လှည်းကူးမှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ အမျိုးသမီး ဒုတ်ိယအကြိမ်သေနတ်ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၄-၂၀၂၁
CKC ( VOM )
 
လှည်းကူးမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သတင်းပေးလိုနာမည်ထွက်နေတဲ့ အမျိုးသမီးတစ်ဦး ဒုတိယအကြိမ်မြောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ပမထအကြိမ် ပစ်ခတ်ခံရချိန်မှာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရရှိမှုမရှိခဲ့ဘဲ ဒီကနေ့ ဒုတိယအကြိမ်ပစ်ခတ်မှုမှာမှ ဦးခေါင်းပွင့်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
“လှည်းကူး ရုံးဟောင်းလမ်းမှာ အမျိုးသမီး ၁ ဦး ဦးခေါင်းကို အပစ်ခံရပြီး သေဆုံးသွားတယ်။ သူက ပထမအခါ အပစ်ခံခဲ့ရပေမယ့် ဘာမှမဖြစ်ဘူးလို့သိရတယ်၊ အခု ဒုတိယအကြိမ် လာပစ်မှ ခေါင်းပွင့်သေဆုံးတာပေါ့”လို့ လှည်းကူးဒေသခံကပြောပါတယ်။
 
သေဆုံးသူအမျိုးသမီးကို ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းက လှည်းကူးမြို့နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
” ကျနော်တို့ကိုဖုန်းဆက်တာနဲ့ သွားပြီး သယ်လာပြီး လှည်းကူးဆေးရုံကိုပို့ပေးခဲ့တာ။ ကျန်တာတော့ သေချာမသိဘူး။အချိန်ကတော့ ၁ နာရီလောက်ဖြစ်မယ် ” လို့ ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းသားတစ်ဦးကပြောပြပါတယ်။
 
လှည်းကူးအပါအဝင် ရန်ကုန်တိုင်းထဲက တခြားမြို့နယ်တွေနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာလည်း အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်၊ သတင်းပေးလို့နာမည်ထွက်နေသူတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားတာတွေလည်း ရှိနေပါတယ်။
 
#voiceofmyanmar #VOM #လှည်းကူး

Related posts

Leave a Comment

VOM News

FREE
VIEW