခဲ့တယ်လို့ ဘုတလင်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရသည်။
 
” ဝန်ကြီးချုပ် ကားတန်းဖြတ်သွားပြီး မိနစ်ပိုင်းလေးအတွင်းမှာ ပေါက်ကွဲသံ ၂ ချက်ကြားလိုက်ရတယ် ၊ မိုင်းပေါက်ကွဲတဲ့ ကားလမ်းဘေး မြေသားနေရာမှာ အကျယ်က လေးငါးပေ လောက်ရှိပြီး အနက်က ၁ ပေလောက်ရှိတဲ့ ကျင်းကြီးဖြစ်နေတာ အခုထိရှိတယ် ” လို့ အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ နေရာအနီးက ဇီးတောရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့ နေရာဟာ ဘုတလင်မြို့နယ် မန္တလေး မုံရွာ ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၉၇ / ၆ နဲ့ ၇ အကြား ဘုတလင်ဘက်ကနေ မုံရွာဘက်ကိုလာရင် လမ်းရဲ့ ဘယ်ဘက်မှာ ပထမ ပေါက်ကွဲတဲ့ မိုင်း ၁ လုံးနဲ့ ခပ်လှမ်းလှမ်းနေရာ လမ်းညာဘက်မှာ ဒုတိယ မိုင်း ၁ လုံး နောက်ထပ်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့အတူ တခြားဝန်ကြီးတွေ စီးနင်းလိုက်ပါလာတဲ့ ကား ၁၅ စီးပါတဲ့ ယာဥ်တန်းဟာ အခုလ ၁၁ ရက် မနက်ပိုင်းက ဘုတလင်မြို့နယ်ထဲက အင်းတော်မြစ်ရေတင် စီမံကိန်းနဲ့ တောင်သူတွေ ထောက်ပံငွေ ပေးတဲ့ အခမ်းအနားတက်ရောက်ပြီး မုံရွာမြို့က အစိုးရရုံးရှိရာကို အပြန်မှာ အခုလို ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်တာကြောင့် ဝန်ကြီးချုပ်ရဲ့ ကားတန်းဟာ ထိခိုက်ပျက်စီးတာတွေ မရှိခဲ့ပေမယ့် အနီးနားရွာတွေကတော့ ပေါက်ကွဲသံတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲတာတွေဖြစ်တဲ့နေရာနားမှာ မပေါက်ကွဲသေးတဲ့ ရှော့တိုက်မိုင်းတွေ နောက်ထပ် သိမ်းဆီးရမိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဘုတလင#စစ်ကိုင်းတိုင်းဝန်ကြီးချုပ်
 
ပုံစာ ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ကားတန်းဖြတ်တဲ့အချိန် ပေါက်ကွဲခဲ့နေရာ

Related posts

Leave a Comment

VOM News

FREE
VIEW